Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashton Chen
5.8
The Bodyguard ( 2024 )
CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့ အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့် လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ ကိုယ်ရံတော်မလေး ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ်လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ် အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော် Filesize : 1.27 GB / 668 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie
The Bodyguard ( 2024 )
6.2
Blade of Fury ( 2024 )
တကယ့်အက်ရှင်ကားမှ ကြည့်ချင်ပါတယ်ဆို ရှောင်လင်ကိုယ်ရင်ကတုံးလေးကားထဲက ကလေးသရုပ်ဆောင် ကတုံးလေးရဲ့ ၂၀၂၄ ခုနှစ်မှာ ထွက်တဲ့ ကားသစ်လေးကို ညွှန်ပေးလိုက်ပါတယ်... ဒီကားလေးကတော့ မိမိသည် မိမိဘာသာနေသော်လည်း ပြဿနာက မိမိအား လာရှာသော်အခါ ဆိုတဲ့ အတိုင်းပါပဲ.... ဇာတ်လိုက်မင်းသား ခွေးရူး ခေါ် ဖေရှင်း က ယနေ့ခေတ်အခေါ်ဆို ကြေးစားလူသတ်သမားပေါ့... ဒါပေမယ့် သူက ရုံးတော်က ဝရမ်းထုတ်ထားတဲ့ အပြစ်သားတွေကိုပဲ တကူးတက သတ်ပေးတဲ့ ကြေးစားသမား...ဒီတော့ သူ့အလုပ်သူလုပ်ချိန်မှာပဲ... ပုလဲသူခိုးဆိုပြီး သွားဖမ်းတာ ... သူခိုးသေပြီး ပုလဲရတနာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်... မလွှဲသာတော့လည်း ရုံးတော်ကို အပ်ခဲ့တာ.. ဆုကြေးမရတဲ့အပြင် သူအပ်ခဲ့တဲ့ အမျိုးသမီးကိုလည်း ညတွင်းချင်း တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့ကြတယ်... နောက်တော့ သူ့ကိုသတ်ဖို့ပါ တခြားကြေးစားလူသတ်သမားတွေ ထပ်ငှားခဲ့ကြတယ်တဲ့... ဒီတော့ သူလည်း သူ့ကိုသတ်ဖို့ကြေးစားအထိငှားတဲ့သူကို ရှာရပါတော့တယ်ဒီအမျိုးသမီးကဘယ်သူလဲ... ဘာလို့ ထွက်ပြေးနေရတာလဲ နောက်ပြီး သူ့ကိုဘယ်သူသတ်ဖို့ကြိုးစားတာလဲ.... ဘာလို့ သတ်ဖို့ကြိုးစားတာလဲဆိုတာတွေကို စုံစမ်းနိုင်ပါ့မလား ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့မလဲဆိုတာ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပါ Filesize : 3.43 GB / 1.34 GB / 759 MB Quality : ...
movie
Blade of Fury ( 2024 )
4K HEVC
6.2
Black Storm ( 2024 )
အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်...ဇာတ်လမ်းအကျဉ်းလေးကတော့... ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့...ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့... တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့...တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်... တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ ... ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်... ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့... ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား... တခြား ဘာပတ်သက်မှုတွေရှိသေးလဲ... လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ... ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်... Filesize : 6.15 GB / 1.55 GB / 801 MB Quality : WEB-DL 4K HEVC , ...
movie
Black Storm ( 2024 )
4K HEVC
6
The Drunken Prodigy ( 2024 )
ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။ Filesize : 1.52 GB / 916 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Drunken Prodigy ( 2024 )
6.3
Shaolin Popey 3 ( 1995 )
ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ရှေ့ ၂ ကား ကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်Shaolin Popey 3 မှာတော့ ရှောင်လင်ကိုယ်တော်လေးတို့ မောင်နှမ၂ယောက်ဟာ ကမ္ဘာကိုယ်ခံပညာပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဟာဝိုင်ယီကိုသွားကြရမှာဖြစ်ပါတယ်။ ဟာဝိုင်ယီကိုရောက်တဲ့အခါ အဲဒီမှာအခြေချနေထိုင်နေတဲ့ ညီအစ်ကို(၂)ယောက်နဲ့ရေစက်ဆုံပြီး လူဆိုးတွေရန်ကကူညီပေးလိုက်တဲ့အချိန်မှာ အစ်ကိုဖြစ်တဲ့သူက ရှောင်လင်ကိုယ်တော်လေးရဲ့အစ်မ ရှောင်ယင်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးက ရှောင်လင်ကွန်ဖူးရဲ့အစွမ်းကိုကြားသွားပြီးတော့ သူတို့ရှောင်လင်ကိုယ်တော်လေးကိုဖမ်းခေါ်သွားပါတယ်။ ကိုယ်တော်လေးကိုပြန်ကယ်ဖို့ကြိုးစားရင်း ဟာဝိုင်ယီကိုသိုင်းပြိုင်ပွဲအမည်ခံနဲ့ရောက်လာပေမယ့် တခြားတာဝန်ရှိသေးတာကြောင့် သူတို့ရဲ့ချစ်ဇာတ်လမ်းကရှေ့ဆက်ဖို့ခက်ခဲနေပါတယ်။ ဟာဝိုင်ယီမှာပါ ကိုယ်တော်လေးတို့ဘယ်လိုအစွမ်းပြမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : DVDRip Format : mp4 Genres : Action , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie
Shaolin Popey 3 ( 1995 )
5.9
Shaolin Popey II: Messy Temple ( 1994 )
ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်Shaolin Popey 2 က Shaolin Popey 1 နဲ့ အဓိက သရုပ်ဆောင်တွေတူပေမယ့် ဇာတ်လမ်းကတော့အဆက်အစပ်မရှိပါဘူး။ 2 မှာ ရှောင်လုံနဲ့ရှောင်ဝိန်တို့ဟာ ဝူးလုံကျောင်းကကိုယ်တော်လေးတွေပဲဖြစ်ကြတယ်။သူတို့ဟာ နေ့ဓဒူဝ ကျောင်းတော်မှာ ကွန်ဖူးလေ့ကျင့်ရင် ဝေရာဝစ္စတွေလုပ်ရင်းနေလာခဲ့ကြတယ်။ တစ်နေ့မှာတော့ ရှောင်လင်ကျောင်းနဲ့မိစ္ဆာဂိုဏ်းကြားက ရန်ငြိုးကြောင့် မိစ္ဆာဂိုဏ်းကလူသတ်သမားတစ်ယောက်ဟာ ဝူးလုံကျောင်းကိုလာပြီးလုပ်ကြံခဲ့တယ်။ လုပ်ကြံတာမအောင်မြင်တော့ မိန်းမလှလေးတစ်ယောက်ကို လွှတ်ပြီး ဟန်ဆောင်မြူစွယ်သိမ်းသွင်းဖို့ကြိုးစားလာခဲ့တယ်။ ကိုယ်တော်လေးရဲ့ကွန်ဖူးအစွမ်းနဲ့ မိစ္ဆာဂိုဏ်းရန်ကို ဘယ်လိုရှင်းကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပါတယ် 2 ကားတင်ဆက်ပြီးပြီဖြစ်လို့ နောက်ဆုံးပိုင်းကိုမကြာခင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie
Shaolin Popey II: Messy Temple ( 1994 )
6.4
Shaolin Popey I ( 1994 )
ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့ DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ် ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူးပြန်နွှေးပေးရရင်တော့ အထက်တန်းကျောင်းသားဘဝမှာ အလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့ ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။ မိသားစုခရီးထွက်ရင်း ကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီး ရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့ ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Quality : DVDRip Format : mp4 Genres : Action , Comedy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie
Shaolin Popey I ( 1994 )
6
Martial Universe ( 2018 )
အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ ...-မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie
Martial Universe ( 2018 )
6.2
Detective Chen ( 2022 )
ဒီနေ့မှာဆိုရင်တော့ CM က ပရိသတ်ကြီးကို စုံထောက် အက်ရှင် ဇာတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေရှန်ဟိုင်းရဲတပ်ဖွဲ့ရဲ့ အသစ်ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ချန်ဟူ ဆိုသူဟာ စစခြင်းမှာပဲ လူသတ်မှုတစ်ခုကို စစ်ဆေးဖို့အတွက် တာဝန်ပေးခြင်းခံခဲ့ရပါတယ် အဲဒီအမှူရဲ့ သေဆုံးနစ်နာသူ ဟယ်မန်ကျွင်း ဟာဆိုရင် ရှန်ဟိုင်းရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးဌာန ခေါင်းကြီးပိုင်း တစ်ဦးရဲ့ သားဖြစ်သူဖြစ်တဲ့အဖြစ် စိန့်မာတင် အထက်တန်းကျောင်းရဲ့ ကျောင်းသားတစ်ဦးလဲဖြစ်ပါတယ်အခင်းဖြစ်တဲ့ နေရာမှာ စိန့်မာတင် အထက်ကျောင်းဝတ်စုံရဲ့ ကြယ်သီးပြုတ်ကျနေခဲ့တာတွေ့တာကြောင့် အဲဒီကြယ်သီးရဲ့ ပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲဆိုတာ စုံစမ်းဖို့အတွက် ချန်ဟူဟာ ကျောင်းသားပုံစံ ဟန်ဆောင်ပြီး သဲလွန်စ ရှာဖွေဖို့အတွက် စိန့််မာတင် ကျောင်းကိုဝင်ရောက်ခဲ့ပါတယ် စာပေဘက်မှာ အားနည်းတဲ့ ချန်ဟူအတွက်တော့ အထက်တန်းကျောင်းသားဘဝဟာ တော်တော်ခက်ခဲခဲ့သလို အရှက်ရစရာများလဲ ခဏ ခဏ ကြုံတွေ့ခဲ့ရပါတယ်အဲဒီလိုနဲ့ပဲ တစ်ဖက်မှာ အမှုကိုစစ်ဆေးရင်း တစ်ဖက်မှာတော့ ကျောင်းက အင်အားကြီးကျောင်းသားတွေနဲ့ ရင်ဆိုင်ရင်း နေလာခဲ့ရပါတယ် သံသယရှိသူ တစ်ယောက်ပေါ်လိုက် ပေါ်လာတဲ့ တစ်ယောက်က ဖြေရှင်းခံလိုက်ရနဲ့ မာဟယ်ကျွင်းအမှုဟာ မြူမှုန်ကြားထဲ လမ်းပျောက်သလို ဖြစ်လာတဲ့ အချိန်မှာတော့...❏ ဘာတွေဆက်ဖြစ်ကြမလဲ ❏ ချန်ဟူတစ်ယောက် ပျောက်ဆုံးနေတဲ့ အဖြစ်မှန်ကိုရော ရှာတွေ့နိုင်ပါ့မလား ❏ တကယ့်လူသတ်သမားအစစ်ကရော ဘယ်သူလဲဆိုတာ ဒီဇာတ်ကားလေးကို ...
movie
Detective Chen ( 2022 )
7.6
Ip Man 2 ( 2010 )
Ip Man ရုပ်ရှင်ဇာတ်ကားရဲ့ ဒုတိယမြောက်အဆက်ပဲဖြစ်ပါတယ်..ပထမ ကားမှာ ယိမန် တို့မိသားစု ဖူဆန်ကို စွန့်ခွာလာခဲ့ပြီးနောက်ဟောင်ကောင်မှာ အခြေချ နေထိုင်ပြီး ယိမန်တစ်ယောက်မိသားစုစားဝတ်နေရေးအတွက်သိုင်းသင်တန်းကျောင်း ဖွင့်ဖို့ ကြိုးစားရာကနေဟောင်ကောင်သိုင်းလောက အဖွဲ့အစည်းနဲ့ပတ်သတ်မိပါတော့တယ်အဲ့ဒိနောက်မှာတော့..ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုပါIMDb Rate 7. 8 ရရှိထားတဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ် Translated By Phyo ZawEncoded By LK
movie
Ip Man 2 ( 2010 )
2010