Channel Myanmar

Amanda Plummer

The Prophecy (1995) 6.4
The Prophecy (1995)  The Prophecy (1995)IMDb Rating (6.4) / Rotten Tomatoes (46%) အယ်လ်အေမြို့က စုံထောက် သောမတ်စ်ဒက်ဂတ် သူလက်ရှိကိုင်နေရတဲ့ အမှုကြောင့် ဒွိဟတွေ အကြီးအကျယ် ဝင်နေရတယ်။ခက်တာက ဒီဒွိဟဟာ အမှုထောက်လှမ်းရေးမှာတင် မကဘူး၊ သူ့ကိုးကွယ်ယုံကြည်မှုအပိုင်းနဲ့ပါ ပတ်သက်နေတာပဲ။ဒက်ဂတ်က ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် ခံယူဖို့ ကြိုးစားပေးမဲ့ မအောင်မြင်ခဲ့တဲ့နောက် ဘုရားသခင်အပေါ် သူ့သက်ဝင်ယုံကြည်မှုအပေါ် မေးခွန်းထုတ်လာတဲ့သူ။အဲဒီလိုလူအတွက် သူ့ရဲစခန်း-ရင်ခွဲခန်းထဲက အလောင်းကောင်ဟာ သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းစေတော့မယ့်အရာ ဖြစ်နေတယ်။အကြောင်းကတော့ ဒီအလောင်းဟာ ကောင်းကင်ဘုံက သက်ဆင်းလာတဲ့ နတ်တမန်တစ်ယောက်လို့ ယုံကြည်စရာ အကြောင်းအချက်တွေကို သူတို့မြင်လာရတာမို့ပဲ။ဒီလိုနဲ့ အမှုကို ဆက်ထောက်လှမ်းရင်း ဒီသေသူ့လက်စွဲ သမ္မာကျမ်းစာထဲက စာတစ်ပိုဒ်မှာ ဘုရားသခင်ရဲ့ သစ္စာတော်ခံတွေနဲ့ လူတွေကိုမလိုလားတဲ့ တခြားနတ်တမန်တွေကြား လူသားတွေကို အကြောင်းပြုပြီးဒုတိယမြောက် ကောင်းကင်ဘုံစစ်ကြီး ဖြစ်နေတယ်လို့ ဆိုထားတာနဲ့ ကိုက်ညီနေတဲ့ အဖြစ်တွေကို ဒက်ဂတ် လက်တွေ့မြင်လာရတဲ့နောက်လူသားတစ်ရပ်လုံးရဲ့ကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ...
movie

The Prophecy (1995)

1995
The Million Dollar Hotel (2000) 5.7
The Million Dollar Hotel (2000)   The Million Dollar Hotel (2000)IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်းလော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါသူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက်ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။“ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ...
movie

The Million Dollar Hotel (2000)

2000
Pulp Fiction (1994) 8.9
Pulp Fiction (1994) Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino  ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie

Pulp Fiction (1994)

1994
4K HEVC
[21+] Ken Park (2002) 5.8
[21+] Ken Park (2002) Ken Park (2002)ဒီကားက တော်တော်ထူးခြားတဲ့ကားလို့ပြောရမယ်။ ဘာလို့ဆို ဒီကားနာမည်ကို ကန်ပတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့နာမည်ကိုပေးထားတယ်။ ဒါပေမဲ့ အဲဒီကောင်လေးရဲ့အကြောင်းကို အစနဲ့အဆုံးမှာပဲ ပြောသွားပြီး တစ်ကားလုံး သူတို့သူငယ်ချင်းတွေတစ်ယောက်ချင်းစီအကြောင်းကို Coming of Age ဆန်ဆန်ပြထားတယ်။ ဒီလိုပြထားတာတွေကလည်း လိင်ကိစ္စတွေကို အဓိကအသားပေးပြထားတဲ့အပြင် ကလေးတွေဖြစ်တတ်တဲ့ ခပ်ကြောင်ကြောင်ကိစ္စတွေလည်း မနည်းမနောပြထားတယ်။ ဒါပေမဲ့ အခန်းအများစုကတော့ ဒီက ယဉ်ကျေးမှုနဲ့ မလျော်ညီသလို အင်္ဂါဇာတ်တွေကိုလည်း ကွက်ကွက်ကွင်းကွင်းကိုပြတတ်တာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ဘူး။ဒါပေမဲ့လည်း ဒီကားဟာ သာမန်၂၁ကားမဟုတ်ဘဲ ထူးထူးခြားခြားနဲ့ကို ကြည့်ကောင်းနေတဲ့ ဇာတ်အိမ်လေးနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ဆိုတာကတော့ အမှန်ပါပဲ။ ဇာတ်ကလည်းထူးခြား အခန်းတွေကလည်း ကြမ်းပေ့ဆိုတာတွေမှ ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 680MB Quality - 720p ,480p IMDb Rating - 5.8/10 Format - ...
movie

[21+] Ken Park (2002)

2002
We Are Boats (2018) 6.0
We Are Boats (2018) ဒီတစ်ခေါက်ကတော့Channel Myanmarပရိသတ်ကြီးအတွက်Drama ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်က We are Boats (2019)ပါ။ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ဖရန်ချက်စကာဆိုတဲ့ ပြည့်တန်ဆာမလေးဟာ ညတစ်ညမှာ အသတ်ခံလိုက်ရပါတယ်။ဖြစ်ချင်တော့ အဲဒီနေ့ဟာ သူမရဲ့ သေနေ့မစေ့သေးပါဘူး။မတရားအသတ်ခံလိုက်ရတဲ့ သူမမှာ သမီးလေးတစ်ယောက်လဲ ရှိပါသေးတယ်။သမီးဖြစ်သူလေးကိုပြန်တွေ့နိုင်ဖို့အတွက် လူ့ဘဝကိုပြန်လာပြီးသေနေ့မစေ့သေးတဲ့လူသားတွေကို ကယ်တင်ပြီး လမ်းကြောင်းမှန်ကိုပြန်တင်ပေးတဲ့တာဝန်ကိုထမ်းဆောင်လိုက်ပါတော့တယ်။အဲဒီတာဝန်ကို ထမ်းဆောင်ရင်း ဘယ်လိုစိတ်ဝင်စာရစရာတွေသိလာရမလဲ?သူဘယ်လိုကိုင်တွယ်ဖြေရှင်းပေးမလဲ?သူ့သမီးလေူနဲ့ရော ပြန်ဆုံတွေ့နိုင်မလား?ဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ လူ့သဘာဝကို ရှုထောင့်တစ်မျိုးကနေ ရှိုက်ကူးတင်ဆက်ထားတာမလို့မပျင်းမရိ အဆုံးထိကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ။Ratingတွေ အနေနဲ့ကတော့ Imdb Rating 5.9/10 Rotten Tomatoes 60%ရရှိထားပါတယ်။ File Size : (1 GB) & ( 384 MB)Quality : WEB-DL 720pRunning Time : 1 hr 31 minFormat : Mp4 ...
movie

We Are Boats (2018)

2018