Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashwin Mushran
7.3
Ek Chalis Ki Last Local (2007)
Ek Chalis Ki Last Local (2007) "နောက်ဆုံးရထား"IMDb - 7.3/10 Zindagi Na Milegi Dobara (2011)မှာ လက်ပွားမင်းသားရဲ့ သူငယ်ချင်းနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးဇာတ်ပို့ဆုရခဲ့တဲ့ မင်းသား Abhay Deolရဲ့ ရုပ်ရှင်ကားဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသမီးကတော့ 2002ခုနစ်က အိန္ဒိယမယ်စကြဝဠာဖြစ်ခဲ့တဲ့ Neha Dhupia။ မိနစ်ပိုင်းဆိုတဲ့ အချိန်လေးတစ်ခုက လူတစ်ယောက်ရဲ့ဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တာ။တိတိကျကျပြောရရင် နီလက်ရှ်ဆိုတဲ့ ကောလ်စင်တာတစ်ခုက ရုံးဝန်ထမ်းတစ်ယောက်ရဲ့ဘ၀ကိုပေါ့။ ရထားစီးဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ကျသွားပြီး နောက်ဆုံးရထားကို လွတ်သွားခဲ့တဲ့ နီလက်ရှ်နဲ့ မာဒူ။သူတို့နှစ်ယောက်က ရထားမရှိတော့လို့ သုံးဘီးငှားဖို့လုပ်ရင်း သိသွားရာကစ သွားလိုရာခရီး တူနေတဲ့အတွက် နှစ်ယောက်အတူငှားဖို့ကြိုးစားနေကြချိန်။ မြို့ထဲမှာ သုံးဘီးတစ်စီးဗုံးပေါက်ကွဲရာက သုံးဘီးသမားနဲ့အတူမိသားစုပါ အဖမ်းခံထားရတဲ့အတွက် သုံးဘီးသမားတွေကလည်း ခရီးသည်မပို့ဘဲ သပိတ်မှောက်နေကြချိန်။ ညနှစ်နာရီဝန်းကျင်မှာ ဘူတာကနေထွက်လာပြီး သုံးဘီးငှားဖို့ကြိုးစားကြတဲ့ သူတို့နှစ်ဦး တွေ့ကြုံရမဲ့ အရာတွေကို မြင်တွေ့ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.45 GB / 1.7 GB Quality…WEB DL 1080p ...
movie
Ek Chalis Ki Last Local (2007)
6.9
Fashion (2008)
Fashion (2008) "အိပ်မက်များဆီသို့..." IMDb - 6.9/10ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.5GB Quality…BluRay 1080p /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie
Fashion (2008)
2023
5.1
Shehzada (2023)
Shehzada 2023 IMDb 5.1/10 Action/Comedy/Dramaအခုတစ်ခါတင်ဆက်ပေးမှာကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Kartik Aaryanနဲ့ မင်းသမီး Kriti Sanonတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ဆေးရုံတစ်ခုမှာ သားယောက်ျားလေးရလို့ ပျော်ရွှင်နေကြတဲ့မိသားစုနှစ်ခုရှိနေပါတယ်။ တစ်နေ့တည်းတစ်ချိန်တည်းမှာပဲ မွေးလာခဲ့ရပေမယ့် ကလေးနှစ်ယောက်ဟာတော့ ကံချင်းမတူခဲ့ပါဘူး။ တစ်ယောက်ကတော့ လိုတိုင်းရတဲ့ဘဝမှာ နေရမှာဖြစ်ပြီး တစ်ယောက်ကတော့ ရုန်းကန်ရတဲ့ဘဝမျိုးမှာ နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကံတရားကို ပြောင်းလဲပစ်ချင်တဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်။ ချမ်းသာတဲ့ဘီလျံနာမိသားစုမှာ အလုပ်လုပ်နေရတဲ့ ဗယ်မီကီဟာ သူ့ကလေးနဲ့ အလုပ်ရှင်မိသားစုက ကလေးကို လဲပစ်ခဲ့ပါတယ်။ကံတရားကမျက်နှာသာမပေးခဲ့တဲ့သူ့ဘဝလိုမျိုး ဒီကလေးလည်း ကြုံတွေ့စေရမယ်။ သူ့သားကတော့ ဘုရင်တစ်ပါးလိုဘဝမျိုးမှာပဲနေရမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားဖြစ်သူဘန်တူကို အမုန်းတရားတွေ လျစ်လျူရှုမှုတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ ဘုရင်တစ်ပါးလိုဆက်ဆံခံနေရတဲ့သူ့သားအရင်းဖြစ်သူ ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိတွေနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲပစ်ခံထားရတဲ့ကံတရားတွေနဲ့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ။ ဘဝအမှန်တွေကိုရော သိသွားကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.24GB / 1.06 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h ...
movie
Shehzada (2023)
2023
7.4
Life in a Metro (2007)
Life in a Metro (2007) *********************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်တို့ရဲ့ အချစ်တော်မင်းသားကြီး အီရ်ဖားန်ခန်းနဲ့ မင်းသမီး ရှီလ်ပါးရှတ်သီးတို့ပါဝင် သရုပ်ဆောင်ထားတဲ့ Romance/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေး တစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.4အထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း အရည်အချင်းပြည့်ဝတဲ့ အကမယ်တစ်ယောက်ဖြစ်တဲ့ ရှီခါဟာ သူမရဲ့ ကလေးနဲ့ အိမ်ထောင်ရေးအတွက် သူ့ရဲ့ပညာရေးနဲ့ သူ့ဘဝတက်လမ်းတွေကို စွန့်လွှတ်ခဲ့ပါတယ်။၇နှစ်လောက် ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေဟာ ယိုယွင်းစဖြစ်နေမှန်း သူမသတိထားမိလာခဲ့တယ်။ ရှီခါဟာ ပြဇာတ်မင်းသားတစ်ယောက်ကို စွဲလမ်းမိသွားပြီး သူမရဲ့ ယောကျာ်းဟာလည်း သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ ငြိငြိတွယ်တွယ် ဖြစ်လာပါတော့တယ်။ရာဟုလ်ဆိုတဲ့ ဉာဏ်များတဲ့ သူကတော့ သူ့ရဲ့အခန်းကို ခိုးချိန်းကြတဲ့အတွဲတွေကို ငှားလေ့ရှိသတဲ့။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ၉ယာက်ပါဝင်ပြီး သူတို့၉ယောက်ဟာ အချင်းချင်း သိကျွမ်းကြပြီး အားလုံးဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်ကြပါတယ်။တစ်နေ့မှာတော့ သူတို့ ၉ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါပြီး တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းရောယှက်သွားကြပြီး စိတ်ခံစားချက်ကို အနိုင်ယူဖို့ ကြိုးစားကြတဲ့အခါ ... အရမ်းကောင်းတဲ့ Old but Goldဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ချစ်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ ...
movie
Life in a Metro (2007)
2007