Channel Myanmar

Amanda Manopo

1 Imam 2 Makmum (2025) 6.3
1 Imam 2 Makmum (2025)  1 Imam 2 Makmum (2025)IMDb Rating (6.3) ဆုံးပါးသွားတဲ့ အရင်ဇနီးဟောင်းကို မမေ့နိုင်သေးတဲ့ Arman က သူ့အမေဆန္ဒအရ Anika ဆိုတဲ့ မိန်းမငယ်လေးကို အလိုမတူဘဲ လက်ထပ်ခဲ့ရတယ်။Anika က Arman နဲ့ Arman ရဲ့သမီးလေး Yasmin ကို အရမ်းချစ်ပြီး ပြုစုစောင့်ရှောက်ပေးရင်း အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ဒါပေမဲ့ အရင်ဇနီးဟောင်းကို မေ့မရသေးတဲ့ ခင်ပွန်းသည် Arman ကို Anika နောက်ဆုံးမှာ သူ့ကိုချစ်လာအောင် ပြောင်းလဲနိုင်မလား၊ Yasmin လေးနဲ့ Anika ကြားက သံယောဇဉ်က အမေနဲ့သမီးဆက်ဆံရေးအဖြစ် တည်ရှိသွားနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ မိသားစုချစ်ခြင်းမေတ္တာ၊ ကတိကဝတ်တည်မြဲမှုတွေနဲ့ ရင်ထဲနွေးထွေးဖွယ် ကြည့်ရှုရမဲ့ ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.3 GB) / (610 MB) Quality….WEB-DL ...
movie

1 Imam 2 Makmum (2025)

2025
Bila Esok Ibu Tiada (2024) 5.7
Bila Esok Ibu Tiada (2024) Bila Esok Ibu Tiada (2024) "တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ..."ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။'ခလုတ်ထိမှအမိတ' ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ...။ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။) File size…1.5 GB / ...
movie

Bila Esok Ibu Tiada (2024)

Offering ( 2018 ) 5.4
Offering ( 2018 ) ကျောင်းတစ်ကျောင်းမှ အနိုင်ကျင့်တတ်တဲ့ ကျောင်းသူ ကျောင်းသားတစ်စုဟာ ရှိစမြဲပါဒီဇာတ်ကားလေးထဲမှာတော့ အထက်တန်းကျောင်းတစ်ခုမှာကျောင်းသားအချင်းချင်း ကြီးနိုင်ငယ်ညှဉ်းဒဏ်မခံနိုင်လို့ အဆုံးစီရင်မှုတွေ ဖြစ်ပေါ်နေပါတယ်။ရုပ်ချော စာတော်ပြီး ပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့ အယ်လန်နာဆိုတဲ့ကျောင်းသူလေးဟာ အနိုင်ကျင့်တတ်တဲ့ ကျောင်းသူတစ်ချို့ကိုတိတ်တဆိတ်ဗီဒီယိုနဲ့ မှတ်တမ်းတင်နေရာက လူမိသွားလို့ ကင်မရာအလုခံလိုက်ရပြီးကင်မရာပြန်ရအောင် သွားပြန်ယူချိန်မှာတော့ မထင်မှတ်တဲ့ဖြစ်ရပ်တွေကြောင့်အရှက်တကွဲအကျိုးနည်းဖြစ်ပြီး အဆုံးစီရင်သည်အထိဖြစ်ခဲ့ရပါတယ်သူဒုက္ခရောက်တဲ့အချိန် ဆရာ ဆရာမတွေအပြင် အခင်ဆုံးသူငယ်ချင်းတွေပါဘယ်သူမှကိုယ့်ဖက်မှာမရှိလို့ ဝမ်းနည်းစိတ်ကနေ ဒေါသအဖြစ်ပြောင်းသွားတဲ့အယ့်ဝိဉာဉ်ဟာ မအေးချမ်းနိုင်လို့ လက်စားပြန်လာချေတာကိုထိတ်လန့်ဖွယ်ကြည့်ရှုရမယ့် သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

Offering ( 2018 )