Channel Myanmar

Ariel Tatum

A Business Proposal (2025)
A Business Proposal (2025) A Business Proposal 2025 ကံကြမ္မာ၏ချစ်ခွင့်ပန်ခြင်းKdrama ဖန်တွေကြား မသိတဲ့လူမရှိတဲ့ A Business Proposal ဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်ကိုယူပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အင်ဒိုသရုပ်ဆောင် အချောအလှလေးတွေနဲ့ ပြန်ပြီးလွမ်းဆွတ်လိုက်ရအောင်လားရှင်ဆာရီကငွေကြေးအခက်အခဲကြောင့် သူငယ်ချင်းဖြစ်သူအစား blind date တွေ့ဖို့သွားခဲ့ပါတယ် ဒီကမ်းလှမ်းချက်နောက်မှာ မထင်ထားတဲ့မြှုပ်ကွက်ကတော့ တစ်ဖက်လူက သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နေတာပါပဲ ဒီအဖြစ်အပျက်လေးကနေစပြီး ဆာရီနဲ့ စီအီးအိုတို့ကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်လာပါတော့တယ်အလုပ်ခွင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ခဲ့ကြပေမဲ့ အတုအယောင် Blind Date ကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ အတုအယောင် ဆက်ဆံရေးကနေ သူတို့နှစ်ဦး တကယ့်အချစ်စစ်ကို ရှာတွေ့နိုင်မလားဆိုတာကတော့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါပဲမူရင်း တောင်ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို အခြေခံပြီး အင်ဒိုနီးရှားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ရယ်မောပျော်ရွှင်ရမဲ့ဇာတ်ဝင်ခန်းတွေနဲ့ စိတ်အပန်းပြေနိုင်စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် ) File size… ...
movie

A Business Proposal (2025)

How to Survive a Marriage? (2024) Catatan Harian Menantu Sinting 7.1
How to Survive a Marriage? (2024) Catatan Harian Menantu Sinting  How to Survive a Marriage? (2024)IMDb Rating (7.1) မီနာနဲ့ဆာဟတ်တို့ဟာ ငယ်သူငယ်ချင်းဘ၀ကနေစုံမက်လက်ထပ်ခဲ့ကြတဲ့ အသစ်စက်စက်လင်မယားဖြစ်ပါတယ်။လက်ထပ်ပြီးပြီးချင်းမှာ အိမ်ခွဲနေဖို့ကြိုးစားခဲ့ကြပေမယ့် ချက်ချင်းကြီး အိမ်ရှာဖို့ခက်ခဲနေတဲ့အပြင် ယောက္ခမကြီးကလည်း သူတို့လင်မယားငယ်စဉ်ကနေခဲ့တဲ့အိပ်ခန်းကို မီနာတို့လင်မယားနေဖို့အတွက်ကမ်းလှမ်းလာတဲ့အတွက် သဘောတူလက်ခံခဲ့ကြပါတယ်။အဲ့ဒီကစလို့မီနာဟာ သူတို့ရဲ့အိမ်ထောင်ရေးနဲ့နေ့စဉ်ဘ၀ထဲကို ယောက္ခမဖြစ်သူရဲ့ မသိမသာရော သိသိသာသာဝေဖန်စွက်ဖက်မှုတွေကြုံရတော့တာပါပဲ။အဆိုးဆုံးကတော့ မြေးအရမ်းလိုချင်နေတဲ့ ယောက္ခမဖြစ်သူရဲ့ သူတို့လင်မယားရဲ့အိပ်ယာပေါ်က အတွင်းရေးတွေကို နှိုက်နှိုက်ချွတ်ချွတ်စပ်စုတဲ့ဒဏ်ပဲဖြစ်ပါတယ်။အဲ့ဒါတွေကိုမခံစားနိုင်တဲ့အဆုံး အိမ်ခွဲဆင်းဖို့ဆုံးဖြတ်လိုက်ပေမယ့် အဲ့ဒီအိမ်ကိုပါ ယောက္ခမကြီးက အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး မပြန်နိုင်တော့တာပဲ သောင်တင်နေတဲ့အချိန်မှာတော့..။မီနာနဲ့ဆာဟတ်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေနိုင်ပါ့ဦးမလား? ယောက္ခမကြီးလိုချင်တဲ့ မြေးရတနာကို မီနာတို့လင်မယားမွေးပေးနိုင်ပါ့မလား?မီနာရဲ့ယောက္ခမကြီးအပေါ် သည်းခံစိတ်တွေဘယ်အချိန်မှာထပေါက်ကွဲမလဲ အစရှိတာတွေကို သဘာ၀ကျကျ ပြုံးစရာ ရယ်စရာတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။အင်ဒိုနီးရှားဆိုရင် စုန်းကဝေ၊သရဲကားတွေနဲ့အသားကျနေခဲ့ကြပေမယ့် အခုလိုပေါ့ပေါ့ပါးပါးမိသားစုဟာသဇာတ်ကားလေးက အရသာသစ်တစ်ခုပေးစွမ်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….02:02:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by ...
movie

How to Survive a Marriage? (2024) Catatan Harian Menantu Sinting

2024
Broken Wings (2022) 5.4
Broken Wings (2022) Broken Wings (2022)အင်ဒိုနီးရှား ဖြစ်ရပ်မှန်ကားလေး တင်ဆက်ပေးပါရစေ။ 2018 ခုနှစ်က အင်ဒိုနီးရှားရဲတွေနဲ့ ထောင်သားတွေအကြားဖြစ်ပွားခဲ့တဲ့ အထိကရု‌ဏ်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Leong ဆိုတဲ့လူဟာ ISIS ဆန်ဆန် လူသစ်တွေ ရှာဖွေစုဆောင်းပြီး လူစုလူဝေးများတဲ့နေရာတွေမှာ အသေခံဗုံးလိုက်ခွဲပါတယ်။ တစ်ဖက်မှာလည်း ရဲအရာရှိ Ajiဟာ ကိုယ်‌ဝန်ဆောင်သည်ဇနီးနဲ့အတူ နယ်ပြောင်းလာရပါတယ်။ရဲအရာရှိ Aji ဟာ Leongကို ဖမ်းဆီးနိုင်အောင် ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့တော့ ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။)File Size          : 1.3GB, 522MB, 283MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format          ...
movie

Broken Wings (2022)

2022