Channel Myanmar

Ankith Koyya

14 Days (Girlfriend Intlo) (2025) 6.1
14 Days (Girlfriend Intlo) (2025) 14 Days: Girlfriend Intlo (2025)"ချစ်သူလေးနဲ့ ၁၄ ရက်တာ"ပေါ့ပေါ့ပါးပါးနဲ့ရယ်မောကြည့်ရှုရမဲ့ တေလဂူစကားပြော လူငယ်အချစ်ဟာသဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟာရှာဆိုတဲ့ကောင်လေးဟာ 'Creator Kiss' ဆိုတဲ့ ချန်နယ်မှာ ဗီဒီယိုတွေကိုဖန်တီးနေတဲ့ မြီးကောင်ပေါက်လူငယ်လေးပါ။တစ်နေ့တော့ dating app တစ်ခုကို စမ်းသုံးကြည့်ရာကနေ အဟာနာဆိုတဲ့ ချစ်စရာမြီးကောင်ပေါက်အပျိုချောလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။စစချင်း ဖုန်းထဲကတဆင့်စကားပြောကြရာက အပြင်မှာတွေ့ပြီး ချစ်သူတွေဖြစ်သွားကြလေသတည်းပေါ့...။ဒါပေမဲ့ ဇာတ်လမ်းက အခုမှစတာပါ။တစ်ရက်တော့ အဟာနာတို့အိမ်မှာ လူကြီးတွေခရီးထွက်သွားတာကြောင့် အိမ်မှာတင် မိဘတွေမသိအောင် နှစ်ဦးသားခိုးတွေ့ကြပါတော့တယ်။ဒါပေမဲ့ မထင်မှတ်ဘဲ အဟာနာတို့မိဘတွေ ပြန်ရောက်လာတဲ့အခါ...မမျှော်လင့်ဘဲထွက်ပေါက်ပိတ်သွားတဲ့ ဟာရှာတစ်ယောက် လူကြီးတွေမသိအောင် အိမ်ကထွက်ဖို့အမျိုးမျိုးကြိုးစားပုံနဲ့ အိမ်ထဲမှာ ချောင်ပိတ်မိနေတဲ့ ကိုးရိုးကားရားအခြေအနေတွေကို ရယ်စရာ စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~KKKZ~ZweYan~Yunni တို့ဖြစ်ပါတယ်။) File size…1.1 GB / 570MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 30mIN Subtitle….Myanmar Subtitle ...
movie

14 Days (Girlfriend Intlo) (2025)

Maruthi Nagar Subramanyam (2024) 7.7
Maruthi Nagar Subramanyam (2024) Maruthi Nagar Subramanyam (2024)"ဗရုတ်သုတ်ခ မိသားစု" =============================================တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့ သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီး မိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူ လူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့ စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB / 1.24 GB  Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Tea
movie

Maruthi Nagar Subramanyam (2024)

Aay (2024) 6.9
Aay (2024) AAY (2024) "အချစ်သည်သာ..." IMDb - 7/10တောာင်ပိုင်းရုပ်ရှင်ကြိုက်နှစ်သက်သူတို့ ရယ်မောပြုံးပျော်ရစေဖို့ တလေဂူးအချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ကာသစ်ခ်ဆိုတာ ဟိုက်ဒရာဘတ်ကို တက်အလုပ်လုပ်ရင်း သူ့ဇာတိသူမပြန်ချင်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်။ ကိုဗစ်ကြီးဖြစ်လို့ ပထမလော့ခ်ဒေါင်းနဲ့ ဒုတိယလော့ခ်ဒေါင်း ကြားကာလအချိန် Work from homeဖြစ်သွားတော့ သူ့ဇာတိက မိဘတွေအိမ်ကိုပြန်လာခဲ့ပါတယ်။သူ့ဇာတိသူ မပြန်ချင်ရတာကလည်း သူ့မိသားစုနဲ့ သူ့ဘော်ဒါနှစ်ကောင်ကြောင့်တဲ့။ မပြန်မဖြစ် ပြန်လာပြီးတဲ့နောက် မိသားစုနဲ့ ဘော်ဒါနှစ်ကောင်ကလည်း ရှောင်လွဲမရတော့ မောင်ကာသစ်ခ်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ရှင်သန်ရတာပေါ့။ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး ချစ်မိသွားချိန်မှာတော့ ကာသစ်ခ်တစ်ယောက် ဇာတိမြို့မှာပျော်လာခဲ့ပေမဲ့ သူ့အချစ်ရေးမှာ ဇာတ်ရှုပ်လေးတွေရှိလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.7 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Aay (2024)

Satyabhama (2024) 7
Satyabhama (2024) Satyabhama 2024 (အမျိုးသမီးတို့အတွက် အားကိုးရာ ဆတ်ယာဘမ်)အမျိုးသမီးထုကြီးကို မားမားမတ်မတ် ရပ်တည်ပေးမယ့် SHEအဖွဲ့ကို ဦးဆောင်နေတဲ့ ACPဆတ်ယာဘမ်။ တစ်ရက်မှာတော့ ဟာဆီနာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံနေရတဲ့အတွက် ဆတ်ယာဘမ်ဆီကို လာရောက် အကူအညီတောင်းခံခဲ့ပါတယ်။ဟာဆီနာရဲ့ ခင်ပွန်းဖြစ်သူဟာ တင်ဒါက တွေ့တဲ့ကောင်မလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတဲ့အတွက် ဟာဆီနာဟာ သည်းမခံနိုင်တော့ဘဲ ကွာရှင်းခွင့်တောင်းလိုက်ပေမယ့် ခင်ပွန်းဖြစ်သူဟာ ကွာရှင်းခွင့်မပေးဘဲ ဟာဆီနာကို ဆက်လက်နှိပ်စက်လျက်ရှိပါတယ်။ အဲဒီအတွက် ဟာဆီနာဟာ အိမ်ကနေ ဆင်းပြီးတော့ မောင်လေးဖြစ်သူနဲ့ လာနေထိုင်တဲ့အခါ မောင်လေးဖြစ်သူကိုပါ ခင်ပွန်းက ကိုယ်ထိလက်ရောက်ကျူးလွန်လာတဲ့အတွက် မခံနိုင်တဲ့အဆုံးမှာ ဆတ်ယာဘမ်ဆီကို ရောက်လို့လာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟာဆီဘမ်ရဲ့ ခင်ပွန်းဖြစ်သူဟာ ရဲကိုတိုင်လိုက်တာသိသွားတဲ့အချိန်မှာတော့ ဟာဆီနာ့ထံသို့ လာရောက်သောင်းကြမ်းနေစဉ် ဟာဆီနာဟာ သေဆုံးလို့ သွားခဲ့ရပါတယ်။ ကိုယ့်ဆီကို ယုံကြည်လို့ လာရောက်အကူအညီတောင်းခဲ့တဲ့သူကို မကူညီနိင်လိုက်တဲ့ ဆတ်ယာဘမ်ကတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရင်းနဲ့ ဟာဆီနာ့ရဲ့ခင်ပွန်းကို အပူတပြင်းလိုက်လံရှာဖွေရင်းနဲ့ ...... ဟာဆီနာ့ခင်ပွန်းကို လိုက်လံရှာဖွေရင်းနဲ့ရော ဘယ်လိုအဖြစ်တွေနဲ့ ကြုံတွေ့ရမလဲ ......ရှေ့ဆက် ဘယ်လိုတွေ ဖြစ်လာမလဲ ..... ဆိုတာတွေကို စိတ်ဝင်စားဖွယ် ...
movie

Satyabhama (2024)

2024