Channel Myanmar

Anmol Kajani

Superboys of Malegaon (2024) 7.9
Superboys of Malegaon (2024) Superboys of Malegaon (2025)"မာလေဂွန်ရဲ့ အာဂလူငယ်များ" =================================================Netflix ရဲ့ White Tiger ရုပ်ရှင်ထဲမှာ ဇာတ်လိုက်နေရာက သရုပ်ဆောင်ခဲ့တဲ မင်းသား အာဒါ့ရှ်ဂေါ်ရပ်ဗ်ရဲ့ အသစ်ထွက်ရှိထားတဲ့ ခေတ်ဟောင်းဆန်ဆန် ရုပ်ရှင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာဆိုရင် ၉၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး IMDb တို ခရမ်းချဉ်သီးတိုမှာလည်း rating ကောင်းတွေ ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ်တွေတုန်းက အိန္ဒိယနိုင်ငံတဝှမ်းမှာ ရုပ်ရှင်ရုံတွေ ခေတ်စားခဲ့သလို နယ်မြိုတွေမှာလည်း ဗွီဒီယိုရုံတွေ ခေတ်စားခဲ့ပါတယ်။နာဆီရ်ဆိုတဲ့လူငယ်လေးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက မာလေဂွန်ဆိုတဲ့မြိုလေးမှာ ဗွီဒီယိုရုံတစ်ခုဖွင့်ထားပြီး မင်္ဂလာပွဲတွေ၊ မွေးနေ့ပွဲတွေမှာ ဓာတ်ပုံ၊ ဗွီဒီယိုလိုက်ရိုက်နေတဲ့ အချိန်ပိုင်း ဓာတ်ပုံဆရာလည်းဖြစ်ပါတယ်။ဒါပေမဲ့ နာဆီရ်ရဲ့ ဗွီဒီယိုရုံမှာပြတဲ့ ရုပ်ရှင်ကားတွေက သမားရိုးကျ အိန္ဒိယရုပ်ရှင်တွေမဟုတ်ဘဲ ဝာရုဝာ်သိုင်းကားတွေ၊ ချာလီချက်ပလင်လို ဟောလီးဝုဒ်ကားတွေဖြစ်နေတဲ့အတွက် တခြားရုံတွေလို ရုံမပြည့်ဘဲ ကြည့်တဲ့သူနည်းပါးနေပါတယ်။အဲဒီလို ဗွီဒီယိုရုံ လူဝင်နည်းတာကြောင့် အစ်ကိုဖြစ်သူရဲ့ အညှော်ခံနေရတဲ့ နာဆီရ်ဟာ သူ မြိုကနေသင်လာတဲ့ ဖြတ်ညှပ်ကပ်နည်းလမ်းကိုသုံးပြီး ရုပ်ရှင် ၄ ကားလောက်က ကောင်းခန်းတွေကို ဖြတ်ဆက်ကာ ၄ ကား ၁ ကား ...
movie

Superboys of Malegaon (2024)

Gangubai Kathiawadi(2022) 7.0
Gangubai Kathiawadi(2022) Gangubai Kathiawadi (2022) =============== (ရုံတင်ခိုးရိုက်ဝါးတားတားမဟုတ်တဲ့ Netflix ရုပ်သံအကြည်ဗားရှင်းကို တင်ဆက်ပေးလိုက်ပါပြီ)IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ 1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်​ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ... အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ ...
movie

Gangubai Kathiawadi(2022)

2022
1080p HEVC