Channel Myanmar

Amy Lo

An Abandoned Team (2024) 5.9
An Abandoned Team (2024) တစ်သက်လုံး ဘုကလန့်လူ့ဂွစားအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ရန်ချွင်းကျားဟာ တောင်ပေါ်မှာ မတော်တဆဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ခွေးလေခွေးလွင့်ရှောင်းနန်က ကယ်တင်ပေးခဲ့ပြီး တိရစ္ဆာန်ပရဟိတလုပ်သူ ယွဲ့နာ့က သတိထားမိတဲ့အတွက် အန္တရာယ်က လွတ်မြောက်နိုင်ခဲ့ပါတယ်။ရှောင်းနန်က ဦးလေးကျားကို ခင်တွယ်တဲ့အတွက် ဖြည်းဖြည်းချင်း ဒီလူအိုရဲ့ စိတ်နှလုံးကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဦးလေးချွင်းနဲ့ ယွဲ့နာ့တို့ဟာလည်း မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။ ယွဲ့နာ့ရဲ့ အကူအညီနဲ့ ဦးလေးကျားဟာလည်း သမီးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အထင်လွှဲမှုတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ အနီးနားမှာ ခွေးလေခွေးလွင့်တွေကို တမင်အဆိပ်ခတ်နေသူလည်း ရှိနေပါတယ်။ ခွေးကလေးတွေ အဆိပ်ဘေးက လွတ်မြောက်နိုင်ပါ့မလား...... ရန်ချွင်းကျားကရော ဘယ်လိုကြောင့် အခုလို လူ့ဂွစားဖြစ်လာခဲ့တာလဲ...... ယွဲ့နာ့ကရော ချစ်ရသူနဲ့ သူချစ်ရဲ့ လုပ်ငန်းကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်လိမ့်မလဲ..ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.26 GB / 747 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 47 ...
movie

An Abandoned Team (2024)

Octopus with Broken Arms (2025) 6.2
Octopus with Broken Arms (2025) မြို့မျက်နှာဖုံးသန်းကြွယ်သူဌေးကြီးတစ်ယောက်ရဲ့သမီးလေးဟာ အိမ်မှာနေရင်း ရုတ်တရက်ပျောက်သွားပြီးပြန်ပေးဆွဲခံရတဲ့အမှုကို ပြန်ပေးမှုတိုက်ဖျက်ရေးတပ်ဖွဲ့က ကြိုးစားပြီးဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ပြန်ပေးသမားဟာ ဓားစာခံသမီးလေးကိုရွေးဖို့ သိန်း၁၀၀၀တောင်းခဲ့ပေမယ့် သန်းကြွယ်သူဌေးကြီးကိုပဟေဠိတွေဖြေခိုင်းရင်း သဲလွန်စတွေပေးပြီးတော့ လူတွေစိတ်ဝင်စားအောင်လုပ်နေပါတယ်။သူပေးတဲ့သဲလွန်စဟာ ဒီပြန်ပေးမှုဦးတည်နေတာမဟုတ်ပဲ လွန်ခဲ့တဲ့(၇)နှစ်တုန်းက ဖြစ်ရပ်တစ်ခုကိုတစ်စတစ်စနေဖော်ထုတ်နေတာဖြစ်တယ်။ တဖြည်းဖြည်းနဲ့တရားခံဟာ ငွေတောင်းခဲ့ပေမယ့် တကယ်တမ်းကျတော့ ငွေကိုလိုချင်တာမဟုတ်ပဲ တခြားရည်ရွယ်ချက်ရှိတာကိုသိလိုက်ရပါတယ်။တရားခံရဲ့တကယ့်ရည်ရွယ်ချက်ဟာ ဘာဖြစ်နေမလဲ...... သန်းကြွယ်သူဌေးကြီးကရော် ပြီးခဲ့တဲ့ဖြစ်ရပ်နဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာကို Plot twistတွေအများကြီးနဲ့ ပုံဖော်သွားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မှုခင်းဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 1.32 GB / 763 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Crime , Mystery Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Octopus with Broken Arms (2025)

Tales from the Occult: Ultimate Malevolence ( 2023 ) 5.9
Tales from the Occult: Ultimate Malevolence ( 2023 ) ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ် ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်း‌ကောင်းတစ်ခုပဲဖြစ်ပါတယ်ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့ သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့ သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက် ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ..............တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့...ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Tales from the Occult: Ultimate Malevolence ( 2023 )

One More Chance ( 2023 ) 6.2
One More Chance ( 2023 ) ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာ နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့ တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊ စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ အားဟွေးတစ်ယောက် လီရှီးက လီရန်ကို သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကို အားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲ အော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက် ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲ ဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီး ဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Family , Drama Runtime : 1h 54 ...
movie

One More Chance ( 2023 )