Channel Myanmar

Apoorva Bharadwaj

Nimma Vasthugalige Neeve Javaabdaararu (2025) 7.0
Nimma Vasthugalige Neeve Javaabdaararu (2025) Nimma Vasthugalige Neeve Javaabdaararu (2025)"မိမိပိုင်ပစ္စည်းအတွက် မိမိမှာသာတာ၀န်ရှိသည် "ရုပ်၀တ္ထုပစ္စည်းတွေ ပိုမိုပေါများလာတာနဲ့အမျှ လူသားတွေဟာ သက်ရှိချင်းတင်မက သက်မဲ့ပစ္စည်းကိုပါ စွဲလမ်းတွယ်တာမှုတွေ ပိုများလာကြပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်လမ်းဟာလည်း အဲဒီလို လူသားတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုအပေါ်စွဲလမ်းတွယ်တာစိတ်၊ သူတို့ဘ၀အပေါ် သက်ရောက်မှုတွေနဲ့ အခုခေတ်မှာ ပိုများလာတဲ့ ရာဇ၀တ်မှုတွေအကြောင်းဆက်စပ်ပြီး မီးမောင်းထိုးရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ထူးခြားတာကတော့ ဇာတ်အိမ်တစ်ခုတည်းမဟုတ်ဘဲ မတူတဲ့ဇာတ်လမ်းသုံးခုကို တင်ဆက်ထားတာပါ။ဇာတ်လမ်းချင်မတူပေမဲ့ အကြောင်းအရာချင်းကတော့ ဆက်စပ်နေပါတယ်။ကန်နားဒါးစကားပြောဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း တွေးတောစဉ်းစားစရာလေးတွေပေးထားပြီး ယူတတ်ရင် ဆင်ခြင်နိုင်စရာတွေမို့ ကြည့်ရှုခံစားလိုက်ကြပါဦး...။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…2 GB  / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….02:11:17 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nimma Vasthugalige Neeve Javaabdaararu (2025)

2025
Nodidavaru Enanthare (2025) 5.6
Nodidavaru Enanthare (2025) Nodidavaru Enantare 2025 (ကိုယ့်ကိုယ်ကို ရှာဖွေခြင်း)လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ဘာဖြစ်မလဲ.. မိသားစုလား လူ့အသိုင်းအဝိုင်းလား အချစ်လား အလုပ်လားပိုက်ဆံလား ပျော်ရွှင်မှုလား.. နေ့စဉ်ရှင်သန်နေတဲ့ဘဝမှာ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် စိတ်ဖိစီးမှုတွေ ကိုယ်စီရှိကြတယ်..အခုတင်‌ဆက်ပေးမယ့် ဇာတ်ကားလေးထဲက ဆစ် ဆိုတဲ့ လူတစ်ယောက်က မိဘနဲ့လည်း အဆင်မပြေ၊စိတ်တူကိုယ်တူဖြစ်ပြီလို့ထင်ထားတဲ့ ချစ်သူကလည်း လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ လမ်းခွဲသွားတာကြောင့် အသည်းကွဲပြီး အလုပ်ထဲမှာလည်း အဆင်‌မပြေမှုတွေနဲ့ စိတ်ဖိစီးနေရတဲ့အပြင်ကိုယ်လိုရာပုံသွင်းပြီး ပြောဆိုဝေဖန်တတ်ကြတဲ့ လူ့အသိုင်းအဝိုင်းကိုလည်း အမြင်မကြည်ဖြစ်လာခဲ့ပါတယ်။ဆစ်တစ်ယောက် ဒါတွေကို သည်းမခံနိုင်တဲ့အဆုံးမှာတော့ ဒီစိတ်ဖိစီးမှုတွေရဲ့ ဝေးရာကို ထွက်ပြေးဖို့ကြိုးစားရင်း သူဖြစ်ချင်သလို ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားမလား...ဘယ်လိုအခက်အခဲတွေနဲ့ ထပ်ကြုံလာရဦးမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်..အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်.. File size…1.8 GB / 920 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 16min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Nodidavaru Enanthare (2025)

Critical Keertanegalu (2023) 6.3
Critical Keertanegalu (2023) Critical Keertanegalu (2023) " ဒလိမ့်ကောင်ရှေ့နေနဲ့ အသေကြူးမယ့် မမများအဖွဲ့" IMDb 6.3/10မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး ဘောလုံးပွဲကိုနှစ်သက်ကျသလို အိန္ဒိယမှာလည်း ခရစ်ကတ်ဆိုတာ အရွယ်မရွေးနှစ်သက်တဲ့အားကစားပါပဲ။ အားကစားရဲ့ရည်ရွယ်ချက်ကကောင်းပေမဲ့ ယှဉ်ပြိုင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အနိုင်အရှုံးနဲ့ အလောင်းအစားလေးက ကပ်ပါလာတဲ့အခါ...အပျော်တွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်လာစေတဲ့အခါမှာ လောင်းကစားကလည်း အပျော်ဆော့တယ်ဆိုပေမဲ့ လောင်းရင်းလောင်းရင်း စွဲလမ်းစိတ်များလာတဲ့အခါမှာ ဒီစွဲလမ်းစိတ်ကြောင့် အိမ်ခြေရာမဲ့ဘဝတွေသာမကဘဲ အသက်တွေကိုပါ ဆုံးရှုံးရတာမျိုးတွေရှိလာတတ်ပါတယ်... ဒီဇာတ်လမ်းလေးကတော့ ဒီအချက်တွေကို အလေးထားပြီးတော့ လောင်းကစားတားမြစ်ဖို့အတွက် အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဒီလို အချက်တွေကို ထောက်ပြပြီးတော့ တရားရုံးမှာ အယူခံခဏခဏဝင်တဲ့ ပြည်သူ့ဘက်တော်‌သားအကြံပေးရှေ့နေ ကာရီရပ်ပါ... အမှုတွေတစ်ခုမှမနိုင်တဲ့အပြင် ပိုက်ဆံတစ်ပြားမှမရှာနိုင်တဲ့အတွက် အိမ်ထောင်ရှင်တို့ဘဝမှာ ဖြစ်တတ်တဲ့ မိန်းမသားတို့ရဲ့ ဆူပူနားငြီးတတ်တာတွေ...အချစ်အိမ်လေးကိုရှေ့တန်းတင်ပြီးတော့ ပညာရေးကို လစ်ဟထားလိုက်တော့ ဖြစ်လာတတ်တဲ့အကျိုးဆက်တွေ... ဒီလိုဇာတ်ရှုပ်ပေါင်းများစွာကို ဟာသလေးကို အခြေခံပြီးတော့ ရိုက်ကူးထားလိုက်တော့ ကြည့်ရှုရင်းနဲ့ ဘဝအမောတွေကို ပြေပျောက်သွားစေမှာမလို့ review လေးဖတ်ရင်း တစ်လက်စတည်း ကြည့်ရှုလိုက်ကြပါဦး...ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

Critical Keertanegalu (2023)

2023