Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashok Lokhande
7.9
Sarfira (2024)
Sarfira 2024 အိပ်မက်များနဲ့ကျွန်တော်IMDb -7.9/10မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie
Sarfira (2024)
8.1
Sarfarosh (1999)
Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie
Sarfarosh (1999)
1999
7.4
Raman Raghav 2.0 (2016)
Raman Raghav 2.0 (2016) IMDb - 7.4/10_____Rotten - 86% ၂၀၁၆ မှာထွက်ရှိထားတဲ့ Raman Raghav 2.0 ဆိုတဲ့ ဒီရုပ်ရှင်ကားဟာ ဒါရိုက်တာ Anurag Kashyap ကရိုက်ကူးထားပြီး IMDb 7.4 အထိရရှိထားပါတယ်။ နာမည်ကြီးစိတ္တဇအကြမ်းဖက်လူသတ်သမား တစ်ဦးဖြစ်တဲ့ Raman ရဲ့ ၁၉၆၀နှစ်အလယ်ပိုင်းများက မွန်ဘိုင်းပြည်နယ်မှာကျက်စားခဲ့ပုံကို တင်ဆက်ပြသထားပြီး ရဲအရာရှိတစ်ဦးဖြစ်တဲ့ Raghuvendra Singh Ubbi နဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ရင်ဆိုင်ကြတာတွေကို ရင်တစ်ဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းများသာမက ဇာတ်လမ်းဇာတ်အိမ် အင်မတန်ခိုင်မာကောင်းမွန်တာကြောင့် အများကြီးမညွှန်းတော့ဘဲ ဇာတ်ကားကိုသာကြည့်ရှုကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။ ဇာတ်လမ်းအကျဉ်းကိုတော့ မိုးဦးမာန် က ရေးသားပေးခဲ့တာဖြစ်ပါတယ်။ File Size - 956 MB File Type - Mp4 Quality - BR-Rip 720p Duration - 2h 13min Translator - Linnthura1988 Encoder - Kyaw Ye Aung
movie
Raman Raghav 2.0 (2016)
2016