Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anya Taylor-Joy
6.9
The Witch (2015) The VVitch: A New-England Folktale
The Witch (2015)IMDb Rating (7.0) / Rotten Tomatoes (91%) ၁၇ ရာစု New England မှာ ဇာတ်တည်ထားပြီး ပူရီတန်ဘာသာဝင် မိသားစုတစ်စုဟာ နေထိုင်လျက်ရှိတဲ့ လူ့အသိုင်းအဝန်းနဲ့ ဘာသာရေး ပဋိပက္ခတစ်ခု ဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့အတွက် တခြားလူသူမရှိတဲ့ တောစပ်နံဘေးမှာ သွားပြီး စိုက်ပျိုးရေးလုပ်စားကြပါတယ်။ဒီမိသားစုမှာ အဖေအမေအပြင် သမီးကြီးတစ်ယောက်ရယ် သူ့အောက်က ၁၀ နှစ်ကျော် သားတစ်ယောက်ရယ် အမွှာမောင်နှမနှစ်ယောက်ရယ် မွေးကင်းစလေးတစ်ယောက်ရယ် ရှိပါကြပါတယ်။လူတွေနဲ့ဝေးရာကို ရောက်လာလို့ အေးအေးချမ်းချမ်းနဲ့ လယ်လုပ်စားမယ်ဆိုမှ ဒီမိသားစုအပေါ် ကြမ္မာဆိုး စတင်ဝင်ရောက်လာပါတော့တယ်။သမီးကြီးက မွေးကင်းစလေးနဲ့ တူတူရေဝါး ဆော့နေတုန်း အသားလွတ် မျက်စိတမှိတ်အတွင်း ပျောက်သွားတာတွေ၊ မိခင်ဖြစ်သူရဲ့ အမွေအနှစ်ငွေခွက် ပျောက်တာတွေ၊ အမွှာနှစ်ယောက်က အစ်မကြီးဖြစ်သူကို စုန်းမလို့ စွပ်စွဲတာတွေ၊ တောထဲကို မသွားရဘူးပြောတာကို သွားခဲ့တဲ့ သားကြီးကရော ဘာတွေဖြစ်မလဲ စသဖြင့် ...
movie
The Witch (2015) The VVitch: A New-England Folktale
2015
4K HEVC
7.5
The Gorge (2025)
The Gorge (2025)TMDb Rating (7.5) / Rotten Tomatoes (61%) မင်းသမီး Anya Taylor-Joy ရဲ့ ရိုမန့်စ်အက်ရှင် ရုပ်ရှင်အသစ် ထွက်ပါပြီ။ဒါရိုက်တာကတော့ Doctor Strange ရဲ့ ဒါရိုက်တာဖြစ်တဲ့ Scott Derrickson ပါပဲ။ အက်ရှင်ကြမ်းကြမ်း ခပ်ရိုရိုကားကြည့်ချင်ရင် လက်လွတ်မခံပါနဲ့။ ဇာတ်လမ်းအကျဉ်းလီဗိုင်ဟာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စနိုက်ပါတစ်ယောက်ပါ။တပ်ကထွက်ပြီး ကြေးစားလုပ်နေချိန်မှာ တာဝန်ကြီးတစ်ခု အလုပ်အပ်လာပါတယ်။တာဝန်ကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှန်းမသိတဲ့နေရာ၊ လူမရှိတဲ့နေရာမှာ တာဝါတစ်ခုကို တစ်ယောက်တည်း သေနတ်တွေ ဗုံးတွေအပြည့်နဲ့ လုံခြုံရေးယူရတဲ့တာဝန်ပါပဲ။အဲဒီနေရာမှာ သူ့လိုပဲ တစ်ဖက်တာဝါမှာ လုံခြုံရေးယူနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။သူတို့နှစ်ယောက်က လုံးဝ ဆက်သွယ်ခွင့်မရှိဘူး။ဒါပေမဲ့ ဆက်သွယ်မိသွားပြီး ရင်းနှီးပြီးသွားပြီးနောက်မှာမှ သူတို့ ကင်းစောင့်ရတဲ့နေရာရဲ့ ကြောက်စရာလျှို့ဝှက်ချက်တွေကိုတွေ့လာပြီး အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(4.6 GB) / ...
movie
The Gorge (2025)
2025
4K HEVC
7.3
Split ( 2016 )
1975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသောJames McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုးကိုစိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီးဇတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ်တည်နေတဲ့စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထားပါတယ်...ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက်သောရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့်အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်....သူ့ရဲ့ ပုံမှန်ဘ၀ မှာတော့ အလွန်တော်တဲ့လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသောနာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသောကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ်စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မလာအောင်ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလ စိတ်အခြေအနေကိုအနိုင်ယူကာ ကိုယ်ရည်သွေး ...
movie
Split ( 2016 )
2016
4K HEVC
6.7
Marrowbone (2017)
Marrowbone (2017)IMDb Rating (6.7)ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ် Strangers Things က Charlie ရယ်စတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ် File size…(3.1 GB )/(1.1 GB)/ (810 ...
movie
Marrowbone (2017)
2017
4K HEVC
7.5
The Menu (2022)
The Menu (2022)~ IMDb - 7.5/10, RT - 89%, Meta - 71% ~ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~လူတစ်ယောက်ကို ...
movie
The Menu (2022)
2022
7.3
Radioactive (2019)
ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie
Radioactive (2019)
2019
7.0
Emma.(2020)
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့February လကမှထွက်ရှိထားတဲ့ ဇာတ်ကားအသစ်စက်စက်လေးပါ။Emma 2020ဟာဆိုရင် IMDb rating 7 ရထားတဲ့ ကားလေးဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံ ဟိုက်ဘရေးမြို့ကိုအခြေခံပြီးရိုက်ကူးထားတဲ့ Romance Comedy ဇာတ်ကားအမျိုးအစားပါဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင် အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ အမ်မာနဲ့ နိုက်တလီတို့ရဲ့ သူငယ်ချင်းသံယောဇဥ်နဲ့ အချစ်ကြားဝေခွဲမရဖြစ်မှုတွေကို၁၈၁၅ခုနှစ်အင်္ဂလန်နိုင်ငံရဲ့အငွေ့အသက်နောက်ခံနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ အမ်မာနဲ့ နိုက်တလီတို့ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ဖို့ ကြိုးစားနေတဲ့သူတွေ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးပါ File Size : ( 710 MB , 328 MB) Quality : WEB-DL 720p Running Time : 2 hr 04 min Format : Mp4 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by NuNu Phyoe Encoded by ...
movie
Emma.(2020)
4.6
Playmobil: The Movie (2019)
ကာတွန်းကားလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ပေါ့ပေါ့ပါးပါးကာတွန်းကားလေးပါ။Anya Taylor-Joyအပြင် အသံသရုပ်ဆောင်တွေအနေနဲ့Daniel Radcliffe, Adam Lambert နဲ့ Meghan Trainorတို့ကပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မာလာဆိုတဲ့ကောင်မလေးကငယ်စဉ်ကသူ့မောင်လေးနဲ့အတူ ခရီးတွေထွက်ပြီးစွန့်စားခန်းတွေဖွင့်ချင်ခဲ့ပေမယ့်မိဘတွေသေဆုံးသွားတဲ့အတွက်ကြောင့်လက်တွေ့ဘဝထဲမှာပဲကျင်လည်နေရပါတယ်။တစ်နေ့မှာတော့ အပြင်ထွက်သွားတဲ့သူ့မောင်လေးနောက်လိုက်ရင်းနဲ့သူတို့မောင်နှမ Playmobilကမ္ဘာထဲရောက်သွားပြီးရုပ်လေးတွေဖြစ်သွားပါတယ်။Vikingဖြစ်သွားတဲ့သူ့မောင်လေးဖမ်းဆီးခံလိုက်ရတဲ့နောက်မှာတော့မာလာတစ်ယောက်စွန့်စားခန်းတွေဖွင့်ရင်းလိုက်လံကယ်ဆယ်ရပါတော့တယ်။ဇာတ်လမ်းကခမ်းခမ်းနားနားကြီးမဟုတ်ပေမယ့်ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးပါ။ File Size : ( 928 MB , 347 MB )Quality : Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Animation , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub) ...
movie
Playmobil: The Movie (2019)
2019
6.8
Glass (2019)
UNICODE Blu-Ray(1080p5.1,720p,480p)ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ သူ့ေ့ရှကထွက်နှင့်ထားပြီးသားဖြစ်တဲ့ The Unbreakable (2000) နဲ့ Split (2016) တို့ကိုအရင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားသုံးကားဟာ ချိတ်ဆက်နေတယကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ေ့ရှနှစ်ကားမှာဇာတ်ကောင်တွေရဲ့စရိုက်သဘာဝတွေကိုရိုက်ကူးထားတာဆိုတော့ အဲ့ကားတွေအရင်ကြည့်ပြီးရင် ဒီကားဟာအချိတ်အဆက်ရှိရှိကြည့်လို့ကောင်းမယ့်ကားပဲဖြစ်ပါတယ်။ Thriller/Si-Fi ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ Cast တွေဟာလည်း သဘာရင့်မင်းသားကြီးတွေဖြစ်တဲ့ ေ့ရှကားတွေမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ Bruce Willis, Samuel L.Jackson နဲ့ James McAvoy တို့ပဲဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်သူ Mr.Glass ခေါ် Elijah ၊ စိတ်စရိုက်ပေါင်း ၂၄မျိုးနဲ့ Keven ၊ သူမတူတဲ့ခွန်အားတွေရှိတဲ့ David တို့သုံးယောက်ကို ချုပ်နှောင်ထားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရာကစပါတယ်။ သူတို့ကိုယ်သူတို့ သဘာဝလွန်စွမ်းအားတယ်ရှိတယ်ဆိုတာကို မဟုတ်ကြောင်း၊ စိတ်ရောဂါတစ်ခုသာဖြစ်ကြောင်းဖြေရှင်းဖို့စမ်းသပ်နေကြတာပာ။ အစကတော့သီးခြားစီခွဲခြားပြီးလုပ်နေကြပေမဲ့ သုံးယောက်သားပူးပေါင်းမိမှာတော့ ရှုပ်ထွေးမှုတွေစပါတော့တယ်။ အထူးသဖြင့် Mr.Glass ၂၄မျိုးဘွဲ့ရှင် Keven တို့ပဲဖြစ်ပါတယ်။ တစ်ယောက်လည်း အင်မတန်ထူးဆန်းတဲ့ဦးနှောက်၊ နောက်တစ်ယောက်က ရှင်းပြရခက်တဲ့အမူအကျင့်တွေနဲ့ ပေါင်းမိတာအပြင် အဲ့ဒီစမ်းသပ်ခန်းကပါလွတ်ထွက်သွားလိုက်တော့ လိုက်ဖြေရှင်းရတာပါပဲ။ ဒါပေမဲ့ Mr. Glass ဟာလည်းသူ့ရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ။ Keven ဟာလည်းသူ့ရဲ့နောက်ဆုံးစရိုက်ဖြစ်တဲ့ The Beast ...
movie
Glass (2019)
2019
7.3
Thoroughbreds (2017)
ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။သူတို့ဘ၀ဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by ...
movie
Thoroughbreds (2017)
2017