Channel Myanmar

Anatoliy Solonitsyn

Andrei Rublev (1966) 8
Andrei Rublev (1966) Andrei Rublev (1966)~ IMDb - 8/10, Rotten Tomatoes - 96% ~တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ ...
movie

Andrei Rublev (1966)

1966
Solaris (1972) 8.0
Solaris (1972)  Solaris (1972)တာကော့စကီးမှာ Features Film ၇ကားရှိတဲ့အထဲ Solarisနဲ့ Stalker နှစ်ကားပဲ Science Fictionပါ။ သူများဝတ္တုကို ရိုက်တာလည်း ဒီ၂ကားပဲ ရှိပါတယ်။ Solarisရဲ့ လက်ကျန်အတွေးစကနေ Stalkerဆက်ဖြစ်လာတယ်လည်း ပြောကြတယ်။ Solarisဟာ Stanisław Lemရဲ့ ဝတ္တုကိုရိုက်ထားတာဖြစ်ပြီး တာကော့စကီးနောက်မှာ Steven Soderberghက တစ်ခါရိုက်ခဲ့ပြီး ရူဆုခဲ ဟမဂုချိကလည်း သူ့ဆရာခိရိုရှိ ခုရိုဆ၀ အကြံပေးမှုနဲ့ ကျောင်းသားဘဝက ရိုက်ခဲ့ဖူးပါတယ်။ တာကော့စကီးရဲ့ Solarisကတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Sci-fiတွေထဲက ထိပ်ဆုံးစာရင်းဝင်ကားဖြစ်ခဲ့ပါတယ်။အကြောင်းအရာကတော့ ဆန်းသလိုလို မဆန်းသလိုလိုပါပဲ။ Solarisဆိုတဲ့ ဂြိုဟ်ကြီးကို လေ့လာတဲ့သူတွေရဲ့ အာကာသစခန်းထဲက အဖြစ်အပျက်တွေအကြောင်းပါပဲ။ သိပ္ပံအကြောင်းအရာတွေကလည်း တခြားဘယ်ကားမှာမှ မတွေ့ဖူးတဲ့ အဆန်း‌ကြီးတွေပါပါတယ်။ တာကော့စကီး ရုပ်ရှင်ဆိုတော့ ကိုယ့်အတွေးကို ဒီသိပ္ပံဇာတ်အိမ်ထဲ ဘောင်ဘင်မခတ်တာ အကောင်းဆုံးပါပဲ။ကဗျာဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့နေရာလည်း ဟုတ်ပါတယ်။ တာကော့စကီးရုပ်ရှင်ဟာ ...
movie

Solaris (1972)

Mirror (1975) 8.1
Mirror (1975) Mirror(1975) =========== IMDb Rating - 8.1/10 Directed By Andrei Tarkovskyထုတ်ပြောမထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်တဲ့။ ကောင်မလေးတစ်ယောက်ကို ခင်ဗျား ချစ်နေတယ်ထား။ ခင်ဗျား သူ့နဲ့ စကားတွေ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပြောဖြစ်နေမယ်။ ခင်ဗျား သူ့ကိုချစ်နေတယ်ဆိုတဲ့ အချက်ကို အသေပြောချင်နေပေမဲ့ အကြောင်း‌ကြောင်းနဲ့ ခင်ဗျားမပြောဖြစ်ဘူး။ သူလည်းသိချင်သိမယ် မသိချင်မသိဘူး။ ခင်ဗျားကတော့ မပြောဖြစ်ဘူး။ ဒီလိုအခြေအနေမျိုးကို လူတစ်ဝက်လောက်တော့ ကြုံဖူးကြမယ်ထင်တာပ‌ဲ။ ဖြစ်ဖူးရင်တော့ အဲ့ဒီအချိန်မှာ ခင်ဗျား ခံစားရတဲ့ခံစားမှုကို စကားလုံးနဲ့ ဖော်ပြကြည့်။ ကျွန်တော်တော့ မဖော်ပြတတ်ဘူး။ သေချာတာကတော့ အဲ့ဒီခံစားမှုဟာ အ‌တော်လေးသိပ်သည်း ပြင်းထန်တယ်။ ဒါပေမဲ့ အဲ့ဒီခံစားမှုကို စကားလုံးနဲ့ ဖော်ပြဖို့ကြ မရတော့ဘူး။ စကားလုံးတွေဟာ လူသားရဲ့အမှန်စင်စစ် ခံစားမှုကို ဖော်ပြဖို့ရာ မလုံလောက်တဲ့ အရာတွေပဲ။ ခံစားမှုတွေကို ဖော်ပြဖို့ စကားလုံးတွေက မတတ်နိုင်ဘူး။ မော်ဒန်Artတွေမှာတော့ ရုပ်ပုံတွေဟာ ရုပ်ပုံမဟုတ်တော့ဘူး။ စကားလုံးတွေဟာ စကားလုံးတွေမဟုတ်တော့ဘူး။ ဖော်ပြချင်တဲ့ ခံစားမှုရဲ့ မသိကိန်းတစ်ခုကို ပိုပေါ်လွင်အောင် တိကျတဲ့အရာတစ်ခုကို ပုံဖော်ခြင်းရေးသားခြင်းမရှိတော့ဘဲ ခံစားမှုလိုမျိုးဝေဝါးတဲ့အရာတစ်ခုကိုသာ အနုပညာပစ္စည်းကို ခံစားမည့်သူကို ပေးအပ်လာတယ်။ ပြောရရင် ပရိတ်သတ်ကို အလုပ်ပေးထားတယ်။ သူတို့ဖန်တီးထားတဲ့ အနုပညာကိုအရင်းတည်ပြီး ...
movie

Mirror (1975)

Stalker (1979) 8.1
Stalker (1979)  Stalker(1979) =========== By Andrei Tarkovsky IMDb - 8.1/10"တချို့ကတော့ ခင်မောင်ရင့်ဘဝဟာ ဘာမှမဟုတ်ဘဲ ပြီးသွားတယ် ပြောကြတယ်။ ဝမ်းနည်း စကားပေါ့။ ကျနော်က အဲဒီလို ဘယ်တုန်းကမှ မထင်ဘူး။ ခင်မောင်ရင်ဟာ သူ့ဘဝရဲ့အကြောင်း အကုန် နားလည်တယ်။" ဝင်းဖေက ခင်မောင်ရင်ကို ဒီလိုပြောခဲ့တယ်။ အားမကျမိဘူးလား။ ငါတော့အားကျတယ်။ ကိုယ့်ဘဝကိုကိုယ် နားလည်တာထက် ဖြစ်တည်မှုအတွက်အရေးကြီးတာဘာရှိဦးမလဲ။ ဖြစ်တည်မှုဟာ အရင်လာလား။ ဖြစ်တည်ရတဲ့အကြောင်းရင်းဟာ အရင်လာလား။ အတော်ရူးမိုက်တဲ့အမေးပဲ အကြောင်းရင်းသာအရင်လာခဲ့ရင် ငါတို့တွေ ဒီလိုအဓိပ္ပာယ် ပျောက်နေ စရာလိုပါ့မလား။ ဖြစ်တည်မှုရဲ့အဓိပ္ပာယ်ကို တာကော့စကီးဟာ ငါတို့ကို မေးခွန်းထုတ်သွားတယ်။ ဒါပေမဲ့ အဖြေကို သူမပေးနိုင်ဘူး။ သူ့ဘာသာသူလည်း ရေရာပုံမရဘူး။ ဒါကြောင့်ပဲ ငါတို့အတူတူရှာဖွေခဲ့ကြရတယ်။ အနုပညာဟာ ရိုးသားရတယ်မလား။ တာကော့စကီးက ရိုးသားတယ်။ အဖြေကိုသူဘယ်တော့မှမတွေ့ဘူး။ ရုပ်ရှင်မှာ ငါတို့ဟာ သူနဲ့အတူတူရှာရတယ်။ သေတဲ့အထိမတွေ့တာလည်းဖြစ်နိုင်တယ်။ သောက်ကြီးသောက်ကျယ်ပြောရရင် ဒါကိုကလည်း ဘဝပဲ။ "ထိုအရာဟာ ဥက္ကာခဲတစ်ခုလား အပြင်ဘက်အာကာသမှ ကမ္ဘာမြေပေါ် ဆိုက်ရောက်လာသော အရာတစ်ခုခုလား" ထိုအရာဟာ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ တိုင်းပြည်ငယ်လေးမှာ ထိုအရာကြောင့် "ဇုန်"ဆိုတဲ့ ဆန်းကြယ်တဲ့နေရာတစ်ခုပေါ်ပေါက်လာခဲ့တယ် ဇုန်ဆိုတဲ့နေရာမှာ အခန်းတစ်ခုရှိတယ်။ အဲ့ဒီအခန်းဟာ ဆန္ဒတွေကို တကယ်ဖြစ်မြောက် လာစေတဲ့နေရာလို့ဆိုကြတယ်။ အဲ့ဒီကိုသွားခဲ့ကြတဲ့ လူအချို့ဟာ ပြန်မလာကြတော့ဘူး ဒီနေရာဟာ ဘယ်လိုနေရာလဲ" ဒါက ရုပ်ရှင်ထဲက အကြောင်းအရာတွေ။ ငါတော့ အဲ့ဒီနေရာကို ဖြစ်တည်မှုကို ရှာဖွေကြတဲ့နေရာလို့ပဲ သတ်မှတ်ချင်တယ်။ ရုပ်ရှင်ထဲက ရှာဖွေကြတဲ့လူသုံးယောက်မှာ အကုန်လုံးမတွေ့ခဲ့ကြတာလား။တစ်ယောက်က တွေ့ခဲ့တာလား တထစ်ချ‌မပြောတတ်ဘူး။ ဖြစ်တည်မှုကို ...
movie

Stalker (1979)