Channel Myanmar

April Telek

Screwed (2000) 5.7
Screwed (2000)  Screwed (2000)IMDb Rating (5.7) / Rotten Tomatoes (10%) 2000 ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Screwed ဇာတ်ကားဟာဆိုရင် Comedy/ Crime အမျိုးအစားဖြစ်ပါတယ်။ ကပ်စေးနဲလှတဲ့ မုန့်တိုက်ပိုင်ရှင် Miss Crock ဆီမှာ နှစ်တွေအကြာကြီး အစေခံအနေနဲ့ အလုပ်လုပ်လာရတဲ့ Willard နဲ့ သူ့သူငယ်ချင်း ကြက်ကြော်သည်လေး Rusty တို့က Miss Crock ရဲ့ ခွေးကလေး Muffin ကို ပြန်ပေးဆွဲပြီး ဒေါ်လာတစ်သန်းတောင်းရာကနေ ရှင်းမရတဲ့ အရှုပ်တော်ပုံတွေဖြစ်လာတဲ့အ‌ကြောင်းကို ရယ်မောဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် Miss Crock ရဲ့ သောက်ကျိုးနည်း ကပ်စေးနဲပုံတွေ၊ Willard ရဲ့လုပ်အားအမြတ်ထုတ်ခံရပုံ၊ ဘာပံ့ပိုးထောက်ပံ့မှုမှမရပုံတွေ၊ ဒီအလုပ်ကထွက်ဖို့ ကြိုးစားရင်း Rusty နဲ့အတူ ခွေးကလေးကို ပြန်ပေးဆွဲဖို့ ပလန်ကြတဲ့အခါ အလွဲလွဲ အချော်ချော်ဖြစ်လာတာတွေကို ရယ်ရယ်မောမောကြည့်ရှုရမှာမို့လို့ ဟာသကားကြိုက်သူတွေအတွက် ...
movie

Screwed (2000)

2000
Reality Bites: A Hannah Swensen Mystery (2025) 6.5
Reality Bites: A Hannah Swensen Mystery (2025)  Reality Bites: A Hannah Swensen Mystery (2025)IMDb Rating (6.5) ဒီဇာတ်ကားကတော့ Reality Bites Franchise ကြီးရဲ့ ၂၀၂၅ ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ Crime, Mystery ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ညွှန်းဆရာမဖြစ်တဲ့ Alison Sweeney ကိုယ်တိုင် ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Spin-off တစ်ခုပြီးတစ်ခု စာရေးဆရာတွေပြောင်းပြောင်းသွားကြပေမယ့် အခုဒီတစ်ခေါက်ထွက်ထားတဲ့ဇာတ်ကားကတော့ ဖေဖော်ဝါရီလကမှ premiere ထားတာဖြစ်ပေမယ့် IMDB မှာ rating 6.5 အထိရရှိထားပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဟန်နာစဝင်ဆန်လို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဟာ လိတ်ခ်အီဒန်လို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ မုန့်ဖုတ်ဆိုင်တစ်ခုဖွင့်ထားတာပါ။သူဟာ ငယ်ငယ်ကတည်းက ဟင်းချက်အစီအစဉ်တစ်ခုကိုတွေ့ပြီးတဲ့နောက် မုန့်လုပ်ဝါသနာအရမ်းပါသွားပြီး အဲဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရတဲ့အထိကို မုန့်ဖုတ်ရတာကိုစွဲလန်းသွားတာပါ။တစ်နေ့မှာတော့ သူ့ရဲ့မုန့်ဖုတ်ဆိုင်ကို တီဗီရှိုးအစီအစဉ်တစ်ခုကနေ ရိုက်ကူးရေးနေရာလိုလို့ဆိုပြီး အသည်းအသန်တောင်းဆိုလာခဲ့ပါတယ်။မထင်မှတ်ထားစရာပဲ အဲဒီအစီအစဉ်က ဟန်နာငယ်ငယ်တုန်းက အမြဲကြည့်ပြီးအားကျခဲ့ရတဲ့ ကွန်နီမက်ခ်ကိုယ်တိုင်ရဲ့ ရှိုးပဲဖြစ်နေပါတယ်။သူ့ရဲ့ idol နဲ့ တွေ့ချင်တာကတစ်ကြောင်း idol ရဲ့ ...
movie

Reality Bites: A Hannah Swensen Mystery (2025)

2025
Cut, Color, Murder (2022) 6.2
Cut, Color, Murder (2022) Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie

Cut, Color, Murder (2022)

2022
Chris Watts: Confessions of a Killer (2020) 6.1
Chris Watts: Confessions of a Killer (2020) Chris Watts: Confessions of a Killer (2020)==============================IMDB rating - 6.1 / 10#Unicodeဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် သူ့နာမည်က ခရစ်တိုဖာဝက်စ် သူ့မှာ အိမ်ကောင်းကောင်း အလုပ်ကောင်းကောင်း ပျော်ရွင်စရာမိသားစုလေးရှိတယ် ချစ်စရာသမီးလေးနှစ်ယောက်အပါအဝင်ပေါ့ တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက်ကလေးတစ်ယောက်ထပ်ရမှန်းသိကြတယ် ပျော်ကြတာပေါ့ ။ သမီးနှစ်ယောက်ဆိုတော့ ယောက်ျားလေးဖြစ်ပါစေဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့၊ ဒီလိုနဲ့ ခရစ်ရဲ့မိန်းမ ရှန်နန်ဟာမိဘတွေရှိရာ မြောက်ကယ်ရိုရိုင်းနားကိုသမီးနှစ်ယောက်နဲ့အတူ အပန်းဖြေဖို့ ခရီးထွက်ခဲ့တယ်။ ခရစ်ကိုတော့အလုပ်ကိစ္စတွေရှိလို့နောက်မှလိုက်ခိုင်းခဲ့တာပေါ့ ။ ဒီအထိက သာမန်ကိစ္စတစ်ခုပါပဲ။ မိန်းမမရှိတော့နဲ့အချိန်မှာ ခရစ်ဟာ အလုပ်က နစ်ကီဆိုသူနဲ့ ဇာတ်လမ်းတစ်ပုဒ်အစပြုတာကနေ နောက်ဆက်တွဲတွေဟာ အကုန်ရှုပ်ထွေး ကုန်ပါတော့တယ်။ အခုရေးထားတဲ့အညွှန်းထဲမှာ ဇာတ်လမ်းရဲ့ တကယ့်အနှစ်သာရတွေကို ချန်ပြီးရေး တာမို့ spoiler သဘောမဖြစ်စေပါဘူး။ တကယ်အရေးကြီးတဲ့ ကောင်းခန်းတွေ တစ်ချို့သောချစ်ကြိုက် ခန်းတွေလည်းအနည်းငယ်ပါဝင်ပါတယ်။ ဒီကားလေးကြည့်ပြီး မဖြစ်သင့်တာ မဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်တောင်မထင်မှတ်လောက်တဲ့ ကိစ္စတွေလုပ်မိတတ်ပါလားဆိုတဲ့အတွေးမျိုးလည်း သင်ခန်းစာရယူနိုင်ပါလိမ့်မယ်။ #Zawgyiဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် သူ့နာမည်က ခရစ်တိုဖာဝက်စ် သူ့မှာ ...
movie


2020