Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Appukutty
Kalan (2025)
Kalan (2025) "အပူမီး"မှုခင်း-ဒရာမာဇာတ်လမ်းမျိုးမှ နှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက် တမီလ်ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ ဗင်ဂေဆိုတဲ့ လူငယ်တစ်ယောက် သူ့မြို့ကိုပြန်လာတာနဲ့ အစပျိုးထားပါတယ်။ ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်းများတဲ့ ဗင်ဂေဟာ လူငယ်ပီပီ မဟုတ်မခံစိတ်ရှိပြီး သူ့ကိုထိလာရင် လုံး၀မခံတဲ့သူမျိုးပါ။တစ်နေ့တော့ မထင်မှတ်ဘဲ ပြဿနာသေးသေးလေးဖြစ်ရာက အမှိုက်ကစပြာသာဒ်မီးလောင်တော့တာပဲ။အဲဒါကတော့ ဘာမဟုတ်တဲ့ပြဿနာလေးကစပြီး ဗင်ဂေအသတ်ခံလိုက်ရတာပါ။ အဲဒီအဖြစ်ကို ဗင်ဂေရဲ့အမေနဲ့ ဦးလေးဖြစ်သူကလည်း ကြိတ်မနိုင်ခဲမရနဲ့ လုံး၀မကျေနပ်ကြပါဘူး။အဲဒီလို ဗင်ဂေသေဆုံးမှုက အစပျိုးလိုက်တာ ရဲတွေနဲ့ ပြည်သူတွေကြား ဘယ်လိုတွေ အမှုဆက်ပွေဦးမလဲ၊ သူ့ဦးလေးနဲ့အမေကရော ဘယ်လိုအခန်းကဏ္ဍက ပါ၀င်သွားမလဲ၊ ဘယ်သူတွေ ဘယ်လိုအပူမီးတောက်လောင်ကြမလဲဆိုတာကိုဒုစရိုက်မှု၊ မတရားမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့အတူ ဒရာမာနှောပြီး စိတ်၀င်စားစရာ ကြည့်ကြရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size…1.83 GB /864 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 39min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kalan (2025)
8.7
Angaaragan
Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်) IMDb - 8.7/10Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့ တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့....ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်နေ့မှာ ဒီအပန်းဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်းဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။အဲဒီမှာ ရှီဗာလည်း အပန်းဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီ စစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်းဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်... လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာ ဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
Angaaragan
2023
7.9
24 (2016)
24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie
24 (2016)
2016
7.9
Vendhu Thanindhathu Kaadu (2022)
Vendhu Thanindhathu Kaadu (2022)IMDb 7.9ဒီတစ်ခါမှာတော့ ကုဋေ၃၀ အကုန်ကျခံရိုက်ကူးထားပြီး ကုဋေ၅၀ထိပြန်ရခဲ့တဲ့ အမိုက်စားတမီလ်ကားကိုတင်ဆက်ပေးချင်ပါတယ်ဒီလက်တွေနဲ့ကိုယ်တိုင်လူသတ်မိမယ် လူသတ်သမားဖြစ်ဖို့မွေးဖွားလာတာဆိုပြီး ဗေဒင်ဆရာတွေဆီကတစ်လေသံတည်းထွက်လာခဲ့တဲ့ ဇာတာပိုင်ရှင်မီသူး... မိခင်ဖြစ်သူကသားကိုဒီလိုဘဝမျိုးအရောက်မခံနိုင်တော့ မရှိတဲ့ကြားကကျောင်းထားပြီး B.Scဘွဲ့ရအောင်လုပ်ပေးခဲ့တယ်မွေးရပ်မြေမှာ ဆူးချုံရှင်းရင်း မတော်တဆကွင်းတစ်ပြင်လုံးမီးထလောင်တော့ လယ်ပိုင်ရှင်ကလျော်ကြေးတောင်းလေရဲ့ သူ့အမှားမဟုတ်လို့မပေးနိုင်ကြောင်း မူသူးကတင်းခံနေရင်း ပိုင်ရှင်နဲ့ကတောက်ကဆဖြစ်ရာကနေ လူသတ်မိတော့မလိုဖြစ်ခဲ့တဲ့သူ့ကို ညတွင်းချင်းပဲ အမေဖြစ်သူကမြို့က ဦးလေးဖြစ်သူထံ ခေါ်ယူထွက်ပြေးခဲ့ရတယ် မြို့မှာဘဝသစ်စမယ် မိဘအကြွေးတွေဆပ်ပေးမယ်တင်းခံနေရာကနေ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုစီ ပါဝင်ပတ်သက်မိရာမှာတော့... ဗေဒင်ဆရာတွေဟောတဲ့အတိုင်း လူသတ်သမားဖြစ်လာမလား မိခင်သဘောတိုင်းဖြစ်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါရှင် File size…2.83GB / 1.24GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 57m Subtitle….Myanmar Subtitle (Hard sub) Encoder….YK Translated by Poe & BpL & Yunni & HM
movie
Vendhu Thanindhathu Kaadu (2022)
2022