Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Assim Jamal
7.1
Alappuzha Gymkhana (2025)
Alappuzha Gymkhana (2025)"အာလာပူဇာ အားကစားရုံ" ==============================================ဘောက်ဆင်ဖိုက်တင်ခန်းတွေကြည့်ရတာကြိုက်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အားကစား ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ Manjummel Boys လိုမျိုး ငယ်သူငယ်ချင်းတွေကိုလွမ်းစရာ သည်းထိတ်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခါလစ်ရာမန်က ပဲ့ကိုင်ထားတာပါ။ဇာတ်လမ်းကတော့ အပြင်ကျောင်းတစ်ကျောင်းမှာ တက်ပြီး ကောလိပ်ဝင်ခွင့်ဖြေနေတဲ့ သူငယ်ချင်းတစ်သိုက် အုပ်စုလိုက်ကြီး စာမေးပွဲကျကြပါတယ်။သူတို့သူငယ်ချင်းအဖွဲ့ဟာ စာလည်းမလုပ်၊ ကောလိပ်ဝင်ဖို့လည်းဂရုမစိုက်ဘဲ အရက်သောက်လိုက် စော်ပတ်လိုက်နဲ့ အာဝါဒါးလုပ်နေကြတာပါ။ဒါပေမဲ့ သူတို့ထဲက သူငယ်ချင်းတစ်ယောက်က ကံကောင်းထောက်မပြီး ကောလိပ်ဝင်ခွင့်အောင်သွားတဲ့အတွက် မခံချင်စိတ်နဲ့ စာမလုပ်နိုင်ရင်လည်း အားကစားလုပ်နိုင်တယ်ဆိုပြီး ဘောင်ဆင်လို့ခေါ်တဲ့အင်္ဂလိပ်လက်ဝှေ့ထိုးဖို့ကြံစည်ပြီး သူတို့မြို့က အားကစားရုံမှာ စာရင်းသွားသွင်းကြပါတယ်။ပြည်နယ်အဆင့် အားကစားသမားဖြစ်ရင် အော်တိုမစ်တစ် ကောလိပ်ဝင်ခွင့်ရတဲ့သဘောရှိတဲ့အတွက် သူတို့လေလွင့်ကျောင်းသားတစ်သိုက် ကောလိပ်ဝင်ဖို့ကြိုးစားရင်း ဝါသနာကို ရှာတွေ့သွားပုံတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ၊ လက်ဝှေ့ထိုးခန်း ခပ်မိုက်မိုက်တွေကို စိတ်အားတက်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တဲ့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4 GB / 1.2 GB Quality…WEB DL 1080p HEVC / ...
movie
Alappuzha Gymkhana (2025)
8.9
Identity (2025)
Identity (2025) ဖြစ်တည်မှုCM Bollywood ပရိသတ်ကြီးအတွက် ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့ မလေယာလမ်းစကားပြော အိန္ဒိယကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေတစ်ယောက်အဖေတစ်ယောက် အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာ ဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်….နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းမှာ ကင်မရာခိုးထားပြီး ကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့ အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေက အရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချလိုက်ပါတယ်ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်း ဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲ ဆက်လက်ရှုစားနိုင်ဖို့ မနှေးလေးတင်ဆက်ပေးပါရစေ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 3.64 GB / 1.7 GB / 900 MB Quality…4k HEVC / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Identity (2025)
4K HEVC
7
Abraham Ozler (2024)
Abraham Ozler (2024) "အဘေရာဟမ် အိုဇလာ"IMDb 7 ရထားတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ နန်းတွင်းကား Ponniyin Selvan နှစ်ကားမှာ ပါဝင်ခဲ့တဲ့ Jayaram၊ မလေယာလမ် regular တစ်ယောက်ဖြစ်တဲ့ Mammootty နှင့်အတူ ရှေ့နေကား Neru ထဲက မင်းသမီး Anaswara Rajan တို့ ပါဝင်အားဖြည့်ထားပါတယ်ဒု-ရဲမှူးဖြစ်သူ အိုဇလာက အလုပ်အားတုန်းမှာ ဇနီးသည်၊ သမီးလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်နေရင်း ရုတ်တရက် တာဝန်တစ်ခုပေးခံရပါတယ်အဲဒီအချိန်လေးက သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားမယ့်နေ့ ဆိုတာကို သူမသိခဲ့ဘူး တချိန်က မူးယစ်သယ်ဆောင်မှုနဲ့ သူဖမ်းဆီးခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်...လက်စားပြန်ချေဖို့ ရည်ရွယ်ချက်နဲ့ လိမ်ညာဖုန်းဆက်ပြီး အိုဇလာမရှိတုန်း ဇနီးနဲ့သမီးလေးကို ရက်ရက်စက်စက် သတ်လိုက်တယ်ဒီကနေ အိုဇလာ တစ်ယောက် စိတ်ကျရောဂါ၊ အိပ်မပျော်ခြင်းတို့ နာတာရှည်အဆင့်ထိ ရောက်လာတဲ့အခါ သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် အကြံပေးတဲ့အတိုင်း အတိတ်မှရုန်းထွက်ဖို့အတွက် အလုပ်ကိုစိတ်နှစ်ထားရာကနေ...ရှုပ်ထွေးပွေလီပြီး ဆေးလောကနဲ့ပါ သက်ဆိုင်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်ရင်း...ရဲတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝေဒနာနဲ့ ...
movie
Abraham Ozler (2024)
2024
Romancham(2023)
Romancham (2023) IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ...သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni
movie
Romancham(2023)