Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Angel Lam Chin Ting
6
Beyond the Sin (2025)
ဒီနေ့မှာတော့ မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်... ဒီကားလေးမှာတော့ ဘယ်ခြေမသန်တဲ့ မိန်းကလေးတွေကို အထူးဒုက္ခပေးပြီး သတ်ပစ်ခဲ့တဲ့ အမှုတစ်ခုအကြောင်းပေါ့... ဒုက္ခပေးခံရတဲ့သူများတော့ ကွင်းဆက်လူသတ်မှုလို့လည်း ထင်ကြေးပေးနေကြတယ်...တစ်ဖက်မှာလည်း ဒီအမှုက အတော်လေး နာမည်ကြီးလာခဲ့တယ်... အကြောင်းကတော့ ရဲအရာရှိဟောင်းတစ်ယောက်ရဲ့ သမီးလေး သေဆုံးသွားတာကြောင့်ပါပဲ... အလုပ်ဟောင်းကြောင့်ကတစ်ကြောင်း... ကလေးဇောကြောင့်ကတစ်ကြောင်းနဲ့... လဲ့အရာရှိကတော့ ရဲတွေရဲ့ စုံစမ်းမှုကို အားမလိုအားမရဖြစ်ပြီး သူကိုယ်တိုင်ရှာဖွေခဲ့တဲ့အထိပါပဲ... ဒီအပြင်မှာ ရဲတွေဖက်က တစ်ဦးတည်းသော သံသယရှိသူကိုပါ လွှတ်ပေးလိုက်သေးတာကြောင့်... ရဲအဖွဲ့ထက် သူ့ကိုယ်သူ ပိုယုံကြည်ပြီး သူတစ်ဦးတည်း အမှုမှန်ဖော်ထုတ်ဖို့ကြိုးစားခဲ့တာပေါ့ဒီလိုနဲ့ အမှုတစ်ပိုင်းတစ်စချင်းစီ ရှာဖွေရင်း ဖော်ထုတ်ရင်းနဲ့... အဆုံးသတ်မှာ တရားခံကိုရှာတွေ့မှာလား... နောက်ပြီး ဒီအမှုက ဒီလောက်ပဲရိုးရှင်းနေပါ့မလား... စိတ်အပန်းဖြေရင်း ဒီကားလေးကိုကြည့်လိုက်ကြရအောင်နော် Filesize : 987 MB / 570 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Crime , Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ...
movie
Beyond the Sin (2025)
5.8
The Lyricist Wannabe ( 2024 )
လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော......လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကို သေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။ အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက် လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။ သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။ နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက် ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက် သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ...... အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာ ဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 830 MB , 479 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Music Runtime ...
movie
The Lyricist Wannabe ( 2024 )
5.9
Tales from the Occult: Ultimate Malevolence ( 2023 )
ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ် ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့ သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့ သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက် ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ..............တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့...ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie
Tales from the Occult: Ultimate Malevolence ( 2023 )