Channel Myanmar

Anirban Chakrabarti

Chaalchitro (2024) 6.7
Chaalchitro (2024) Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများIMDb 6.7/10မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေ။ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။ သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့ စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့ အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာနံရံမှာချိတ်ဆွဲထားပါတယ်။အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ ‌ နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကို အရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊ သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်‌ပြီးအားငယ်နေသူပေါ့။အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲ နာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန် သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့ သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာက သူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။အနှိပ်ခန်းသွားရာက ...
movie

Chaalchitro (2024)

Pradhan (2023) 5.5
Pradhan (2023) Pradhan 2023 ပရာဒန်IMDb- 5.6/102023 ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံး Bengali ရုပ်ရှင်ဖြစ်ခဲ့တဲ့အပြင် Cinematic ၊ castတွေရဲ့သရုပ်ဆောင်ကောင်းမှုနဲ့ Chemistryမိတယ်ဆိုပြီး အပြုသဘောဆောင် ဝေဖန်မှုတွေ ရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ Bollywood ရိုးရာမပျက် ဒီကားလေးကလည်း နိုင်ငံရေးကစားကွက်တွေကြားက အမှန်တရားဘက်တော်သားလေးရဲ့တိုက်ပွဲကို မြင်ရမှာပါ။ရိုးသားကြိုးစားပြီး မိသားစုရဲ့အားကိုးရတဲ့ ရဲအရာရှိဒီပါ့ခ်ပရာဒန်တစ်ယောက် လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဒါမာပူရ်ဆိုတဲ့ရွာလေးကို ပြောင်းရွှေ့ရဖို့ ဖြစ်လာပါတယ်။မိသားစုရဲ့ အားကိုးရတဲ့သားဆိုတော့ မိဘတွေလည်း မခွဲနိုင်မခွာရက်တဲ့ကြားက နိုင်ငံ့တာဝန်နဲ့ယှဉ်တော့လည်း ဒါမာပူရ်ကိုလွှတ်လိုက်ရတာပေါ့။ ဒီလိုနဲ့ အသစ်စက်စက် ကြင်စဦးမောင်နှံနှစ်ယောက် ဒါမာပူရ်ကို ရောက်လာတော့တာပေါ့။ဒါပေမဲ့ ဒါမာပူရ်ရွာမှာလည်း အရင်ကတည်းက မင်းမူပြီးတော့ ကြီးနိုင်ငယ်ညှင်း ရွာသားတွေကို အနိုင်ကျင့်နေတဲ့ သူကြီးပရာဒန်ဆိုတာက ရှိနေတော့ အသစ်ရောက်လာတဲ့ ဦးစီးအရာရှိ ဒီပါ့ခ်ပရာဒန်က မျက်စိဆံပင်မွှေးဆူးစရာဖြစ် တစ်ဖက်ကလည်း တရားမျှတမှုကိုလိုလားတဲ့ အရာရှိပရာဒန်ကလည်း ဒီလို မတရားမှုတွေကို လက်ပိုက်ကြည့်နေမယ့်သူ မဟုတ်တဲ့အခါမှာတော့....ဂူတစ်လုံးမှာ ခြင်္သေ့နှစ်ကောင်အောင်းရိုးထုံးစံမရှိတော့ ပရာဒန်အဟောင်းနဲ့ ပရာဒန်သစ်တို့ကြား ဘယ်လိုအားပြိုင်မှုတွေ ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…2.97GB / 1.5GB Quality…WEB DL 1080p ...
movie

Pradhan (2023)