Channel Myanmar

Aman Kanojia

Ruslaan (2024)
Ruslaan (2024) Ruslaan (2024)ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲဖို့လုပ်ရာကနေ ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။အကြမ်းဖက်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှ လက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြမ်းဖက်သမားရဲ့သားဆိုတဲ့ အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင် အနိုင်ကျင့်ခံနေရပါတယ်။ ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့ အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းက ကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီး ရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီး မွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်း ရူစလန်လေးကို အကြမ်းဖက်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲ ဘဝကို‌ ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကို လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီး အစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ ...... ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 2.6 GB / 1.2 GB Quality…WEB ...
movie

Ruslaan (2024)

Sarfira (2024) 7.9
Sarfira (2024) Sarfira 2024 အိပ်မက်များနဲ့ကျွန်တော်IMDb -7.9/10မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie

Sarfira (2024)