Channel Myanmar

Atanas Srebrev

Subservience (2024) 5.4
Subservience (2024) Subservience (2024)မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။မင်းသားနဲ့မင်းသမီးဖန်တွေအတွက်တော့ ဒါက ရှယ်ကြမ်း ရှယ်လန်းတဲ့ကားပေါ့နော်..ဇာတ်လမ်းကတော့ Sci-Fi , Thriller အမျိုးအစားဖြစ်ပြီး စူးရှတဲ့သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာမျိုးပါ။အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိတဲ့နောက်မှာ..AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ရှုပ်ထွေးမှုတွေကိုပါ အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့..။ File size… (4.1 GB) / (1.4 GB) / (654 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Sci-Fi, Thriller Duration….01:46:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Inzali
movie

Subservience (2024)

2024
4K HEVC
Flight Risk 6.0
Flight Risk  Flight Risk (2025)IMDb Rating (5.5) မင်းသားကြီး မာ့ခ်ဝါးဘက်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်လာပါပြီ။လူနည်းနည်းနဲ့ အသက်လုရတဲ့အမျိုးအစားမို့ သည်းထိပ်ရင်ဖိုကြိုက်သူတွေ အကြိုက်တွေ့ကြမှာပါ။ ဒါရိုက်တာက မဲလ်ဂစ်ဆင် ပါ။မင်းသမီးကတော့ The Gentlemen ရုပ်ရှင်ထဲက Michelle Dockery မို့အလန်းပါပဲ။Spider-Man 3 ထဲမှာ Venom လုပ်ခဲ့တဲ့ Topher Grace လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***********ယူအက်စ်မာရှယ် ရဲအရာရှိ မဒိုလင်ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီးမိုရက်တီ ရဲ့ စာရင်းကိုင် ဝင်စတန် ကို အလက်စကာပြည်နယ်ထဲကလူမရှိတဲ့နေရာတစ်ခုမှာ ပုန်းနေတာကို အမိဖမ်းနိုင်လိုက်ပါတယ်။သူ့ကို သက်သေထွက်ဆိုခိုင်းနိုင်ရင် မိုရက်တီကိုလည်း ထောင်ထဲတစ်သက်လုံးထည့်နိုင်ပြီမို့ သူ့ကို လေယာဉ်တစ်စီးငှားပြီး သယ်လို့ဖို့ကြိုးစားပါတော့တယ်။လမ်းခရီးမှာ စာရင်းကိုင် သက်သေခံကို လေယာဉ်ပေါ်က အသက်ရှင်လျင် မဆင်းနိုင်ဖို့ မျိုးစုံတားဖို့ ကြိုးစားမဲ့အထဲကမှ ဘယ်လိုအသက်ရှင်အောင် ရုန်းကန်ရမလဲ တွေ့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(7.3 GB) / (1.45 GB) ...
movie

Flight Risk

2025
4K HEVC
Ninja (2009) 5.5
Ninja (2009)  ဒီဇာတ်ကားကတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။Scott Adkins, Tsuyoshi Ihara, Mika Hijii တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Isaac Florentine ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း….Casey ဆိုတဲ့ အနောက်တိုင်းသားကောင်လေးတစ်ယောက်က အခြေအနေအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးတော့ နင်ဂျစ်စု သိုင်းကို သင်ကြားနေသူတစ်ဦးပါ။သူ့ရဲ့ဆရာဖြစ်သူဟာ သူ ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာနင်ဂျာလက်နက်တွေနဲ့ ဝတ်စုံတွေဟာ Casey နဲ့သာထိုင်တန်တယ်လို့တွေးထားသူပါ။ဒါပေမယ့် Masazuka ဆိုတဲ့ နောက်ကျောင်းသားတစ်ယောက်ကတော့ သူနဲ့သာ ထိုက်တန်တယ်လို့ ထင်နေခဲ့ပါတယ်။တစ်နေ့မှာတော့ Masazuka ဟာ Casey ကိုတိုက်ခိုက်ခဲ့ပြီး Casey ရဲ့ ပြန်ခုခံမှုကြောင့် Masazuka ဟာ ဒဏ်ရာရသွားခဲ့ပြီး သူ့ဆရာရဲ့ အပြစ်ပေးချင်းကိုပါခံခဲ့ရပါတယ်။အဲ့ဒိနောက် Casey ဟာ အမေရိကန်နိုင်ငံကို အဲ့ဒိဒဏ္ဍာရီလာ လက်နက်တွေကို ယူဆောင်သွားဖို့ဖြစ်လာပြီးMasazuka ဟာလည်း လက်နက်တွေကို ပြန်ယူဖို့ ကြိုးစားပါတော့တယ်။ဘယ်သူက နောက်ဆုံးမှာ ...
movie

Ninja (2009)

2009
Company of Heroes (2013) 5.0
Company of Heroes (2013)    Company of Heroes (2013) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလအကြောင်းကိုစိတ်ကူးယဥ်ရိုက်ပြထားတဲ့ စစ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၄ ခုခရစ်စမတ်ကာလမှာ ဂျာမနီကိုမဟာမိတ်တပ်တွေနဲ့ ဆိုဗီယက်တပ်နီတော်တို့က ဝိုင်းထားလိုက်ပါပြီ။ဟစ်တလာကတော့ ဂျာမန်ပြည်သူတွေကိုစွမ်းအားပြင်းလက်နက်တစ်ခုနဲ့အနိုင်ပြန်ယူမယ်လို့ကတိပေးထားခဲ့ပါတယ်။ထိုအချိန် Ardennes ဒေသမှာ ဂျာမန်စစ်သားတွေမရှိတော့ဘူးလို့ယူဆတဲ့ လက်ဖတင်နင်ကွန်တီက ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ကိုရှေ့တန်းစစ်စခန်းကို ခရစ်စမတ်ဝက်ပေါင်ခြောက်ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ဟာနှင်းတော့ကိုဖြတ်သွားရင်းနဲ့ ဂျာမန်တင့်ကားစစ်ကြောင်းနဲ့ထိပ်တိုက်တိုးခဲ့ပါတယ်။ထို့နောက်သူတို့ဟာ ဂျာမန်တွေရဲ့အနောက်ဖက်ကိုရောက်သွားပြီးတော့ ဌာနကိုပြန်ဖို့လုပ်ရင်းနဲ့ ဂျာမန်တွေရဲ့လက်နက်စမ်းသပ်တဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ထိုနေရာဟာ မွဲစာကြဲနေတာကိုတွေ့ရှိရပြီးတော့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ(အိုအက်စ်အက်စ်) တပ်သားတစ်ယောက်နဲ့တွေ့ရှိခဲ့ပါတယ်။ထိုသူကဂျာမန်တွေ အနုမြုဗုံးစမ်းသပ်တာကိုစုံစမ်းနေတာဖြစ်ပြီး သေခါနီးဖြစ်နေပါပြီ။သူကပထမစစမ်းသပ်တဲ့ဗုံးကမအောင်မြင်ခဲ့ပဲ နောက်ထပ်စမ်းသပ်မှုကိုတားနိုင်ဖို့ သူ့ရဲ့စစ်ဆင်ရေးကိုဆက်လုပ်ဖို့ Stuttgart မြို့ကိုသွားမဲ့ရထားပေါ်ကလူကို လျှို့ဝှက်စာတွေပို့ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဒီတော့ ဆာဂျင်မက်သီဆင်ရဲ့တပ်ဖွဲ့ ဒီစစ်ဆင်ရေးကိုဆက်လက်လုပ်ဆောင်နိုင်မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာကို‌ဆက်လက်ကြည့်ရှူကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။)File size…(2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, War Duration….01:41:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by AKM
movie

Company of Heroes (2013)

2013
After We Fell (2021) 5.1
After We Fell (2021) 2019 မှာ အရမ်းအောင်မြင်ခဲ့တဲ့ After ဇာတ်ကားကတော့ 2020 မှာတော့ After we collided ဆိုတဲ့ ဒုတိယကားနဲ့ ဆက်လက်အောင်မြင်ခဲ့ပြန်ပါတယ် အခု 2021 မှာလည်း After we fell ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါပြီ ဒီတစ်ခါမှာတော့ ဟာဒင်နဲ့ တက်ဆာ ဘွဲ့ရခါနီး အချိန်ဆိုတော့ ဘဝရည်မှန်းချက်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပါလာပါပြီအရင်ကတည်းက ရည်မှန်းချက်ကြီးတဲ့ တက်ဆာတစ်ယောက် သူအမြဲသွားချင်ခဲ့တဲ့ စီရာတယ်မှာ job offer ကောင်းကောင်းရလာပါတယ်သူက ဟာဒင်နဲ့အတူ စီရာတယ်ကို သွားချင်ပေမဲ့ ဟာဒင်ကတော့ ဘွဲ့ရပြီးတာနဲ့ နှစ်ယောက်အတူ လန်ဒန်ကို သွားကြဖို့ ရည်ရွယ်ထားခဲ့တာပါဒီလို စိတ်ကူးအိပ်မက်တွေ မတူညီမှု ကြုံလာရတဲ့အခါ တက်ဆာတစ်ယောက် ဘယ်လိုဆုံးဖြတ်မှာလဲဟာဒင်ကရော သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုက်လိုက်လျောလျော ခွင့်ပြုပေးပါ့မလား Relationship တွေမှာ ကြုံလေ့ရှိတဲ့ ဒီလိုအခက်အခဲတွေကို နှစ်ယောက်သား ဘယ်လို ညှိနှိုင်း‌ဖြေရှင်းသွားကြမလဲဆိုတာကို ...
movie

After We Fell (2021)

Thick as Thieves (2009) 6
Thick as Thieves (2009) Thick as Thieves (2009)ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ...
movie

Thick as Thieves (2009)

2009
In Hell (2003) 6.2
In Hell (2003) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထောင်ဇာတ်လမ်းကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အပြင် တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသားကြီး Van Damme ရဲ့ ဇာတ်ကားဖြစ်တဲ့ In Hell ဆိုတဲ့ ဇာတ်ကားပါ ။In Hell ဆိုတဲ့အတိုင်း ထောင်တွင်း လာဘ်စားမှု့တွေ ၊ ထောင်တွင်း လူမိုက်ဂိုဏ်းတွေရဲ့ အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု့တွေ အပြင် ထောင်ဆိုတာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကိုပါ သေချာရိုက်ပြထားတာပါ ။ဇာတ်လမ်းကတော့...မင်းသားကြီး Van Damme က လူရိုးလူအေး စက်ရုံအလုပ်သမားတစ်ယောက်ပါအလုပ်မအားလို့ မိန်းမဆီကို တစ်လတစ်ခါမှ ပြန်လာဖြစ်ပြီး တစ်နေ့မှာတော့ သူပြန်ရောက်ရောက်ချင်း သူ့မိန်းမ အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်လူသတ်သမားကိုဖမ်းမိပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း ကွင်းလုံးကျွတ်လွတ်သွားကို ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ တရားရုံးထဲမှာတင် တရားခံကို ရဲဆီကသေနတ်ယူပြီး ပစ်သတ်လိုက်တာကြောင့် Van Damme က ထောင်တစ်သက်တစ်ကျွန်းကျ သွားတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။သူရောက်တဲ့ထောင်က ထောင်တစ်ကာ့ထောင်တွေထဲ အဆိုးရွားဆုံးထောင်ပါထောင်တွင်း သတ်ကွင်းတွေ ၊ ...
movie

In Hell (2003)