Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Annie Potts
7.9
Toy Story 2 (1999)
ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie
Toy Story 2 (1999)
1999
4K HEVC
8.2
Toy Story 4 (2019)
ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီးကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာမိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာနှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာအရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကိုရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း အန်ဒီဟာဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေပေးပစ်လိုက်တာကနေ စတင်ပါတယ်။ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို ...
movie
Toy Story 4 (2019)
2019
4K HEVC
6.7
Lamp Life (2020)
Lamp Life (2020)=============IMDb Rating - 6.7/10 ဒီတစ်ခေါက်က ကလေးရော လူကြီးရောအကြိုက် toy story က အသစ်ထပ်ထွက်တဲ့ကာတွန်းဇာတ်လမ်းတိုလေးနဲ့ မိတ်ဆက်ပေးမယ်နော်။ ကစားစရာအရုပ်ကလေး ဘိုတစ်ယောက် မီးအိမ်ဘဝကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အကြောင်းကိုရိုက်ကူးထားတာပါ . . .Toy story 1,2,3,4 ထွက်ရှိထားပြီး လူကြိုက်များတဲ့ ကာတွန်းကားကောင်းတွေထဲက lampရဲ့အပိုင်းတိုးလေးမို့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 1080p WebRipDuration - 10minSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Short, AdventureSource : 1080p.WebRipTranslator – ParrisEncoder – SWM
movie
Lamp Life (2020)
2020