Channel Myanmar

An Zehao

Thunderbolt Rose (2025) 5.7
Thunderbolt Rose (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းရုပ်ရှင်တစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ -လင်ပေမြို့မှ အမျိုးသမီးရဲတပ်ဖွဲ့မှ အဖွဲ့ဝင်ချန်ရှောင်းဟာ နယ်စပ်ဖြတ်ကျော်ဒုစရိုက်အဖွဲ့မှာ သူလျှိုအဖြစ် ဝင်ရောက်ပြီး သက်သေစုဆောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ချန်ရှောင်းဟာ "ကယ်လူရှီးပန်း" ထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အထူးမှုခင်းတပ်ဖွဲ့နဲ့ အတွင်းအပြင်ပူးပေါင်းကာ ဒုစရိုက်သမားတွေရဲ့ အသိုက်အမြုံကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီနောက်မှာတော့ ချန်ရှောင်းဟာ ပြစ်မှုအားလုံးရဲ့ နောက်ကွယ်မှာ "အစ်ကိုဟူ" လို့ခေါ်တဲ့ ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကြီး တစ်ယောက် ရှိနေသေးကြောင်း သိလိုက်ရတဲ့အခါ...... ဒုစရိုက်အဖွဲ့ကို ရှင်းလင်းဖို့ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့ရမလဲ...... အစ်ကိုဟူကရော ဘယ်သူဖြစ်နေမလဲ..... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.50 GB / 829 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 25 min Subtitle : Myanmar Subtitle ( ...
movie

Thunderbolt Rose (2025)

Atrocious ( 2025 ) 5.6
Atrocious ( 2025 ) မင်ကော်ခေတ်အတွင်းမှာ ဓားပြတစ်ဖွဲ့ကြောင့် ရှန်မိသားစုရွာ တစ်ခုလုံး ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရပါတယ်။ နောက်မှာတော့ ရှန်မိသားစုရဲ့ ရွှေ ၈ အိုး၊ ငွေ ၈ အိုးနဲ့ ကျောက်စိမ်းရတနာ ၈ အိုးကို အဲဒီရွာမှာ ရှိကြောင်းကောလာဟလ ပြန့်နေတဲ့အတွက် လူမိုက်တွေက ရွာပျက်မှာ လာရောက် စုဝေးနေကြပါတယ်။ ဒါပေမဲ့ ရွာပျက်ထဲကို ဝင်လိုက်တာနဲ့ ခေါင်းပြတ်သရဲ တွေရဲ့ ခြောက်လှန့်ခြင်း၊ ပုံရိပ်ယောင်တွေ မြင်ရခြင်း စတဲ့ ထိတ်လန့်စရာ အဖြစ်တွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။လူမိုက်အဖွဲ့က ရတနာကို ရှာတွေ့နိုင်မလား...... ရှန်မိသားစုရွာ တစ်ရွာလုံးကို ရက်စက်စွာ သတ်ဖြတ်သွားတဲ့ သမိုင်းကြောင်းက ဘယ်လိုဖြစ်မလဲ...... ခေါင်းပြတ်သရဲတွေကရော တကယ်ရှိနေသလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 0.98 GB / 538 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Mystery Runtime : ...
movie

Atrocious ( 2025 )

The Strange Case of Embroidered Shoes ( 2023 ) 5.8
The Strange Case of Embroidered Shoes ( 2023 ) မင်ကော်ခေတ်နှောင်းပိုင်းမှာ ခေတ်အပြောင်းအလဲကြောင့် ဒုစရိုက်ဂိုဏ်းတွေ အတင့်ရဲရောင့်တက်နေချိန်ဖြစ်ပါတယ်။ မြို့ထဲမှ ကျောင်းသူအများအပြား ပျောက်ဆုံးနေခဲ့ပြီး ရဲတပ်ဖွဲ့အတွက် ခေါင်းကိုက်နေရပါတယ်။မြို့ပြင်မှာရှိတဲ့ ရှန့်မိသားစုအိမ်မှာ တစ်မိသားစုလုံး အသတ်ခံရပြီးနောက်မှာတော့ သရဲအိမ်ဆိုပြီး သမုတ်ခံခဲ့ရပါတယ်။ မိုးညတစ်ညမှာ ရှန့်အိမ်ထဲမှာ ကျောင်းသူတစ်ယောက်နဲ့ လူကုန်ကူးသူတစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ ဒီအမှုက ထူးဆန်းလွန်းတဲ့အတွက် ဘယ်သူမှ မကိုင်ချင်ဖြစ်နေပါတယ်။ရဲမေလေး ကျန်းရှောင်ဟော်ကတော့ သရဲတစ္ဆေတွေကို အယုံအကြည်မရှိပဲ အဖေဖြစ်သူ ရဲမှူးကျန်းမိဟူ ဆန့်ကျင်နေတဲ့ကြားက ဒီအမှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ရှောင်ဟော်ဟာ သူဌေးသမီး ကျောက်ရီချွဲ့နဲ့ ခင်မင်သွားခဲ့ပြီး သူတို့ ၂ ယောက်ပူးပေါင်းကာ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုကို လိုက်လံစုံစမ်းပါတော့တယ်။နောက်ဆုံးမှာ သဲလွန်စတွေအရ လိုင်ဖုန့်လုံကို ရှာဖွေတွေ့ရှိခဲ့ပြီး ချန်စန်းရဲက ဦးဆောင်တဲ့ ဟွမ်ထုံချန်အဖွဲ့ကို စုံစမ်းရရှိခဲ့ပါတယ်။ ကျန်းရှောင်ဟော်နဲ့ ကျောက်ရီချွဲ့တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ကြီးကို အမြစ်ပြတ်ဖြေရှင်းနိုင်ပါ့မလား...... လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုနဲ့ရော ဘယ်လို ပတ်သတ်နေကြမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery ...
movie

The Strange Case of Embroidered Shoes ( 2023 )

Quick CounterAttack ( 2023 ) 5.8
Quick CounterAttack ( 2023 ) အင်တာနက်ခေတ်ကြီးမှာ အင်တာနက်ဒုစရိုက်မှုတွေလည်း များပြားလာတာ မဆန်းပါဘူး။ ဒုစရိုက်သမားတွေကြောင့် ဘဝပျက်ရတဲ့ လူတွေလည်း မနည်းပါဘူး။ ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်မှုတွေကို သရုပ်ဖော်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။အာဖရိကမှာ လုံခြုံရေးအလုပ်လုပ်နေတဲ့ မာရွှိတုန်းဟာ သမီးဖြစ်သူ ပျေ ာက်သွားတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ တရုတ်နိုင်ငံကိုပြန်ပြီး သူ့သမီးကို လိုက်ရှာတဲ့အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ဆက်နွယ်နေတာ သိလိုက်ရပါတယ်။ သမီးကို ကယ်ဆယ်ဖို့အတွက် မာရွှိတုန်းတစ်ယောက် အန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။မိန်းကလေးတွေကို လိမ်လည်ပြီး ငွေချေးတာကနေ တစ်ဆင့် ဒုစရိုက်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်ကို ရိုက်ပြထားတာဖြစ်ပြီး အက်ရှင်ကားပီပီ သွေးထွက်သံယိုများကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မာရွှိတုန်းတစ်ယောက် သူ့သမီးကို ကယ်နိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းကြီးကိုရော ရဲတပ်ဖွဲ့ကနေရော အပြတ်ရှင်းနိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Quick CounterAttack ( 2023 )

Now You See Me ( 2023 ) 5.8
Now You See Me ( 2023 ) ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသသိုင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ဝူခေတ်နှောင်းပိုင်းမှာ ရုပ်ပြောင်းရုပ်လွှဲပညာကို ကျွမ်းကျင်တဲ့ ရှီကျုံးယွိ၊ စက်ပညာကို ကျွမ်းကျင်တဲ့ ယွမ်ပေါင်၊ အဆိပ်ပိုးကောင်ပညာကို ကျွမ်းကျင်တဲ့ ချီးဖုန်းဟယ်နှင့် မျက်လှည့်ပညာနဲ့ သိုင်းပညာတို့ကို ကျွမ်းကျင်တဲ့ ကျန်အာတို့ဟာ သူရဲကောင်းသူခိုးအဖွဲ့အဖြစ်နဲ့ အစိုးရရုံးတွေကို ခိုးယူခြင်းဖြင့်နာမည်ကြီးနေပါတယ်။သူရဲကောင်းသူခိုးများအဖွဲ့ဟာ သရဲဝိညာဉ်အဖြစ်ဟန်ဆောင်ပြီး အစိုးရငွေတွေကို လုယူခဲ့တယ်။ စူးမိသားစုလိုက်အသတ်ခံရတဲ့အမှုကို လိုက်လံစုံစမ်းခဲ့တယ်။ နတ်အဖြစ်ဟန်ဆောင်ပြီး ငွေတောင်းနေတဲ့ ရှန်ယင်ဂိုဏ်းကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့တယ်။တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရရုံးတော်က အမတ်ကြီးလျိုကျီးချန်းက ကြိုးကိုင်ထားတာကို သိခဲ့ရတယ်။ သူတို့ဟာ လျိုအိမ်တော်ထဲဝင်ပြီး သွားရောက်စုံစမ်းချိန်မှာ ပိုကြီးမားတဲ့ လျှို့ဝှက်အကြံအစည်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ထိုအကြံအစည်ကြီးက ဘာများဖြစ်မလဲ ...... သူရဲကောင်းသူခိုးများအဖွဲ့ကရော သူတို့ ၄ ယောက်အင်အားနဲ့ လျိုကျီးချန်းရဲ့ စစ်တပ်ကြီးကို အနိုင်ရနိုင်ပါ့မလား...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie

Now You See Me ( 2023 )

The Incredible Water Monster ( 2023 ) 6
The Incredible Water Monster ( 2023 ) ယခုတစ်ခေါက်သိပ္ပံဇာတ်လမ်းကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ဇီဝဗေဒပါမောက္ခ စုလိယဟာ နိုင်ငံခြားမှာ ရေမိစ္ဆာကြီးက တျန်းချစ်မြစ်မှာ ပေါ်ပေါက်လာကြောင်း သတင်းရခဲ့တယ်။ ထိုရေမိစ္ဆာကြီးနဲ့ ပျောက်ဆုံးသွားတဲ့ သူမအဖေတို့ အဆက်အနွယ်တချို့ရှိမယ်လို့ ခံစားမိခဲ့တယ်။ သူမအဖေ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကို ရှာဖွေရန် သူမတစ်ယောက်တည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကို ရောက်လာခဲ့တယ်။ထိုရွာမှ ရွာသားတွေက သူတို့ရွာမှာ အပန်းဖြေစခန်း တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေတာ ဖြစ်တဲ့အတွက် ရေမိစ္ဆာအကြောင်း စုံစမ်းသူများကို ဆန့်ကျင်ခဲ့တယ်။ သူမ ရွာထဲဝင်တာနဲ့ အမှောင်ခန်းထဲမှာ အဖမ်းခံလိုက်ရတယ်။ထိုအမှောင်ခန်းထဲမှာ မထင်မှတ်ထားပဲ သူမရဲ့ သူငယ်ချင်းဖြစ်သူ စန်းဟားနဲ့ ချန်လုံတို့ကို တွေ့ခဲ့တယ်။ သူတို့တတွေဟာ နယ်မြေတစ်ခု ငြိမ်းချမ်းစေဖို့အတွက် အဆင့်မြင့်အတိုင်းအတာ ပတ်ဝန်းကျင်အပေါ် နားလည်မှုနဲ့ အချိန်ခရီးသွားခြင်း ဟာကွက်တွေကို အသုံးချပြီး ရေမိစ္ဆာနဲ့ ပြင်ပအန္တရယ်များကို တိုက်ခိုက်ခဲ့ပါတယ်။သူတို့တတွေ ရေမိစ္ဆာကြီးကို နှိမ်နင်းနိုင်ပါ့မလား...... ထိုရေမိစ္ဆာကြီးကလဲ လိယရဲ့ အဖေနဲ့ ဘယ်လို ပတ်သက်နေလဲ ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : ...
movie

The Incredible Water Monster ( 2023 )

The Five Immortals of Northeast China ( 2023 ) 5.8
The Five Immortals of Northeast China ( 2023 ) ချင်းခေတ်နှောင်းပိုင်းတောတောင်တွေကြားထဲကရွာလေးတစ်ရွာမှာ ရွာသားတွေက မြေခွေး ၊ဖျံနီညို၊ ဖြူ၊ မြွေ၊ ကြွက်ဆိုတဲ့သတ္တဝါ (၅)မျိုးကိုနတ်အဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတယ်။တစ်နေ့မှာတော့ရွာရဲ့လူချမ်းသာဖြစ်တဲ့စွန်းမျိုးနွယ်ဟာ ကြွက်တွေကိုအမျိုးတုန်းလိုက်ရှင်းတဲ့အတွက် ကြွက်နတ်ကိုပြစ်မှားမိလို့ ဒုက္ခရောက်သွားခဲ့တယ်ဆိုတဲ့ထူးဆန်းဖြစ်ရပ်ဖြစ်လာခဲ့တယ်။ဂျင်ဆင်းနဲ့ပူဇော်ရမယ့်လို့ဆိုကြတဲ့အတွက် စွန်းမျိုးနွယ်ရဲ့ညီဟာ တောင်ပေါ်တက်ပြီး ဂျင်ဆင်းရှာတဲ့ခရီးတင်ပါတော့တယ်...... ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်မျိုးပြီးတစ်မျိုးဖြစ်လာခဲ့တယ် တကယ်ပဲ တောင်တွင်းနတ်(၅)ပါးပေးတဲ့အပြစ်တွေလား...... အမှန်တရားဟာဘယ်လိုဖြစ်နေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

The Five Immortals of Northeast China ( 2023 )

Hello, Beijing ( 2022 ) 6
Hello, Beijing ( 2022 ) လူတိုင်း လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပါတယ် အိမ်မက်တိုင်းကို အကောင်အထည်ဖော်ဖို့က ကလဲ စျေးပေါပေါ လွယ်လွယ်ကူကူနဲ့ ရတတ်ကြတာမဟုတ်ပါဘူး ။ ပေးဆပ်မှုတွေ ရင်းနီးမှုတွေ စတေးမှုတွေနဲ့ မြှုပ်နှံပြီးမှ အကောင်အထည်ဖော်လို့ရကြတာပါ ။ဒီနေ့မှာဆိုရင်တော့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြနေတဲ့ အသက်အရွယ်မတူညီတဲ့ လူ ၃ ယောက်အကြောင်း ရိုက်ကူးပုံဖော် ထားသော ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။❏ ပရော့ဂျက်အောင်မြင်ခါနီးမှာမှ ရင်းနှီးမြှုပ်နှံသူတွေ နှုတ်ထွက်သွားပြီး အကြွေးတွေ ဝိုင်းဝိုင်းလယ်ကာ ကူရာမဲ့ ဖြစ်နေတဲ့ ကုမ္ပဏီ သူဌေး - လီမင်ချီ❏ အိမ်က သဘောမတူတဲ့ကြားထဲမှာမှ အိမ်ကိုဆန့်ကျင် အတိုက်အခံလုပ်ကာ ပေကျင်းသို့ သူ့ရဲ့ အဆိုတော်ဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အိမ်ပေါ်ကဆင်းလာသူ ထက်မြတ်တဲ့ လူငယ်လေး - ယန်နမ်❏ ချစ်ရသူနဲ့ လက်ထပ်ပြီး နေထိုင်ဖို့ အိမ်လေးဝယ်ချင်နေပေမဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူ ရိုးသားကြိုးစားတဲ့ အမြန်ချောပို့သမားလေး - လျိုရွှင့်အကျပ်အတည်း တစ်မျိုးစီနဲ့ ရင်ဆိုင်နေရတဲ့ သူတို့တွေ ပေကျင်းမှာ ဘယ်လိုများဆက်လက်ပြီးရှင်သန်ကြမှာလဲ ? သူတို့ရဲ့ အိမ်မက်တွေကရော အကောင်အထည်ဖော်နိုင်ပါ့မလား ? အိမ်မက်ကိုအကောင်အထည်ဖော်နေစဥ်အတွင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါနော် ...
movie

Hello, Beijing ( 2022 )