Channel Myanmar

Asif Basra

Hichki (2018) 7.5
Hichki (2018) Hichki ( သို့မဟုတ်)ဝင်ရိုးစွန်းကြယ်လေး ~~~~~~~~~~~~~~~~~~~" ဝင်ရိုးစွန်းကြယ်လေးဟာ သဘောၤတွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး " ပါပဲ။ဒါကတော့ St.Nokler's ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။" ကျွန်မ ကို သာမန်ကလေးတွေလို တန်းတူ ဆက်ဆံပေးကြပါလား ရှင် "သို့ပင် Naina ...
movie

Hichki (2018)

2018
P Se Pyaar F Se Faraar (2019) 7
P Se Pyaar F Se Faraar (2019) P Se Pyaar F Se Faraar (2019) "ချစ်သူခေါ်ရာ..."IMDb 7.0 ရထားတဲ့ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် ... သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါအမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ ...သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း ...ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ ...အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar ...
movie

P Se Pyaar F Se Faraar (2019)

2019
Once Upon a Time in Mumbaai(2010) 7.4
Once Upon a Time in Mumbaai(2010) Once Upon a Time in Mumbaai(2010) ဘောလီဝုဒ်ဖန်တွေအတွက် ဒုစရိုက် အက်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်အဓိကသရုပ်ဆောင်တွေအနေနဲ့ Ajay Devgn, Emraan Hashmi, Kangana Ranaut နဲ့ Randeep Hooda တို့ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင် အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 7.5/ 10, Times of India 4/5 နဲ့ Google Users 93% တို့ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ .....မွန်ဘိုင်းမြို့ပေါ်မှာ သြဇာအာဏာကြီးမားလွန်းတဲ့ ဆူလ်တန်းမစ်ရ်ဇာဆိုတဲ့ မှောင်ခိုသမားကြီး တစ်ယောက်ရှိလေတယ်သူက မှောင်ခိုသမား ဂိုဏ်းစတားဆိုပေမယ့် လူဆင်းရဲအများစုကို ကူညီတတ်ပြီး သနားကြင်နာတတ်တဲ့ စိတ်နှလုံးသားလည်းရှိပါတယ်အစိုးရခွင့်မပြုတဲ့ အရာအားလုံးကို မှောင်ခိုလုပ်ပြီး အားလုံးက ဖိတ်ဖိတ်တုန်အောင် ကြောက်ရသူကြီးပေါ့ အဲ့ဒိတော့ သူ့ကို အားကျသူတွေလည်း များပါတယ်အဲ့ဒိထဲမှာမှ ရှုူအိုက်ဗ်ဆိုတဲ့ ချာတိတ်ကတော့ အဆိုဆုံးပါပဲ သူ့ရည်ရွယ်ချက်ကတော့ ဆူလ်တန်းမစ်ရ်ဇာလိုဖြစ်ချင်တာပါပဲဒီလိုရည်ရွယ်ချက်ကြီးသူနဲ့ ဆူလ်တန်းမစ်ရ်ဇာတို့ ဆုံကြတဲ့အပြင်ရဲတွေကလည်း အပူတပြင်း လိုက်ကြတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ရှု့စားလိုက်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်...File Size :(2.45GB) (1.04 GB) and (380 MB) Quality :Blu-Ray ...
movie

Once Upon a Time in Mumbaai(2010)

The Attacks Of 26/11 (2013) 6.9
The Attacks Of 26/11 (2013) The Attacks Of 26/11 (2013)_____IMDb - 6.9/10    The Attacks of 26/11 ဒီဇာတ်ကားလေးကတော့ IMDb rating 6.9 ရရှိထားပြီး 2008 ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခတ်မှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံသားတွေအနေနဲ့ 9/11 လိုမျိုး 26/11 လို့ခေါ်ဝေါ်ကြပြီးတော့ ယနေ့ထက်တိုင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်ကြဆဲပါ။ အကြမ်းဖက်အဖွဲ့က ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ဖြစ်ပြီးတော့ အဖွဲ့ဝင်(၁၀)ဦးနဲ့ အိန္ဒိယအထင်ကရ(၁၂)နေရာကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ(၁၆၄)ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ဒီဇာတ်ကားက အဲဒီဖြစ်ရပ်မှန်ကို Documentary Film အဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ ဘာသာရေး အသုံးချမှုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာတွေ့ရမှာပါ သင်ခန်းစာတွေ တွေးတောဆင်ခြင်စရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လုံးဝကို လက်လွတ်မခံသင့်ပါကြောင်းလို့ ပြောပါရစေ။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung    File Size   ...
movie

The Attacks Of 26/11 (2013)

2013