Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Annette Bening
7.2
Captain Marvel (2019)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Captain Marvel (2019)
2019
4K HEVC IMAX
6.8
The American President (1995)
The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie
The American President (1995)
1995
6.9
The Grifters (1990)
The Grifters (1990)~ IMDb - 6.9/10, Rotten Tomatoes - 91% ~National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ဒီရုပ်ရှင်ကို Crime ဝတ္ထုနယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို ...
movie
The Grifters (1990)
1990
6.2
Ginger & Rosa (2012)
Ginger & Rosa (2012)~ IMDb - 6.2/10, Rotten Tomatoes - 78% ~ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောကတွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ...
movie
Ginger & Rosa (2012)
2012
6.9
Jerry And Marge Go Large (2022)
Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie
Jerry And Marge Go Large (2022)
2022
8.3
American Beauty (1999)
ဒီကားလေးကတော့ အရမ်းကို ကောင်းလွန်းတာကြောင့်အများကြီး သိပ်ညွှန်းဖို့ လိုမယ် မထင်ပါဘူး.ဘာကြောင့်လဲဆိုတော့ IMdB 8.3/10 နဲ့အော်စကာ ၅စု,ပြီးတော့ တခြားဆုပေါင်းများစွာ ရခဲ့လို့ပါပဲ.ဇာတ်လမ်း အကျဉ်းကတော့ အလုပ်မှာလဲအဆင်မပြေ.အိမ်က မိန်းမနဲ့ သမီးရဲ့ လေးစားခြင်းကိုလဲမရတဲ့ လက်စတာဟာ တနေ့မှာသမီး ဖြစ်သူရဲ့ သူငယ်ချင်းမလေး ကို တွေ့သွားတဲ့အခါချစ်ကြိုက်မိသွားခဲ့ပါတယ်.အဲ့အခါမှာလက်စတာဟာသူမကို ရဖို့ကြိုးစားရင်း ဖြစ်ပျက်ခဲ့တာတွေ,သမီး ဖြစ်သူရဲ့ စိတ်ခံစားချက်တွေ,အိမ်ထောင်ရေးပဍိပက္ခတွေနဲ့ ,လူငယ်နဲ့ မိဘကြားကနားလည်မှုလွဲနေတာတွေကို ခံစားဖို့ ရိုက်ကူးပြသထားတဲ့ မိသားစုဒရာမာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်........အရမ်းကြီး ညွှန်းလိုက်ရင် spoilဖြစ်မှာဆိုးလို့ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်....တချို့ဇာတ်ဝင်ခန်းတွေမှာ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တာကြောင့် ၁၈+အဖြစ်သတိပေးအပ်ပါတယ်ခင်ဗျာ File size…871MB and 3GB Quality…720p and 1080p HEVC 5.1CH Format…Mp4 Duration….2h 1min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by YK
movie
American Beauty (1999)
1999
HEVC 1080p 5.1
6.3
The Siege (1998)
ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။ ၁၉၈၀ ကျော်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်ကို ကျူးကျော်တုန်းက အမေရီကန် CIA တွေက ဘင်လာဒင်တို့လို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ကို တော်လှန်ရေးသမားအဖြစ် မွေးမြူခဲ့တယ် ။ CIA ရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရီကန်ရဲ့ အကျိူးစီးပွားကို ထိခိုက်နိုင်တဲ့ ဆိုဗီယက်ရဲ့ ဩဇာအာဏာကို ဟန့်တားဖို့ပေါ့ ။ ၁၉၉၀ ကျော် အမေရီကန် သမ္မတ ဂျော့ဘုရှ် လက်ထပ်မှာတော့ အီရတ်က ဆတ်ဒမ်ဟူစိန်ကိုအမေရီကန်က ဖြုတ်ချချင်တယ် ။ အီရတ်ပြည်တွင်းမှာ ဆတ်ဒမ်ကို တော်လှန်ချင်သူတွေကို လက်နက်တွေပေးတယ် ၊ အကြမ်းဖက်နည်းတွေ သင်ပေးတယ် ၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ် ။ အမေရီကန် သမ္မတသစ် ကလင်တန် လက်ထပ်မှာ နိုင်ငံခြားရေးမူဝါဒကပြောင်းသွားတယ် ...
movie
The Siege (1998)
1998
7.2
The Report (2019)
unicodeRating 7.2 အထိရရှိထားတဲ့ ကားကောာင်းလေးဖြစ်ပါတယ်...သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခု တင်ထားပေးပါတယ်။စီအိုင်အေရဲ့ ကမ္ဘာကျော် အရှုပ်တော်ပုံတွေထဲက တစ်ခုပါပဲ။နိုင်းအလဲဗန်းမှာ ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးတိုက်ညီနောင်ကိုအယ်ကိုင်ဒါအကြမ်းဖက်တွေ လေယာဉ်နဲ့ဝင်တိုက်သွားတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲပါ။ဒီကိစ္စဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး မအောင်မြင်မှုဖြစ်လာပြီးစီအိုင်အေလည်း အတော်ကို အရှက်ရခဲ့ရပါတယ်။ဒီဖြစ်ရပ်နောက်မှာတော့ အယ်ကိုင်ဒါကနေ ဖမ်းမိတဲ့အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို တစ်ဆင့်မြှင့်စစ်ကြောရေးစနစ်လို့ ခေါ်မယ့်EIT ( enhanced interrogation techniques ) ကို စတင်ကျင့်သုံးခဲ့ပါတယ်။ဒီနည်းစနစ်တွေဟာ ရက်စက်ပြီး ကြမ်းတမ်းတဲ့အတွက်စီအိုင်အေအတွင်းမှာပဲ ကန့်ကွက်သူတွေ ထောက်ခံသူတွေ ၂ ခြမ်းကွဲနေခဲ့တာပါပဲ။ဒါပေမယ့် နိုင်းအလဲဗန်းလို ဖြစ်ရပ်မျိုး ထပ်အဖြစ်မခံနိုင်တဲ့ အတွက်သမ္မတ ချယ်နေ နဲ့ သမ္မတ ဘွတ်ရှ်တို့လက်ထက်မှာတရားဝင် ဒါကို အသုံးပြုနေခဲ့ကြတယ်။ဒီစစ်ကြောရေးတွေနဲ့ ပတ်သတ်ပြီးလွှတ်တော် ထောက်လှမ်းရေး ကော်မတီက ပြန်လည် ဆန်းစစ်တဲ့အခါဒီနည်းလမ်းတွေကြောင့် သတင်းမှန်တွေ မရဘဲသတင်းမှားတွေ၊ သိပြီးသား သတင်းတွေပဲ ရလာတာကို သိလာရပါတယ်။စီအိုင်အေဘက်ကလည်း ဒီနည်းလမ်းတွေဟာအောင်မြင်မှုရမှသာ ...
movie
The Report (2019)
2019
5.8
The Seagull (2018)
တောအိမ်ရှင်သခင်မမှာ အသက် ၅၀ ကျော်အရွယ်နာမည်ကြီးပြဇာတ်သရုပ်ဆောင်မင်းသမီးကြီးတစ်ဦးဖြစ်ပြီးသက်ကြီးရွယ်အို လူပျိုကြီးအစ်ကိုတစ်ဦးနှင့်ဆယ်ကျော်သက်အရွယ်လူငယ် သားတစ်ဦးရှိပြီးသူမသည် မော်စကိုတွင်အနေများ၍ တစ်နှစ်လျှင်တစ်ကြိမ်ခန့်သာနွေရာသီကာလများ၌ လယ်တောအိမ်သို့လာလေ့ရှိသူပေါ့အစ်ကိုဖြစ်သူနှင့် သားဖြစ်သူသာလယ်တောအိမ်ကြီးတွင် အလုပ်သမားများနှင့်နေထိုင်ပါတယ်..သားဖြစ်သူတွင် လယ်တောအိမ်ကြီးရှိသည့်ကျေးရွာမှ ချောမောလှပသည့်မိန်းကလေးချစ်သူတစ်ဦးရှိကာ ပြဇာတ်အနုပညာကို စိတ်ဝင်စား၍စာရေးဆရာဖြစ်ချင်သူတစ်ဦးတစ်ယောက်ပါမိခင်ဖြစ်သူသရုပ်ဆောင်မင်းသမီးကြီးကတော့မော်စကို မြို့ပေါ်မှနာမည်ကြီးစာရေးဆရာ သက်လတ်ပိုင်းတစ်ဦးနှင့်ချစ်သူဖြစ်နေကြပြီးနွေရာသီလယ်တောအိမ်သို့ လာရောက်သည့်ခရီးတွင်သူမထက်ငယ်ရွယ်သည့် ချစ်သူဖြစ်သူနာမည်ကြီးစာရေးဆရာကိုပါ ခေါ်ဆောင်လာခဲ့တာကနေအမေ၏ချစ်သူနှင့် သား၏ချစ်သူတို့ တွေ့ဆုံမိကြသောအခါ....လူ့သဘာဝ၊ လူ့စရိုက်နှင့် လောဘ၊ ဒေါသ၊ မောဟတို့ လောင်မြိုက်မှုများကိုတစ်ကန့်စီမီးမောင်းထိုးပြထားသော အချစ်ဒရာမာဇာတ်ကားဖြစ်လို့စိတ်ဝင်တစားနဲ့ကြည့်ရမှာပါ...File Size : ( 845 MB) & ( 231 MB)Quality : Web-DL 720pRunning Time :1hr 38 minFormat : Mp4Genre : Comedy , Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded ...
movie
The Seagull (2018)
2018
7.2
Ruby Sparks (2012)
Ruby Sparks (2012) IMDb - 7.2/10_____Rotten Tomatoes - 79% [ Spoilers Alert ] အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။ အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော....သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။ တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။ ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို ...အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ .... စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင် Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။ ဇာတ်ကားရဲ့ ...
movie
Ruby Sparks (2012)
2012