Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anupam Kher
5.1
Emergency (2025)
Emergency (2025) "အရေးပေါ်အခြေအနေ"အခုတစ်ခါမှာ မင်းသမီး ကန်ဂနားရာနော့ ကိုယ်တိုင်ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ သမိုင်းအထုပ္ပတ္တိဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အင်ဒီရာဂန္ဒီရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတာပါအင်ဒီရာဟာ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး နေရူရဲ့သမီးဖြစ်ပါတယ်အိန္ဒိယပြည်သူတွေက အစောပိုင်းမှာ သူ့ရဲ့လုပ်ရပ်တချိုကြောင့် တစ်တိုင်းပြည်လုံးချစ်ကြတဲ့ အမျိုးသမီးသူရဲကောင်းအဖြစ် မြင်ခဲ့ကြပြီး၁၉၆၆ မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ကာ ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ်ကို ပါကစ္စတန်လက်အောက်မှ လွတ်မြောက်ရေးမှာ ကူညီခဲ့ပါတယ်၁၉၇၅ မှာတော့ တိုင်းပြည်မငြိမ်သက်တာကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်လိုက်တဲ့နောက်မှာ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ စည်းမျဉ်းတွေက ပြည်သူတွေမုန်းစရာဖြစ်လာပါတယ်အိန္ဒိယပြည်သူတွေ ချစ်ခဲ့ကြ၊ မုန်းခဲ့ကြတဲ့ ဒီအမျိုးသမီးရဲ့ ငယ်ဘဝကနေ လုပ်ကြံခံရတဲ့အထိ အဖြစ်အပျက်တိုကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2 GB / 977 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Emergency (2025)
5.1
One Day: Justice Delivered (2019)
One Day - Justice Delivered (2019) မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိIMDb 5.1/10လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ စိတ်နေစိတ်ထား အမူအကျင့်မျိုးစုံ ရောနှောတည်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အမှုအခင်းတွေကလည်း ဖြစ်ပေါ်နေပါတယ်။တရားမျှတမှုရရှိသွားတဲ့ အမှုတွေရှိပေမဲ့လည်း တရားခံတွေ လွတ်မြောက်သွားတဲ့၊ အမှုအမှန်မပေါ်ပေါက်တဲ့ ရာဇဝတ်မှုတွေဟာလည်း များစွာရှိခဲ့၊ ရှိနေဆဲပါပဲ။ဒီဇာတ်ကားလေးထဲမှာလည်း တျာဂီဆိုတဲ့ တရားသူကြီးက အငြိမ်းစားယူတော့မှာပါ။ ဒါပေမဲ့ သူအလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် တရားခံမပေါ်ဘဲ ပိတ်သိမ်းခဲ့တဲ့အမှုတွေကို ပြန်လည်တွေးတောမိလာပါတယ်။ဗုံးပေါက်ကွဲမှုတစ်ခုရဲ့ မျက်မြင်သက်သေကောင်လေးတစ်ယောက်ကိုနှုတ်ပိတ်သတ်ဖို့ တာဝန်ကျဆရာဝန်တွေကို တရားခံတွေက လာဘ်ထိုးခဲ့ပါတယ်။ မြို့မျက်နှာဖုံးနာမည်ကြီးတွေမို့ အမှုမပေါ်ခဲ့ပါဘူး။တရားသူကြီးတျာဂီရဲ့ သမီးမင်္ဂလာဆောင်မှစလို့ မြို့မှာလူတွေ ပျောက်ဆုံးလာပါတယ်။ စုံစမ်းရေးအဖွဲ့မှာလည်း ဘာသက်သေမှရှာမရဖြစ်လာချိန် သူတို့တွေ့ရှိလာရတာကတော့ ဒီပျောက်ဆုံးသွားတဲ့သူတွေဟာ အမှုတစ်ခုနဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။အမှုမှန်မပေါ်ခဲ့တဲ့အမှုတွေကို တစ်ခုပြီးတစ်ခုဖော်ထုတ်ပြီး တာဝန်ကျေပွန်ချင်သူ တရားသူကြီးရဲ့ ဆန္ဒပြည့်ဝမလား၊ တရားခံတွေ ဆက်လက်လွတ် မြောက်နေဆဲ ဖြစ်မလားဆိုတာ ကြည့်ရှုအဖြေထုတ်ရင်း မှုခင်း၊ သည်းထိတ်ရင်ဖိုပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 1.6 GB / 954 MB Quality…WEB DL 1080p ...
movie
One Day: Justice Delivered (2019)
5.7
Singham Returns (2014)
ဇာတ်လမ်းအကျဉ်းကတော့သမာသမတ်ကျတဲ့ ရဲအရာရှိဘာဂျီရို ဆင်းဂမ်ရဲ့ နိုင်ငံရေးအကောက်ကြံတဲ့လူတွေကို ခြေမှုန်းတဲ့အကြောင်းပါပဲအသိဉာဏ်နည်းပြီး အယူသီးသူတွေရဲ့ကိုးကွယ်မှုကြောင့် အင်အားကြီးနေတဲ့ဘိုးတော်လိုလို ဘာလိုလို ဘာဘာကြီးဆိုသူဟာ နိုင်ငံရေးပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်နဲ့ပေါင်းပြီး ရွေးကောက်ပွဲအနိုင်ရဖို့ ပိုက်ဆံသုံးပြီး ဆင်းရဲတဲ့ပြည်သူတွေဆီက မဲတွေဝယ်ယူဖို့ကြိုးစားကြပါတယ်ဒီလိုနဲ့မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့်သူတို့လုပ်ရပ်တွေ ပေါ်မလိုဖြစ်သွားတဲ့ အခါမှာတော့ သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့ အကြမ်းဖက်ပြီးတော့ရော နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ပါ ကြိုးစားကြပါတော့တယ်ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သူတို့ရှိတာသိပေမယ့် သက်သေမရှိလို့ ဖမ်းမရပဲ ဖြစ်နေခဲ့ပါတယ် ဆင်းဂမ်က သူတို့ကို ဘယ်လို အဆုံးသတ်ပေးမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုသွားရမှာပါ .......................................................ဆင်းဂမ်က တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဥပဒေရအပြစ်ပေးလို့မရတဲ့သူတွေကို ဘယ်လိုဘယ်နည်းနဲ့ အပြစ်ပေးလည်းဆိုတာတော့ ပထမကားကြည့်ပြီးတဲ့သူတွေသိပြီးသားဖြစ်မှာပါဒုတိယကားမှာလည်း ပထမကားထက် ပိုမိုက်တဲ့ပုံစံတွေနဲ့ ဥပဒေအရ ထိလို့မရတဲ့ လူဆိုးတွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ် File size…3.77 GB / 1.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chanyein Soe
movie
Singham Returns (2014)
2014
6.3
Vijay 69 (2024)
Vijay 69 (2024) ၆၉နှစ် Imdb 6.3လူစည်နေတဲ့ဘုရားကျောင်းတစ်ခု ကွယ်လွန်သူဓာတ်ပုံကြီးထောင်ပြီး အမှတ်တရမိန့်ခွန်းပြောသူကပြော ငိုသူကငိုနဲ့ပေါ့ ဒီလိုအချိန်မှာ ဝုန်းခနဲပွင့်သွားတဲ့ဘုရားကျောင်းတံခါးနဲ့အတူဝင်လာတဲ့လူက ကွယ်လွန်သူဓာတ်ပုံထဲက ဗီဂျေး ..ဝရုန်းသုန်းကားတွေဖြစ်ပြီး အော်သူကအော် သရဲဆိုပြီးပြေးသူကပြေးပေါ့ ဇာတ်လမ်းအစမှာတင် ဂွကျခဲ့တဲ့ ၆၉နှစ်အရွယ် အဘိုးကြီးဗီဂျေးပါပဲ ဒီဇာတ်လမ်းထဲမှာ သင်ခန်းစာယူစရာခွန်အားတက်စရာတွေပါတာဖြစ်ပြီး Netflix ကထုတ်လွှင့်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်အသက်ကြီးလာလို့ဆိုပြီး သေမင်းကိုထိုင်စောင့်နေတဲ့လူတွေထဲ ဗီဂျေးမပါခဲ့ပါ အသက်၇၇ နှစ်ကျမှ အာကာသထဲထိခရီးဆန့်ခဲ့တဲ့ဂျွန်ဂလင်း အသက်၆၁နှစ်မှာ ခေါက်ဆွဲကိုဖန်တီးခဲ့တဲ့ မိုမိုဖူကူ ဒါတွေက သူ့ရဲ့စိတ်ပြင်းပြမှုတွေပါ ရောက်ရှိနေတဲ့အသက် ၆၉နှစ်မှာ သူများနဲ့မတူဘဲ ဗီဂျေးတစ်ယောက်ဘယ်လိုစိန်ခေါ်မှုတွေလုပ်သွားမလဲ ဘယ်လိုအခက်အခဲတွေကိုအန်တုမလဲဆိုတာကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.15 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vijay 69 (2024)
7.6
Toilet – Ek Prem Katha (2017)
"Toilet"လို့ပြောလိုက်တာနဲ့ပရိသတ်ကြီးပိုပြီး စိတ်ဝင်စားလာသလိုနည်းနည်းလည်းကြောင်သွားမယ်ထင်တယ်ဗျမြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့သန့်စင်ခန်း (သို့) ရေအိမ်ပေါ့ဗျာအရပ်အခေါ်တော့"အိမ်သာ"ပေါ့ဇာတ်ကားနာမည်ထက်ပိုအံ့သြဖို့ကောင်းတာက အိန္ဒိယနိုင်ငံမှာ သန့်စင်ခန်းတစ်ခုကြောင့်အစိုးရအထိဂယက်ရိုက်ခဲ့ရတယ်ဆိုတာပါပဲဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ရွာတစ်ရှာမှာ ဓလေ့တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ မနက်အစောအာရုဏ်မတက်ခင် အမျိုးသမီးတွေစုပြီးလိုတာပါတီလို့ခေါ်တဲ့ရွာနဲ့ခပ်လှမ်းလှမ်းကိုရေအိမ်စုဝေးသွားကြတဲ့ဓလေ့ပါအမျိုးသားတွေကတော့ကြုံရာကျပန်းပေါ့ဗျာ သူတို့ရဲ့အယူသည်းတဲ့ယဉ်ကျေးမှုရအိမ်တိုင်းမှာသန့်စင်ခန်းဆိုတာမရှိကြပါဘူးသန့်စင်ခန်းတွေကိုအိမ်ထဲမှာဆောက်ရင် နိမိတ်မကောင်းဘူး ညစ်ပတ်တယ် ရွံစရာကောင်းတယ်စသဖြင့် အယူအစွဲတွေနဲ့သမုတ်ထားကြတာပါရွာထဲက Akshay Kumar (Kesav)ကတော့စက်ဘီးရောင်းတဲ့သူပါတစ်နေ့စက်ဘီးမှာတာသွားပို့ရင်း Jaya လို့ခေါ်တဲ့BCAကျောင်းသူ (ကွန်ပြူတာကောလိပ်ကျောင်းသူ)လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်ဒီမိန်းကလေးနဲ့တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်အသက်ဝင်လာခဲ့ပါတယ်သူဘာလို့ အသက်၃၆နှစ်ထိမိန်းမမရတာလဲဆိုတာတော့စိတ်ဝင်စားစရာတစ်ပိုင်းပေါ့ဗျာဒီလိုနဲ့အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့သူ့ရဲ့အချစ်တွေကနှလုံးသားကနေတစ်ဆင့် ပါးစပ်ဖျားကတော်ကီတွေအဖြစ်ရောက်လာလို့နောက်ဆုံးကောင်မလေးနဲ့ညားသွားပါတယ်မင်္ဂလာဦးညမှာတင်အခက်တွေ့တာတစ်ခုက အစောကကျွန်တော်ပြောခဲ့သလိုတာပါတီပဲကောင်မလေးက ကီရှက်ဖ်နဲ့အိမ်မှာ သန့်စင်ခန်းမရှိတာမသိဘူးဗျလူကလည်းပညာတတ်/ အယူမသည်းတဲ့သူ /ဒီလိုအပြင်ထွက်ပြီး ကိစ္စဝိစ္စရှင်းရတော့မယ်ဆိုတော့သူလည်း ပျားတုတ်တော့တာပဲဒီလိုနဲ့အချစ်တွေပြည့်ဝနေတဲ့သူတို့ရဲ့အိမ်ထောင်ရေးက သန့်စင်ခန်းဆိုတဲ့ဗီလိန်ကြောင့်အချိန်ကြာလာတော့လည်းမကျေနပ်စရာတွေဖြစ်လာတာပေါ့အရေးပေါ်အစီအစဉ်တွေနဲ့ ဖြေရှင်းခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ပါဘူး နောက်ပိုင်း သူတို့လင်မယားကွဲရမယ့်အခြေအနေအထိဖြစ်သွားခဲ့ပါတယ်ဒီသန့်စင်ခန်းမရှိတာနဲ့ပတ်သတ်ပြီး လင်မယားကွဲရတယ်လို့ပြောရင်ဘယ်သူယုံမှာလဲဗျာ သန့်စင်ခန်းမရှိတာများဆောက်လိုက်ပေါ့လို့ဖြေကြမှာပါ ဒီဇာတ်ကားလေးကြည့်လိုက်ရင်တော့ယုံသွားမှာအသေအချာပါပဲဒါပေမယ့်အဲ့ဒီသန့်စင်ခန်းလေးတစ်ခုဆောက်ရဖို့အရေးတစ်ဖက်ကလည်း မိန်းမ တဖက်ကလည်းရှေးရိုးစွဲနေတဲ့ရွာခံတွေနဲ့ကီရှက်ဖ်ရဲ့အဖေ ဒီကိစ္စတွေကြားမှာတိုင်ပတ်သွားတာက ကီရှက်ဖ်နဲ့ဂျာရာပေါ့ သူတို့၂ယောက်ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆ ရှေးရိုးအစဉ်အလာတွေကိုဘယ်လိုအတူရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့...................,ပညာပေးဇာတ်ကားဖြစ်သလို ဟာသ/ အချစ်/ အလွမ်းတွေပြည့်နှက်နေတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ(ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File size… 4 GB / 1.7 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Pyae Xeinn Sett
movie
Toilet – Ek Prem Katha (2017)
2017
6.8
The Signature (2024)
The Signature 2024 (လက်မှတ်)ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဝါရင့်သရုပ်ဆောင် Anupam Kher ပါဝင်တဲ့ ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။အိမ်ထောင်သက် ၃၅နှစ်တာသက်တမ်းရှိပြီဖြစ်တဲ့ အာဗင်နဲ့ မာဒူတို့ လင်မယားနှစ်ယောက်၊ တစ်ရက်မှာ သူတို့လင်မယားခရီးထွက်ဖို့ပြင်ရင်းနဲ့ လေဆိပ်မှာတင်ပဲ မာဒူတစ်ယောက် မူးလဲရာကနေ ဆေးရုံတင်လိုက်ရပါတော့တယ်။အခုခေတ်မှာ ဆေးရုံဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်းပဲ ဘာလေးပဲဖြစ်ဖြစ် ငွေအတောင့်လိုက်ကုန်တဲ့ခေတ်ဆိုတော့လည်း မာဒူတစ်ယောက်အတွက် ဆေးရုံတက်တဲ့ ပထမနေ့မှာတင် ရူပီး၁သိန်းခွဲကုန်ခဲ့ပြီးတော့ ၉ရက်တာကာလအတွင်းမှာတင် အာဗင်စုထားတဲ့ ရူပီးငွေ၆သိန်းကျော်လုံး ကုန်သွားခဲ့ပါတော့တယ်။ဇနီးဖြစ်သူဟာ အသက်ရှူစက်အကူအညီနဲ့ နေနေရတာဖြစ်ပြီးတော့ တစ်ရက်တစ်ရက် ကုန်ကျစရိတ်ကလည်း မနည်းဆိုတော့ မိန်းမဖြစ်သူအတွက်နဲ့ ဘယ်တုန်းကမှ သားသမီးတွေကို အောက်ကျို့မခံခဲ့တဲ့အာဗင်ဟာ သားသမီးတွေဆီကနေ ငွေအကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့လည်း အိမ်ထောင်ကိုယ်စီကျနေပြီဖြစ်တဲ့ သားသမီးတွေဟာလည်း အများကြီး ကူညီမပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူဟာ အမေကိုချစ်ပေမယ့် ဆေးရုံစရိတ်တွေမနိုင်တဲ့အတွက် အဖေဖြစ်သူကို အမေ့အတွက် DND လုပ်ဖို့ လက်မှတ်ထိုးခိုင်းလာတဲ့အချိန်မှာတော့ မိန်းမကို ရသလောက်အသက်ဆက်ဖို့ပဲလုပ်မယ်ဆိုပြီး ငြင်းပယ်ရင်းနဲ့ .......ဆေးရုံစရိတ်ခတွေအတွက် အာဗင်တစ်ယောက် ဘယ်လိုတွေ ကြံဖန်မလဲ ..... သူ့မိန်းမကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ ....... ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်) File size… 1.33 GB / 607 ...
movie
The Signature (2024)
6.1
My Own Sky aka Apna Asmaan (2007)
Apna Asmaan(2007) "သင်းကွဲငှက်"IMDb 6.1 မင်းသား Arrfan Khan ရဲ့ ဟင်ဒီဒရာမာ ရုပ်ရှင်အဟောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်ဘူဒီဆိုတဲ့ အော်တင်ဇင် ဝေဒနာရှင်ကလေးဟာ ဉာဏ်ရည်မဖွံဖြိုးတဲ့အတွက် ကျောင်းတွေကလည်း လက်မခံသလို လူတချို့ကလည်း သူ့ကိုအနိုင်ကျင့်ချင်ကြပါတယ်သူ့အဖေအမေတို့ဟာလည်း ဒါကြောင့်ပဲ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတာပေါ့ဒေါက်တာဆပ်တရာဆိုသူက Brain Booster ဆိုတဲ့ ဆေးတစ်မျိုးကို မျောက်ဝံတွေမှာ စမ်းသပ်တီထွင်လိုက်တဲ့အခါမှာတော့ ဘူဒီ့မိဘတွေဟာ အဲဒီဆေးကို သူတို့သားလေးကို ထိုးပေးခဲ့တယ်ဒီလိုနဲ့ ဉာဏ်ရည်မြင့်တဲ့ကလေးတစ်ယောက် ဖြစ်လာခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုရှိလာမှာလဲ သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ Alex ~ ToMo တို့ပဲ ဖြစ်ပါတယ် File size… 1.95 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ KKKZ ~ Alex ...
movie
My Own Sky aka Apna Asmaan (2007)
6.9
Kaho Naa…Pyaar Hai (2000) Kaho Naa Pyaar Hai
Kaho Naa...Pyaar Hai (2000)IMDb Rating (6.9) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသား Hrithik Roshan ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို မင်းသမီး Ameesha Patel ရဲ့ ပွဲဦးထွက်ရုပ်ရှင်လဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး Rakesh Roshan က သူ့သား Hrithik Roshan ကို စတင်ပွဲထုတ်တဲ့ ဒီရုပ်ရှင်ကားက ဘယ်လောက်တောင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သလိုဆိုရင် ဆုပေါင်း ၉၂ ခုထိ ရရှိခဲ့လို့ ဂရင်းနစ်စံချိန်ထဲတောင် ဝင်ခဲ့ပါတယ်။ Best Actor,Best Male Debut, Best Female Debut, Best Film ,Best Music Director, Best Director အစရှိတဲ့ ဆုပေါင်းများစွာကို အိန္ဒိယမှာကော နိုင်ငံတကာမှာပါရရှိခဲ့ပါတယ်။Kaho Naa Pyaar Hai(2000) ရဲ့အောင်မြင်မှုကြောင့် မင်းသား Hrithik ...
movie
Kaho Naa…Pyaar Hai (2000) Kaho Naa Pyaar Hai
2000
1080p Untouched
8.1
A Wednesday! (2008)
"လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလို သရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့် ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာ ရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A က မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ခဲ့ကြောင်း ဆိုသည်။A ၏ ရည်ရွယ်ချက်မှာ နာမည်ကြီး ...
movie
A Wednesday! (2008)
2008
4.8
Mausam (2011)
Mausam (2011) "မုန်တိုင်းကို ရင်ဆိုင်၍"၂၀၁၁ က ထွက်ရှိခဲ့တဲ့ ဟင်ဒီရိုမန့်ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ဗျာမျက်နှာထားချိုချိုနဲ့ မင်းသား Shahid Kapoor နဲ့ မင်းသမီး Sonam Kapoor တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ၁၉၉၂ - ၂၀၀၂ ကြား သမိုင်းနောက်ခံဖြစ်ရပ်တွေ အရေးခင်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်၁၉၉၂ မှာ အာရက်နဲ့ သူ့အဒေါ်ဟာ ကတ်ရှ်မီးယားကနေ Mallukut ကို ထွက်ပြေးလာပါတယ် သူ့အမေကို စစ်သွေးကြွတွေလက်ချက်နဲ့ ဆုံးရှုံးခဲ့ရတာပါအဲဒီမှာ ပျော်ပျော်နေတတ်တဲ့ တက်တက်ကြွကြွကောင်လေး ဟယ်ရီနဲ့ စတွေ့ပါတယ် ဒီလိုနဲ့ ချစ်သူတွေဖြစ်သွားကြတယ် ဆိုပါတော့ဒါပေမဲ့ သူတို့တွေအကြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ရပြီး နောက်ထပ်ပြန်လည်ဆုံတွေ့ချိန်မှာလည်း နိုင်ငံရေးအခြေအနေတွေက သူတို့နှစ်ယောက်နီးစပ်ရေးကို အမျိုးမျိုးတားဆီးပြန်ပါတယ်မတူညီတဲ့ နောက်ခံမှလာတဲ့ ချစ်သူနှစ်ဦး... စစ်ပွဲ၊ ဘာသာရေးပဋိပက္ခ ခလုတ်ကန်သင်းတွေကြားမှ လွတ်လမ်းကို အတူရှာတွေ့သွားနိုင်မှာလားအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 4.2 GB / 1.9 GB Quality…WEB DL ...
movie
Mausam (2011)
4.8
The Shaukeens (2014)
The Shaukeens (2014) "ခြောက်ဆယ်ကျော်အချစ်" IMDb - 4.8/10၁၉၈၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Shaukeenကို ပြန်လည်ဆန်းသစ်ထားတဲ့ ၂၀၁၄ထွက် ဟိန္ဒူရုပ်ရှင်အဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မင်းသားကြီးအက်ရှေးကူးမားနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ပို့နေရာကတွေ့ရတတ်တဲ့အဘိုးကြီးသုံးယောက်အဓိကပါဝင်ထားကြပါတယ်။လာလီ၊ ကေဒီနဲ့ ပင်ကီဆိုတဲ့ ခြောက်ဆယ်ကျော်အဘိုးကြီးသုံးယောက်။ ရတာမလို လိုတာမရနဲ့ ဘ၀မှာ အထီးကျန်နေကြပြီး အသက်ကြီးပေမဲ့ မပျက်စီးချင်ကြသေးဘဲ ရင်ခုန်သံတွေပျိုမြစ်လတ်ဆတ်နေတုန်းအချိန်။ သုံးယောက်တည်းမှာ လူပျိုကြီးဘ၀နဲ့ ဖြတ်သန်းလာခဲ့ရသူ ကေဒီက အချမ်းသာဆုံးနဲ့ တအားပွေးချင်တဲ့သူ။ သူငယ်ချင်း လာလီနဲ့ပင်ကီကိုမြှောက်ပေးပြီး သူ့အပန်းဖြေအိမ်မှာ စကီလေးတွေခေါ်ပြီးပျော်ပါးဖို့ ကြိုးစားရာကစ သူတို့တွေစွဲလန်းမိသွားတာ အဟာနာဆိုတဲ့ အမျိုးသမီးလေး။ အဟာနာက ဆိုရှယ်မီဒီယာကို တအားစွဲလန်းနေတဲ့သူတစ်ယောက်။ဒီမှာပဲ အက်ရှေးရဲ့ဖန်ဖြစ်တဲ့ အဟာနာကို အက်ရှေးနဲ့တွေ့ပေးဖို့အရေး အဘိုးကြီးသုံးယောက်ကြိုးစားရာကစဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.2GB /1.4GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
The Shaukeens (2014)
Dirty Politics (2015)
Dirty Politics 2015 Genre - Dramaဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားဟောင်းလေးကို CM Bollywood ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့ အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ် ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်း ရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကို ကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲ အကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲ တကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။) File size…2.4GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Dirty Politics (2015)
2015
4.8
Super Nani (2014)
Super Nani (2014)"တုနှိုင်းမဲ့မေတ္တာ" =============================3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ ...
movie
Super Nani (2014)
2014
7.3
Chhota Bheem and the Curse of Damyaan (2024)
Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" =========================================လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie
Chhota Bheem and the Curse of Damyaan (2024)
2024
7.6
Lust, Caution (2007)
Lust, Caution (2007)IMDb Rating (7.6) / Rotten Tomatoes (73%)အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို ...
movie
Lust, Caution (2007)
2007
7.4
Kaagaz 2 (2024)
Kaagaz 2 (2024)IMDb - 7.6/102021 တုန်းက အိန္ဒိယအစိုးရနဲ့ 19 နှစ်တိတိ ယှဉ်ပြိုင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Kaagaz 1ရဲ့အောင်မြင်မှုတွေအပြီးမှာတော့ Kaagaz 2 ထပ်မံထွက်ရှိလို့လာပါပြီ။ Life Struggleကိုပြသချင်တာချင်းတော့တူပေမဲ့ ဒီတစ်ခါမှာတော့ political satire မဟုတ်ဘဲ past traumaတွေနဲ့အိန္ဒိယစစ်သားလေးတစ်ယောက်ရဲ့ သူရဲကောင်းဘဝခရီးလေးပေါ့။ငယ်ငယ်ထဲက ဆရာမကဘာလုပ်ချင်လဲမေးရင် စစ်သားကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တဲ့ အူဒေးတို့သူငယ်ချင်းနှစ်ယောက် အရွယ်ရောက်လာတော့ အိပ်မက်အတိုင်းပဲ စစ်ထဲဝင်လို့ စစ်သင်တန်းကျောင်းတက်ကြတာပေါ့။စစ်ယူနီဖောင်းကသာကြည့်ကောင်းပေမဲ့ တပ်စည်းကမ်းနဲ့ တပ်လေ့ကျင့်ရေးတွေက ပျော်စရာမဟုတ်တဲ့အတွက် အူဒေးတစ်ယောက် စိတ်ညစ်လာပါတော့တယ်။ တကယ်တော့ သူစစ်ထဲဝင်ချင်တာ မိသားစုဂုဏ်ကြောင့်တို့ အမိမြေကြီးကိုချစ်လို့တို့မဟုတ်ဘဲ Daddy Issues တွေနဲ့ကြီးပြင်းခဲ့တဲ့သူဆိုတော့ သူသတ္တိရှိကြောင်းကိုပြချင်ခဲ့တဲ့အတွက်ပါ။ ဒီလိုနဲ့ပဲ ထွက်မယ်တကဲကဲလုပ်နေတဲ့အူဒေးကို သူငယ်ချင်းက ချစ်သူမွေးနေ့မှာ ခိုးထုတ်ပေးမယ်ဆိုပြီး ချွေးသိပ်လိုက်တာပေါ့။ချစ်သူတာနူနဲ့တွေ့ပြီးအပြန်မှာ လူတစ်စုက မိန်းကလေးကို ဣန္ဒြေပျက်အောင် စော်ကားနေတာမြင်တော့ သူရဲကောင်းဖြစ်ချင်နေတဲ့အူဒေးလည်း ထုံးစံအတိုင်း ဟီးရိုးဝင်လုပ်ပါတော့တယ်။ ဟီးရိုးဆိုရင် ချီးမြှောက်ခံရမယ်ထင်ပေမဲ့ လက်တွေ့မှာ အိန္ဒိယစစ်စည်းကမ်းနဲ့အပြစ်ပေးခံလိုက်ရတော့ ကျောင်းပြေးလေးလုပ်ချင်နေတဲ့အူဒေးတစ်ယောက် ရင်ထဲကအစိုင်အခဲတွေကြီးမားလာတဲ့အခါ....အူဒေးတစ်ယောက် ကျောင်းပြေးလေးပဲဖြစ်သွားမလား တပ်ထဲမဝင်ခင်က သူရဲဘောမကြောင်ဘဲ သူရဲကောင်းလုပ်မယ်ဆိုတဲ့ သူ့ရဲ့ကတိကိုပဲ ဖြည့်ဆည်းနိုင်သွားမလားဆိုတာ ဆက်လက်ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie
Kaagaz 2 (2024)
2024
5
Kyaa Super Kool Hain Hum (2012)
Kyaa Super Kool Hain Hum (2012) "ခပ်ချိုချို တလွဲဖြစ်ခြင်းများ" =============================အတည်ပေါက်နဲ့ခွီရတာမျိုးမဟုတ်ဘဲ ပေါတောတောနဲ့ တကယ်ခွီ တကယ်ရယ်ရတဲ့အတွက် နောက်ဆက်တွဲရုပ်ရှင်နှစ်ကားပါ ထပ်ထွက်ခဲ့တဲ့ ဟင်ဒီစကားပြော ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေမပါသလို သရုပ်ဆောင်တွေကလည်း အရမ်းချောတဲ့ထဲ မပါတဲ့အပြင် ဇာတ်လမ်းအစမှာ ခပ်ပေါ့ပေါ့ဟာသတစ်ကား ကြည့်မိသွားသလို ခံစားသွားရစေနိုင်ပေမဲ့ မိနစ်အနည်းငယ်ကြာတာနဲ့ ကွာလတီရှိတဲ့ ဟာသကားဆိုတာကို သဘောပေါက်သွားကြမှာပါ။ဇာတ်လမ်းကတော့ ထွေထွေထူးထူးမဟုတ်ဘဲ ဆစ်ဒ်နဲ့ အာဒီဆိုတဲ့ လူငယ်နှစ်ယောက် အိပ်မက်တွေနောက်လိုက်ရင်း ကပေါက်တိ ကပေါက်ရှာတွေဖြစ်တာကို ဇတ်ကွက်ဖော်ရိုက်ကူးထားတာ။ရုပ်ရှင်ထဲမှာသုံးထားတဲ့ ပြက်လုံးတွေကလည်း အရိုင်းဆန်သလိုရှိပေမဲ့ အခြေအနေကိုလိုက်ပြီး သဘာဝကျကျရယ်ရအောင် သူ့နေရာနဲ့သူ ထည့်ထားတဲ့အတွက် စိတ်ပင်ပန်းလို့ ဟက်ဟက်ပက်ပက်ရယ်ချင်နေတဲ့သူတွေ တကယ်ကြည့်သင့်တဲ့ရုပ်ရှင်လေးတစ်ခုပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…4.3GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kyaa Super Kool Hain Hum (2012)
2012
6.9
Chup Chup Ke (2006)
Chup Chup Ke (2006)"ရွာလည်တဲ့ နဖူးစာ" =================================ဘာအမျိုးမှမတော်ကြတဲ့ နာမည်ကြီးကပူးရ်နှစ်ယောက်ဖြစ်တဲ့ ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ အချစ်ဟာသဇာတ်လမ်းဟောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Kabir Singh နောက်ပိုင်းမှ ရှာဟစ်ကိုရင်းနီးလာတဲ့ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်ထဲမှာ ရှာဟစ်ရဲ့ရုပ်ကို မနည်းပြန်ဖမ်းယူရမှာပါ။ဂျီတူးဆိုတဲ့ကောင်လေးဟာ အလုပ်လုပ်ချင်စိတ်ရှိသူပါ။ အလုပ်တိုင်းကို စိတ်ပါလက်ပါလုပ်ပေမဲ့ တစ်ခုမှမအောင်မြင်ဘဲ အကြွေးတွေသာ တင်ပြီးရင်းတင်ကာ ကြိုးစားတိုင်းမဖြစ်နိုင်ကြောင်းပြနေတဲ့ သက်ရှိသက်သေပေါ့။သူဟာ တစ်နေ့ အကြွေးရှင်တွေအားလုံးကို ခေါ်ပြီး အားလုံးရှေ့မှာပဲ မြစ်ထဲကိုခုန်ချကာ သေမှန်းမသိရှင်မှန်းမသိပျောက်သွားခဲ့ပါတယ်။အဲဒီလိုပျောက်သွားတဲ့အတွက် အရင်က သူ့ကိုချေခဲ့တဲ့ မိသားစုဝင်တွေ၊ အကြွေးရှင်တွေ နောင်တရပြီး သူ့ကို အောက်မေ့နေကြတုန်းမှာ သူဟာ ပုံစံအသစ်နဲ့ပြန်ပေါ်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး ရယ်ရမောရတဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.9GB /1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Chup Chup Ke (2006)
2006
8
M.S. Dhoni: The Untold Story (2016)
MS.Doni The Untold Story (2016) "ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ"IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေအဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် ...
movie
M.S. Dhoni: The Untold Story (2016)
2016
7.6
The Vaccine War (2023)
The Vaccine War (2023) IMDb-7.6/10ဒီရုပ်ရှင်က လူသားအားလုံးရဲ့အကျိုးကို ဆောင်နေကြတဲ့သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုထားတဲ့ဇာတ်လမ်းပါ။အထူးသဖြင့် အိန္ဒိယက အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွှန်းထားပါတယ်။ The Tashkent Files (2019)၊ Kashmir Files (2022)တို့လို့ ဆုတွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီးဗီဗက်အက်ဂ်နီဟိုတရီရိုက်ကူးခဲ့တဲ့ ဆေးသိပ္ပံဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အသည်းရောင်ဘီကာကွယ်ဆေးကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ပိုလီယိုကာကွယ်ဆေးကို နှစ်ဆယ့်နှစ်နှစ်ကျော်ကြာမှမေးခိုင်ကာကွယ်ဆေးကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာမှ အိန္ဒိယပြည်သူတွေကို ထိုးပေးနိုင်ခဲ့တဲ့အတွက် သိပ္ပံပညာရှင် ဒေါက်တာတစ်စုကနေ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံပိုင်ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။ဆရာဝန်တွေရဲ့ မိသားစုပြဿနာတွေ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာရယ် မလိုသူတွေရဲ့ ဒုက္ခပေးတိုက်ခိုက်မှုတွေရယ်နဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.18GB / 854MB Quality…1080p WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
The Vaccine War (2023)
2023
1
2
Next