Channel Myanmar

André Sørum

The Wrong Track (2025) 6.0
The Wrong Track (2025)  The Wrong Track (2025)IMDb Rating (6.0) ငွေကြေးအခက်အခဲဖြစ်နေတဲ့ အလုပ်လက်မဲ့ single mother တစ်ယောက်ဖြစ်တဲ့ Emilie က သူ့ရဲ့သမီးလေး Lilith ကို သူ့ရဲ့အရင်ယောက်ျားဟောင်းနဲ့ တစ်ပတ်စီမျှပြီး ခေါ်နေတတ်တယ်။အရင်ခင်ပွန်းဟောင်းကတော့ နောက်မိန်းမယူထားပြီးတော့ Emilie ကို ဝင်ငွေလည်းမရှိ ဘာကိုမှမလုပ်တဲ့ မိန်းမပျော့လို ဝေဖန်ပြီး Lilith ကို သူနဲ့ပဲအတူလာနေတာ အကောင်းဆုံးလိုမြင်ခဲ့တယ်။Emilie လည်း အလုပ်အကိုင်အခြေတကျနဲ့ အဆင်ပြေနေတဲ့ သူ့အစ်ကိုဆီမှာ ထုံးစံအတိုင်းလာနေပေမယ့် သူ့အစ်ကိုရဲ့ဇနီးက ငြိုငြင်လာပြီမို့Emilie ကို 54 ကီလိုမီတာရှည်တဲ့ နှင်းလျှောစီးမာရသွန်ပြိုင်ပွဲ Birkebeinerrennet မှာ ဝင်ပြိုင်ဖို ရာဇသံပေးလိုက်တယ်။အရာရာကို နည်းနည်းလေးခက်ခဲလာတာနဲ့ လက်လျှော့တတ်တဲ့ Emilie တစ်ယောက် ပင်ပန်းကြမ်းတမ်းတဲ့ အပြေးလမ်းရှည်မာရသွန်ကြီးကိုပန်းတိုင်ရောက်အောင် ကြိုးစားနိုင်မလားဆိုတာကိုတော့ ဒီနော်ဝေးဟာသဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.7 GB) ...
movie

The Wrong Track (2025)

2025
Blasted (2022) 6.1
Blasted (2022) Blasted (2022)ဓမ္မရံကြီးဘုရားမှာ UFO တွေရှိတဲ့ စာတွေဖတ်ဖူးကြမယ်ထင်ပါတယ်။ ကျန်စစ်သားရဲ့ အရိန္ဒမာလှံဟာ ဂြိုဟ်သားလက်နက်၊ စကြာတေးမင်းရဲ့ စကြာဟာ ဂြိုဟ်သားယာဉ်အစရှိသဖြင့် ပြောကြတဲ့ စကားတွေလည်းရှိပါတယ်။ UFO တွေဟာ အမေရိကန်မှာပဲရှိတာမဟုတ်တဲ့ Conspiracy Theories တွေပေါ့။ ဒီဇာတ်ကားက ဂြိုဟ်သားကတော့ အမေရိကန်မှာမဟုတ်ဘဲ နော်ဝေးရောက်နေတာပါ။နော်ဝေးက တောင်ကြားရွာလေးတစ်ရွာမှာ ပဟေဠိဆန်တဲ့ အလင်းတန်းတွေရှိပါတယ်။ ဘာလို့လင်းနေမှန်းမသိပေမဲ့ ဒီပဟေဠိကို အဖြေညှိကြတဲ့ လူတွေဟာ ထူးဆန်းစွာပျောက်ဆုံးသွားကြတယ်။ အဲဒီနေရာကို ဗရုတ်တစ်အုပ်ရောက်လာတဲ့ အခါမှာတော့......အင်္ဂလိပ်ကားတွေတင်မက အာရှ ဥရောပရဲ့ အကောင်းဆုံးကားတွေကို အခမ်းနားဆုံးထုတ်ပေးနေကျ နက်ဖလစ်ကြီးရဲ့ နော်ဝေးကားအသစ်ပါ။ ဒီတစ်ခါတော့ နက်ဖလစ်ဟာ ဂြိုဟ်သားဆန်တဲ့ ဂြိုဟ်သားကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂြိုဟ်သားဆန်တယ်ဆိုတာ ထွက်ဖူးတဲ့ ဂြိုဟ်သားကားတွေနဲ့ကွဲထွက်နေလို့ပါ။ ပုံမှန်ဂြိုဟ်သားကားတွေမှာ ဂြိုဟ်သားတွေလုပ်သမျှ လူတွေအမြဲခံနေရပေမဲံ့ ဒီရုပ်ရှင်မှာတော့ ဂြိုဟ်သားတွေကို ကလေးကစားစရာ သေနတ်နဲ့ ပယ်ပယ်နယ်နယ် ဆော်တာပါ။ ဂြိုဟ်သားတွေ မာလကီးယားတာကို ပြုံးပြုံးကြီးကြည့်ရမယ့် ...
movie

Blasted (2022)

2022