Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anand
7.2
Sye Raa Narasimha Reddy (2019)
Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb - 7.2/10ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ...
movie
Sye Raa Narasimha Reddy (2019)
7.1
Atharva (2023)
Atharva (2023) "သိလိုဇော" IMDb-7.1/10ဒီတစ်ခေါက်မှာတော့ မှုခင်းဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ကာနာဆိုတဲ့ကောင်လေးက ရဲအရာရှိဖြစ်ချင်လွန်းလို့ ရဲအရာရှိစာမေးပွဲတိုင်းကို ဝင်ဖြေနေပေမဲ့လည်း ကံမကောင်းစွာနဲ့ဘဲ စာမေးပွဲကို ခဏခဏကျလို့နေပါတယ်။ သူစာမေးပွဲ ဘယ်လောက်ကျလဲဆိုရင် တစ်ရွာလုံးကတောင်မှ သူစာမေးပွဲဖြေတိုင်း အောင်သွားပြီလား မမေးဘဲ ကျပြန်ပြီလားပဲ မေးတတ်ကြတဲ့အထိပါပဲ အဲဒီကနေ တစ်နေ့မှာ သူတို့ရွာက ရဲဦးလေးကြီးရဲ့ ပြောပြချက်အရ "သဲလွန်စရှာဖွေရေးအဖွဲ့"အကြောင်းကို သိ ပြီးတော့ သွားလျှောက်ခဲ့ပြီးနောက်မှ အလုပ်ရခဲ့ပါတယ်။"သဲလွန်စရှာဖွေရေးအဖွဲ့"ကတော့ မှုခင်းတစ်ခုဖြစ်ပြီဆိုရင် သူတို့က ရာဇဝတ်ကောင်တွေလုပ်ခဲ့တဲ့ သဲလွန်စတွေကို ရှာဖွေပေးပြီးတော့ စုံစမ်းရေးအဖွဲ့ဆီကို လက်လွှဲပေးရတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။ကာနာတစ်ယောက် "သဲလွန်စရှာဖွေရေးအဖွဲ့"ကို ရောက်လာပြီးနောက်မှာတော့ သူတို့အဖွဲ့ပေါင်းပြီးတော့ အမှုတွေရဲ့ သဲလွန်စတွေကို ဘယ်လိုရှာဖွေသွားမလဲ ...... ဘယ်လို လျှို့ဝှက်ဆန်တဲ့ အမှုတွေကိုရော ကြုံတွေ့ရမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Alex~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size..2.5GB / 1.2GB Quality…WEB DL ...
movie
Atharva (2023)
2023
7.0
Kolai (2023)
Kolai (2023)တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်း သတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည်သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသော မော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင် ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည်စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာ အချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင် သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည်ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည် ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရ အောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည်သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲ မော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့် အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံး မထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ်ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲက မင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Kolai (2023)
2023
4K HEVC
7.2
Rangoon (2017) [Tamil]
IMDb Rating (7.2) ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကိုကြည့်ဖြစ်စေခဲ့တဲ့ ဗြိတိသျှကိုကိုမောင် Kyaw Swa Naing ရဲ့ Facebook ကနေကူးယူဖော်ပြညွှန်းပေးချင်ပါတယ်။----------------------------------------Rangoon ဆိုတဲ့ ကုလားကား။၁၉၈၈ မှာ မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။ အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့...မိုးရေး-တမူးနယ်စပ်ကနေ တဆင့် ဝင်လာခဲ့တယ်။ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှ်ိပဲ...ရန်ကုန်က သူတို့ ပို့ရမယ့် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။ဒါပေမယ့်..ရန်ကုန် က သူတို့တည်းတဲ့ ဟိုတယ်ကနေ ပြန်အထွက်မှာ..မြန်မာရွှေကုန်သည်ဘက်က လက်ငငး် ချေလိုက်တဲ့ ငွေသား သိန်း ၆၀၀ ပါတဲ့အိတ်ထဲမှာ စက္ကူတွေချည်းဖြစ်နေတဲ့အခါ.....ဇာတ်လမ်းကတော့ ...
movie
Rangoon (2017) [Tamil]
2017