Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Amit Sharma
7.3
HIT: The Third Case aka HIT: The 3rd Case (2025)
HIT: The Third Case (2025)"မှုခင်းရဲ: တတိယအမှုတွဲ" =============================================အိန္ဒိယရဲ့ အကောင်းဆုံးမှုခင်းရုပ်ရှင်တွဲတွေထဲကတစ်ခုဖြစ်တဲ့ တေလေဂူးစကားပြော HIT ရုပ်ရှင်တွဲတွေရဲ့ တတိယမြောက်ရုပ်ရှင် ထွက်ရှိလိုလာပါပြီ။ဒီ The Third Case မှာတော့ ပြီးခဲ့တဲ့ The second case ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ Cameo ပြခဲ့တဲ့ ယင်ကောင်မင်းသား နာနီက အဓိကပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာတော့ ဒေါသကြီးပြီး အမှုတွေကို ကိုင်တွယ်တာကြမ်းတယ်လိုနာမည်ကြီးတဲ့ HIT အဖွဲရဲ့ အရာရှိသစ် အာဂျွန်ဆာကာကို ကတ်ရှ်မီးယားနယ်စပ်ဒေသက လက်သည်မပေါ်တဲ့ လူသဝာ်မှုတွေ ဖြေရှင်းဖို စေလွှတ်ရာကနေ တုံးတိုက်ကျားကိုက် အမှုဖြေရှင်းပုံတွေ၊ ဂျွန်ဝစ်ဆန်ဆန်အက်ရှင်ခန်းတွေကို ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။HIT ရုပ်ရှင်တွေဟာ မှုခင်းရုပ်ရှင်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့တာကြောင့် ပထမဆုံးရုပ်ရှင်ကိုဆိုရင် Bollywood ကတောင် remake ပြန်ရိုက်ခဲ့ပါသေးတယ်။HIT 3 ဟာ ရှေ့ကားတွေကို မကြည့်ဖူးလည်း တန်းကြည့်လိုရတဲ့ Standalone sequel တစ်ခုဖြစ်ပြီး HIT ရုပ်ရှင်တွေဟာ တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ မှုခင်းဇာတ်လမ်းတွေဖြစ်တာမလို ရှေ့ကရုပ်ရှင်တွေကို မကြည့်ရသေးဘူးဆိုရင်လည်း CM မှာ ရှာကြည့်ကြဖိုတိုက်တွန်းချင်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
HIT: The Third Case aka HIT: The 3rd Case (2025)
7.3
Deva (2025)
Deva (2025) "ဒေဗာ လာပြီဟေ့" IMDb - 7.3/10ဘောလိ၀ုဒ်အက်ရှင်ရုပ်ရှင်ဖန်တွေ စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရှာဟစ်ကပူးရဲ့ အသစ်စက်စက် အက်ရှင်ဇာတ်ကြမ်းကြီးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယတောင်ပိုင်းရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲကတစ်လက်ဖြစ်တဲ့ ပူဂျာ၊ Thappad (2020)မှာ ဇနီးဖြစ်သူကို ပါးတစ်ချက်ရိုက်လိုက်မိလို့ ကွာရှင်းဖို့ကြိုးစားခံရတဲ့ မင်းသားနေရာက ပါဗေးလ်ဂူလတ်တီတို့လည်း ပါဝင်ထားကြပါတယ်။အဖေဖြစ်သူ လူမိုက်ကြီးကို ထောင်ထဲထည့်ဖို့ ရည်မှန်းချက်နဲ့ ရဲဖြစ်ဖို့ကြိုးစားခဲ့တဲ့ ဒေဗာ။ ရဲလား မာဖီးယားလားလို့ မီဒီယာကနေ မေးခွန်းထုတ်ခံရလောက်အောင် ယူနီဖောင်းမဝတ်ဘဲ ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ ရဲအရာရှိ ဒေဗာ။သူငယ်ချင်းဖြစ်သူ လက်ထောက်ရဲမင်းကြီးက ဘယ်လောက်ချော့ပြောပြော နားမထောင်တဲ့ ဒေဗာ။ ဒါပေမဲ့ မတရားမှုဆို လက်မခံ၊ ရဲဘော်ရဲဘက် ဘော်ဒါအပေါင်းအသင်းတွေပေါ်မှာ သံယောဇဉ်ကြီးတဲ့ ဒေဗာ။ တစ်နေ့ သူ သဲကြီးမဲကြီးလိုက်နေတဲ့ အမှုတစ်ခုကို ဖြေရှင်းပြီးပြီလို့ သူငယ်ချင်းဖြစ်သူ အရာရှိဆီ လှမ်းအစီရင်ခံနေတုန်းမှာ မတော်တဆမှုဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။စိတ်ဝင်စားစရာ ဇာတ်အလှည့်အပြောင်းတွေအပြင် ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ မင်းသားကြီးရှာဟစ်ကပူးကို ရှုစားလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~ToMo~Cym~KKKZ~ZweYan~Vတို့ဖြစ်ပါတယ် File size… 2.5 GB / 1.2 GB Quality…WEB DL 1080p HEVC/ ...
movie
Deva (2025)
7.5
Music Shop Murthy (2024)
Music Shop Murthy (2024) “DJ မူရ်သီ” Genre – Comedy, Drama, Musicဟာသမင်းသားကြီး Ajay Ghosh ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး Chandini Chowdary လည်း အားဖြည့်ပါဝင်ထားတဲ့ တေးဂီတသံစုံ ဟာသဒရမ်မာကားသစ်လေး ဖြစ်ပါတယ်။မူရ်သီဆိုတဲ့ ဘဲကြီးက တေးသီချင်းတွေကို ဝါသနာပါ ရူးသွပ်ပြီး ကိုယ်တိုင်လည်း တေးဂီတခွေဆိုင်လေးဖွင့် ဘုရားပွဲ ကနားပွဲ မသာပွဲတွေဆိုလည်း လိုက်လိုက်ပြီး လော်နဲ့ သီချင်းဖွင့်ပေးပြီး စီးပွားရေး လုပ်ကိုင်နေသူကြီးပေါ့။ဒါပေမဲ့လည်း သမီးနှစ်ယောက်နဲ့ ဇနီးမယားကို ထောက်ပံ့ဖို့အတွက်ကျ ခေတ်မှီလာတဲ့ ဒီလိုခေတ်ကြီးမှာ ဒီအလုပ်က အဆင်မပြေတော့ပါဘူး ဒါကြောင့် မိန်းမဖြစ်သူကလည်း တခြားအလုပ်ပြောင်းလုပ်ဖို့ နားပူနားဆာတိုက်နေပေမဲ့ ရူးသွပ်မှုနောက်ကိုပဲ လိုက်နေဆဲပေါ့လေ။တစ်ဖက်မှာလည်း အမေရိကားကနေ ကျောင်းတက်လာတဲ့ အန်ဂျနာဟာ အိန္ဒိယရှေးရိုးစွဲ မိဘတွေနဲ့ အဆင်မပြေတွေဖြစ် သူ ဝါသနာပါတဲ့ ဒီဂျေအလုပ်ကိုလည်း အရက်မူးသမားတွေ ရှိတဲ့ဆိုင်မှာ ဖျော်ဖြေပေးရတာ အောက်တန်းကျတယ် ဘာပြုတယ်နဲ့ သားအဖနှစ်ယောက်က တဂျိမ်းဂျိမ်းပေါ့။ဒီလိုနဲ့ တေးသီချင်းတွေကို နှစ်သက်ပေမဲ့ ခေတ်ပေါ်ရေစီးကြောင်းကို မသိတဲ့ မူရ်သီတစ်ယောက် ဒီဂျေပညာရှင်မလေး အန်ဂျနာနဲ့ ...
movie
Music Shop Murthy (2024)
7.5
Kabir Singh (2019)
IMDb Rating (7.1)၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့ Remake ဖြစ်ပါတယ်အဲ့ဒီတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့ နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ ပရီသီးဆိုတဲ့ကောင်မလေးပါပဲ"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ် အဲ့ဒီထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ် ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ အဲ့ဒီတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"ဒီလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ ကွဲကွာသွားတဲ့အခါမှာတော့....။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်)Arjun Reddy (2017) Original ဇာတ်ကားကို https://channelmyanmar.to/arjun-reddy-2017/ မှာကြည့်လို့ရပါတယ်။ File size…(2.8 GB) / ...
movie
Kabir Singh (2019)
2019