Channel Myanmar

Apsara Rani

Racharikam (2025) 6.1
Racharikam (2025) Racharikam (2025) "ပြောင်းလဲရေး" IMDb- 8.1/10အတိုက်အခိုက် အသတ်အဖြတ်ခပ်ကြမ်းကြမ်းနဲ့ တလေဂူးနိုင်ငံရေးအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ရာချာကွန်ဒါဆိုတဲ့ရွာမှာ ဝန်ကြီးဖြစ်ချင်နေတဲ့ ရွာလူကြီး ရာဂျာရတ်ဒီ။ ပထမတစ်ယောက်မွေးတုန်းက မိန်းကလေးမို စပါးစေ့ခွံသတ်ပြီး ဒုတိယတစ်ယောက်ကို သားယောကျ်ားလေးဖြစ်ဖို မျှော်လင့်နေတဲ့သူ။နောက်တစ်ယောက်မွေးတဲ့အချိန် မိန်းကလေးပဲဖြစ်နေပြီး သတ်ဖိုလုပ်တုန်းမှာ ဝန်ကြီးနေရာရဖိုအတွက်ပါတီကနေဖုန်းဆက်လာတာမို မသတ်ဘဲထားခဲ့တယ်။သုံးခါဆက်တိုက် ရွေးကောက်ပွဲနိုင်ပြီး သတ်ဖြတ်မှုတွေနဲ့အတူ ဝန်ကြီးနေရာကို ရာဂျာရတ်ဒီတစ်ယောက် ထိန်းသိမ်းထားနိုင်ခဲ့တာပေါ့။သမီးဖြစ်သူအရွယ်ရောက်လို ပေးစားထားတဲ့ သားမက်ကလည်း ရက်စက်ယုတ်မာလှတဲ့အပြင် သားဖြစ်သူကလည်း အဖေ့ခြေရာနင်းပြီး နိုင်ငံရေးလောကထဲကို အလောင်းတွေပုံနေအောင်သတ်ဖြတ်ပြီး ဝင်လာတဲ့အခါ...။တချိန်က သူ့အတွက်သေဆုံးခဲ့ရတဲ့တပည့်ဖြစ်သူရဲ့သား ဇာတ်လိုက်ကျော် ရှီဗာက ရာဂျာရတ်ဒီရဲ့ နေရာကို ခြိမ်းခြောက်လာတဲ့အခါ...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Racharikam (2025)

Thalakona ( 2024 ) 6.5
Thalakona ( 2024 ) Thalakona 2024နိုင်ငံရေးပါတီတစ်ခုမှာ ရွေးကောက်ပွဲနီးလာတဲ့အချိန် လူငယ်ဥက္ကဋ္ဌမရှိတဲ့အတွက် အဲဒီနေရာအတွက် ရွေးကောက်ရန် အဖွဲဝင်တွေကိုခေါ်ပြီး ဒီမိုကရေစီဆန်ဆန် သင့်တော်သူများကို ထင်မြင်ချက်ပေးခိုင်းပေမဲ့လည်း အရိုးစွဲနေတဲ့ ထုံးစံတွေအတိုင်း ဝန်ကြီးရဲ့ညီဖြစ်သူဗီဂျေးကို ဒီနေရာပေးဖို တင်ပြသူအများအပြားရှိခဲ့သလို အမြင်အသစ်တွေနဲ့ ပါတီအတွက် အကူအညီရပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရီဗန့်သ်ကို ထောက်ခံသူတွေလည်းရှိပါတယ်။ သိုပေမဲ့လည်း ဝန်ကြီးဘက်ကလူတွေနဲ့ အချင်းမများချင်တဲ့အတွက် ဗီဂျေးကိုပဲ ဒီနေရာအတွက် ပေးလိုက်ဖို ရီဗန့်သ်တစ်ယောက် လိမ္မာပါးနပ်စွာနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာဗန့်သ်တစ်ယောက် ဗီဂျေးကို ဝန်ကြီးရဲ့အင်အားနဲ့မမျှလိုပေးလိုက်ရပေမဲ့ ဒီနေရာကို ပြန်လည်ရယူနိုင်ဖို အခွင့်အလမ်းကို အမြဲရှာဖွေလျက်ရှိပါတယ်။တစ်ဖက်မှာလည်း ဆာရာဆိုတဲ့ကောင်မလေးဟာ မစ်ပြိုင်ပွဲတစ်ခုမှာ မစ်အိန္ဒိယအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာလည်း ကိုယ့်ကိုယ်လာမထိသရွေ့ အေးဆေးပဲ လာထိလိုကတော့ မီးပွင့်သွားမယ်ဆိုတဲ့သူမျိုးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ ဆာရာနဲ့ ဗီဂျေးတို တွေ့ကြပြီး ဗီဂျေးက ဆာရာ့အပေါ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်မိရာက ဆာရာက ဗီဂျေးနဲ့ သူ့လူတွေကိုပြန်သမလိုက်ရာကနေ အဲဒီလို ဖြစ်ပျက်နေတဲ့ ဗီဒီယိုက ရာဗန့်သ်လက်ချက်နဲ့ ပြန့်သွားတဲ့အခါမှာတော့ .........ဗီဂျေးတစ်ယောက် ဒီအရှုပ်ကိစ္စကြီးကို သူ့အစ်ကိုဝန်ကြီးအားကိုးနဲ့ ဘယ်လိုရှင်းသွားမလဲ ....... ရာဗန့်သ်တစ်ယောက်ကရော ဒီအရှုပ်ကို အခွင့်ကောင်းယူပြီး လူငယ်ဥက္ကဋ္ဌရာထူးနေရာကို ဘယ်လိုအရယူသွားမလဲ ...... ဒီအရှုပ်တွေကြားထဲမှာ ဝင်မပါချင်တဲ့ ဆာရာတစ်ယောက် သူငယ်ချင်းတွေနဲ့အတူ ...
movie

Thalakona ( 2024 )

Hunt (2023)
Hunt (2023) Hunt (2023)=============မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက် သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့ Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင် ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.02GB/ 928MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Hunt (2023)

2023