Channel Myanmar

Ananya Nagalla

Srikakulam SherlockHolmes (2024) 6.8
Srikakulam SherlockHolmes (2024) Srikakulam Sherlockholmes 2024 (ဆရီကာကူလမ်ရှားလော့ခ်ဟုမ်း)ယခုတစ်ခါမှာတော့ ဟာသမင်းသားကြီး Vennela Kishoreပါဝင် တင်ဆက်ထားတဲ့ Comedy thriller/Mystery အမျိုးအစား စုံထောက်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အမေဖြစ်သူရှာမီလာရဲ့ (ရှာ)၊ အဖေဖြစ်သူ လော့ခ်နတ်သ်ရဲ့ (လော့ခ်)၊ သူ့ကိုယ်ပိုင်နာမည် ဟုမ်းပရာကေ့ရှ်က (ဟုမ်း) ဒီစကားလုံးတွေကို ပေါင်းစည်းပြီးတော့ သူ့ကိုယ်သူ ရှားလော့ခ်ဟုမ်းလို့ နာမည်ပေးခါ အလွတ်စုံထောက်လုပ်နေတဲ့ စုံထောက်ကြီးတစ်ယောက်ပေါ့။သူဟာ အရင်က ရဲအရာရှိတစ်ယောက်ဖြစ်ပေမဲ့ အသက်အရွယ်ကြောင့်နဲ့ အပြင်မှာပဲ အလွတ်စုံထောက်အဖြစ်လုပ်နေပြီး အမှုတွေကို အလွယ်လေးပဲ ဖြေရှင်းနိုင်တဲ့အတွက်ကြောင့် နာမည်ကြီးပါတယ်။တစ်နေ့မှာတော့ သူတို့နေထိုင်ရာ ဆရီကာကူလမ်ရဲ့ ကမ်းခြေမှာ မယ်ရီဆိုတဲ့ကောင်မလေး အသတ်ခံရပြီး ဒီအမှုကို စုံစမ်းတဲ့အရာရှိဟာ သတင်းထောက်တစ်ယောက်နဲ့အတူ စိန်ခေါ်မှုလုပ်ခဲ့ရင်း တစ်ပတ်အတွင်း အမှုကို ပေါ်ပေါက်အောင် မဖြေရှင်းနိုင်ရင် အလုပ်ကနေထွက်မယ်ဆိုပြီးပြောခဲ့မိပါတယ်။သို့သော်လည်း ဒီလိုတွေ စိန်ခေါ်လာပြီးမှ အထက်က အရင်ဝန်ကြီးချုပ်ဟောင်း သေဆုံးရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုတာဝန်ပေးခါ တစ်ပတ်အတွင်း စုံစမ်းရေးအဖွဲ့နဲ့ သေချာစုံစမ်းဖို့ အမိန့်ကျလာတဲ့အခါမှာ အရာရှိကြီးခမျာ တိုင်ပတ်နေပါတော့တယ်။ ဒီလိုနဲ့ တပည့်တွေကို အကြံပေးတဲ့အခါမှာတော့ သူတို့ဟာ ရှားလော့ခ်ဟုမ်းကို ညွှန်းကြတဲ့အတွက် ပေါက်တဲ့နဖူး မထူးဘူးဆိုတဲ့အတိုင်းပဲ မျက်လုံးစုံမှိတ်ပြီး ရှားလော့ခ်ဟုမ်းကိုပဲ မယ်ရီသေတဲ့အမှုကို ၇ရက်အတွင်း စုံစမ်းခိုင်းပါတော့တယ်။ဒီလိုနဲ့ ရှားလော့ခ်ဟုမ်းတစ်ယောက် မယ်ရီသေတဲ့အမှုကို ...
movie

Srikakulam SherlockHolmes (2024)

Pottel (2024) 8
Pottel (2024) Pottel 2024 ရွာသူကြီးမင်းသမီးချောလေး ananya nagalla ပါဝင်ထားတဲ့ဒီကားလေးမှာတော့ ပညာရေးရဲ့အရေးပါပုံ ပညာမတတ်ခင် အမှောင်ဖုံးခဲ့တဲ့ကာလတွေမှာ ဘယ်လိုဖိနှိပ်ခံရပုံတွေနဲ့ တွန်းလှန်ပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်စာမတတ်တဲ့ရွာလေးတစ်ရွာ ဒီရွာကို စာတတ်တဲ့ရွာသူကြီးမျိုးရိုးစဉ်ဆက်အုပ်ချုပ်လာခဲ့တာပါ ဒီရွာမှာက လုပ်ကိုင်တဲ့အလုပ်ကိုကြည့်ပြီး ရာထူးသတ်မှတ်ပေးပါတယ်ဒီထဲမှာ ဂန်ဂါဒါရီကြီးတို့လည်းပါတာပေါ့ နာမည်က ဘာလို့ဒီလိုဖြစ်ရလဲဆိုရင် သူ့ကိုမွေးတုန်းက အမြွှာလေးမွေးတာပါ ဂန်ဂါဒါရီကြီးနဲ့ ဂန်ဂါဒါရီငယ်ပေါ့ ဒါပေမဲ့ အဖေရော ကလေးတွေပါ စာမတတ်ကြလို့ ရေတွင်းဘေးမှာရေးထားတဲ့ သတိပေးဆိုင်းဘုတ်ကို မဖတ်တတ်ကြလို့ ရေထဲဆင်းကူးရင်း အငယ်ကောင်လေးက ရေနစ်သေခဲ့ရတယ် ဒီလိုနဲ့ သူ့သားသေတာက စာမတတ်လို့ဆိုပြီး ကျန်ခဲ့တဲ့သားကြီးကို စာတတ်အောင်ကြိုးပမ်းပါတော့တယ်ဒါပေမဲ့လည်း လူတန်းစားခွဲခြားတဲ့ရွာဖြစ်တော့ သိုးထိန်းရဲ့သားဖြစ်တဲ့ ဂန်ဂါဒါရီကြီးအဖို့ ဘယ်လိုဒုက္ခတွေကြုံလာရမလဲ ဖိနှိပ်ခံဘဝကနေ ပညာတတ်ပြီးလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ ...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Cym ~ Eaint ~ Star ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 3.05 GB / 1.51 GB Quality…WEB DL 1080p HEVC/ ...
movie

Pottel (2024)

Darling (2024) 7.6
Darling (2024) Darling 2024 (ဒါလင်)စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ....... မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team 
movie

Darling (2024)

2024
Tantra (2024) 8.8
Tantra (2024) Tantra 2024 တစ္တေကကြိုးIMDb - 8.6/10နေရာတစ်ခု အရာဝတ္ထုတစ်ခု ဒါမှမဟုတ် လူတစ်ယောက်မှာရှိတဲ့ ကောင်းတဲ့အငွေ့အသက်နဲ့ မကောင်းတဲ့အငွေ့အသက်ဆိုတာရှိပြီး ဒါကိုလူတိုင်း အနည်းနဲ့အများတော့ ခံစားမိကြတာချည်းပါပဲ။သိပ္ပံနည်းကျခေါ်မယ်ဆိုရင်တော့ auraပေါ့ဗျာ။ ပန်းရောင်စုံနဲ့လှပနေတဲ့ပန်းခင်းကြီးကနေ အပြုသဘောဆောင်တဲ့auraကိုခံစားမိသလို သင်္ချိုင်းကုန်းရောက်ရင်လည်း creepy aura နဲ့ ကျောချမ်း ကြက်သီးထတတ်ကြတာပါပဲ။အခုဒီကားလေးထဲမှာတော့ တခြားသူတွေထက် ဒီ auraကိုပိုခံစားမိနေတဲ့ ရေခါဆိုတဲ့မိန်းကလေးတစ်‌ယောက်အကြောင်းပေါ့။ရေခါဟာ ငယ်စဉ်ကတည်းက မေတ္တာမရရှာတဲ့ ကောင်မလေးတစ်‌ယောက်၊ မွေးကတည်းက အမေကလည်းမီးတွင်းမှာဆုံးသွားဝောာ့ အဖေဖြစ်သူကလည်း ဂြိုဟ်ဆိုးမလို့ပဲ သူ့ကိုမြင်နေတာပေါ့။ ရေခါက ညဘက်မှာ အိပ်ရင်းလမ်းလျှောက်တဲ့ရောဂါရှိပါသေးတယ်။မေတ္တာငတ်နေရှာတဲ့ ရေခါလေးကိုမှ ချစ်မိသွားတာကတော့ တေဂျာ၊ တေဂျာဟာလည်း ပြည့်တန်ဆာသားမလို့ တစ်ရွာလုံးနှိမ်တာခံ‌နေရတဲ့သူပါ။ ဒီလိုနဲ့ အချစ်ချင်းဖလှယ်ပြီး ပျော်ရွှင်နေကြရာက ကြမ္မာငင်ပါတော့တယ်။အဲဒါကတော့ ရေခါက ဝိညာဉ်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိနေပြီး သူ့ထဲကို ဝိညာဉ်ဆိုးတစ်ကောင် ဝင်ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ တေဂျာနဲ့ရေခါရဲ့အချစ်ကရော ဒီနတ်ဆိုးဝိညာဉ်ကို အောင်နိုင်မလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunni ဖြစ်ပါတယ်) File size…2.2GB / 1GB Quality…WEB DL 1080p / ...
movie

Tantra (2024)

2024
Bootcut Balaraju (2024) 4.1
Bootcut Balaraju (2024) Bootcut Balaraju(2023)သူကြီးသမီးနဲ့ ကိုလူပြက်ဘောလိဝုဒ်အချစ်ဟာသာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသား Syed Sohel နဲ့ Megha Lekha ၊ Ananya Nagalla တို့ မင်းသမီးချောလေးနှစ်ယောက်ပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးရယ်မောနိုင်မဲ့ ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်မဟာလက်ရှ်မီးတို့မိသားစုက ကျေးရွာကောင်းစားရေးနဲ့ ကျေးရွာလူတွေအကျိုးအတွက်ပဲ အမြဲဦးစားပေးလုပ်ဆောင်ခဲ့ကြလို့ ရွာကလေးစားချစ်ခင်ကြတဲ့ ရွာလူကြီးမျိုးဆက် ၊ ကတိတစ်လုံးကို အသက်ထက်တန်ဖိုးထားကြတဲ့ မျိုးဆက် ၊ အဲဒီကတိတစ်လုံးအတွက် အိမ်ထောင်ကိုပါကွာရှင်းပြီး တစ်ယောက်တည်း ရဲရဲရပ်တည်ခဲ့တဲ့မဟာလက်ရှ်မီးရဲ့အမေ ။ဒီမျိုးဆက်ကနေ ပေါက်ဖွားလာတဲ့ မဟာလက်ရှ်မီးက ငယ်ငယ်လေးတည်းက အားလုံးရဲ့အလေးပေးခံရပြီး တူတူပေါင်းရမဲ့အဖော်မရှိဖြစ်နေချိန် ဘာလ်ရာဂျူးနဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့တယ် ။ ဘာလ်ရာဂျူးဆိုတာက အရာအားလုံးထက် ဒီနေ့မှာပျော်နေဖို့အရေးကြီးတယ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့သူ...ဘဝကိုအလေးအနက် အများအတွက်ရှင်သန်တတ်တဲ့မိသားစုနဲ့ ပျော်အောင်ကြံဖန်နေတတ်တဲ့ ဘာလ်ရာဂျူးတို့ ဘယ်လိုအလွဲအချော်တွေကြုံတွေ့ရမလဲ ဘာလ်ရာဂျူးတစ်ယောက်ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာဦးမလား အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.9GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Bootcut Balaraju (2024)

2023
Shaakuntalam (2023) 5
Shaakuntalam (2023) Shaakuntala (2023)ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူ မိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ်သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာ ချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ် ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကို လိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲ မင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကို ဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ် File size…5.57GB / 3.21GB/ 630MB Quality…4kHEVC / 1080p WEB DL /720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~KhinKhin
movie

Shaakuntalam (2023)

2023
4K HEVC