Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alok Nath
4.9
Na Tum Jaano Na Hum (2002)
Na Tum Jaano Na Hum (2002)ဒီဇာတ်ကားလေးကတော့ ပရိတ်သည်းစွဲ မင်းသားကြီးလက်ပွားမင်းသားအဖြစ်လည်း သိကြတဲ့ ရီသစ်က်ရောဝ်ရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ မင်းသမီးကြီး အီရှာဒီယိုလ်ကလည်း ပါဝင်အားဖြည့်ထားတဲ့ဟင်ဒီဇာကားပြော Romance/Drama အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရာဟုလ်ဟာ ရှင်မလာ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့စဉ်စာတစ်စောင်ကို အမှုမဲ့အမှတ်မဲ့ ရေးထားခဲ့ပါတယ်။ ၄နှစ် အကြာမှာ တော့ အီရှာက အဲဒီစာစောင်ကို အမှတ်မထင်ရှာတွေ့ခဲ့ပြီး ရေဒီယိုရုပ်သံလိုင်းကနေတဆင့် ဆက်သွယ်ဖို့ အခွင့်ရခဲ့ကြပါလေရော။ဒါပေမဲ့လည်း အီရှာက သူ့အဖိုး လက်ခံနိုင်တဲ့သူကိုပဲ သူက အဆုံခံမယ်ဆိုကာ လောလောဆယ်ဆယ် စာနဲ့ပဲ ဆက်သွယ်ကြမယ်လို့ပြောလာတော့ ရာဟုလ်ကလည်း ဒါကို လက်ခံလိုက်တာပေါ့။အီရှာနဲ့ လက်တွေ့ဘဝမှာ မဆုံရသေးတဲ့ရာဟုလ်ဟာ ဆိုရင်သူ့နဲ့အတူ ညီအစ်ကိုလို နေလာတဲ့ အက်ရှေးအတွက် မိန်းမရှာပေးဖို့ဆိုကာအီရှာ့ဆီ ရောက်လာတဲ့အခါမှတော့...ရာဟုလ်နဲ့ အီရှာတို့ရဲ့ အချစ်ဇတ်လမ်းက ဘယ်လိုအလှည့်အပြောင်းတွေဆီ ဆွဲခေါ်သွားမလဲ... အီရှာဟာ အပြင်မှာမမြင်ဖူးတဲ့ သူ့ချစ်သူနဲ့ ဆုံဆည်းခွင့်ရနိုင်မှာလား...ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ် ပရိသတ်များ ...
movie
Na Tum Jaano Na Hum (2002)
Aap Mujhe Achche Lagne Lage (2002)
Aap Mujhe Achche Lagne Lage 2002 မင်းနဲ့မှချစ်တတ်ပြီပေါ့အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကို သဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ် အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါ ပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။ အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင် သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့ လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင် နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့် မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီက လိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေး ရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာ သူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့ အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။ အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီး အဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာ လုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ...
movie
Aap Mujhe Achche Lagne Lage (2002)
5.4
Hum Tumhare Hain Sanam (2002)
Hum Tumhare Hain Sanam (2002) ကိုယ်ဟာမင်းလေးအပိုင်ပါ အချစ်လေးဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကို Up to date ဇာတ်ကားတွေပဲကြည့်နေရမှာ ပျင်းနေမှာစိုးလို့ Old School ရွှေလိုရှားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်...ခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ဆလူးဘိုင်လို့ချစ်စနိုးခေါ်ရတဲ့ ဆယ်လ်မန်ခန်းတို့အပြိုင်ပါဝင်ထားတဲ့အပြင် အဲ့ခေတ်တုန်းက လှချက်ကကျက်သရေရှိလွန်း ငြိမ်းချမ်းလွန်းပါတယ်ဆိုတဲ့ မင်းသမီး မာဒူရီဒီဆစ်တို့နဲ့အတူ ဘောလီးဝုဒ်ရွှေခေတ်ဇာတ်ကားဆိုတာ ဒါမျိုးပါလားဆိုပြီး အဆိုအကမြိုင်မြိုင်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရမယ့် အချစ်ဇာတ်ကားလေးပါပဲ ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ရှရွတ်ခန်း(ဂိုပါ)နဲ့ မာဒူရီ(ရာဒါ) တို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကလေးဘဝမှာကွဲကွာသွားခဲ့တာပါ.. ဆလူးဘိုင်(ဆူရာ့ဂ်ျ)ကတော့ ရာဒါရဲ့မိခင်ကမွေးစားထားတာဖြစ်ပြီး ရာဒါနဲ့အတူကြီးပြင်းလာခဲ့တာပါ... အရွယ်ရောက်လာတဲ့အခါမှာ ဂိုပါနဲ့ရာဒါတို့ ပြန်ဆုံစည်းကြပြီး လက်ထပ်လိုက်ကြသလို ဆူရာ့ဂ်ျကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်သူငယ်ချင်းဆူရာ့ဂ်ျကို သံယောဇဉ်မပြတ်တဲ့ ရာဒါကြောင့် အချစ်ကြီးတဲ့ဂိုပါဟာ သံသယတွေဝင်ပြီး ရာဒါနဲ့ပြသနာတက်ပါတော့တယ်... တွေ့ဖူးနေကျ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးပဲဆိုပေမယ့် အဲ့ခေတ်အခါမှာတော့ ကြည့်သူတိုင်းမျက်ရည်လေးတစ်စမ်းစမ်းနဲ့ အားလုံးကိုထိုင်သနားရမှာပါပဲ ဒီကားထဲပါတဲ့သီချင်းတိုင်းက နားထောင်လို့ကောင်းသလို ပေါက်လဲပေါက်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်အဲ့တော့ အဆိုအကအစုံနဲ့ အချစ်ဒရာမာကားကောင်းလေးကို ဘောလီးဝုဒ်ပရိသတ်ကြီးလက်ဝယ်သို့ အရောက်တင်ဆက်ပေးလိုက်ရပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 3 GB ...
movie
Hum Tumhare Hain Sanam (2002)
4.8
Mujhe Kucch Kehna Hai (2001)
Mujhe Kucch Kehna Hai (2001)"ပြောစရာတွေကျန်သေးတယ်" ==============================================မင်းသမီး ကရီနာကပူးရ်ရဲ့ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကာရန်ဟာ လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ ၁၀ ကျော်သက် ကောလိပ်ကျောင်းသားတစ်ယောက်ပါ။ သူဟာ အဲဒီအရွယ် ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်းပဲ သူ့ကို အမြဲတမ်း ဆူပူနေတဲ့ အဖေဖြစ်သူနဲ့လည်း မတည့်ပါဘူး။အဲဒီလို လူပျော်လေး ကာရန်ဟာ ပူဂျားဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ အမှတ်မထင် စုံဆည်းခွင့်ရခဲ့ပြီး အချစ်စိတ်တွေ ပေါက်ဖွားခဲ့ပါတယ်။ဒါပေမဲ့ စိုးရိမ်စိတ်တွေကြောင့် ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောရသေးခင်မှာပဲ ကံကြမ္မာက သူတို့ကို တစ်မျိုးတဖုံ ကျီစယ်လှည့်စားပုံတွေကို ဒီရုပ်ရှင်လေးထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.89 GB / 1.49 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mujhe Kucch Kehna Hai (2001)
7.4
Kabhi Khushi Kabhie Gham(2001)
Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။) File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie
Kabhi Khushi Kabhie Gham(2001)
6.8
De De Pyaar De (2019)
(Unicode)MDb 6.7/10 Google Users 90%ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ်Rom-Com ဆိုတာဘာလဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူးသေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူးကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ်ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ်ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ်ဇာတ်လမ်းလေးပြောပြရရင် ... အသက် ၅၀ အရွယ် ...
movie
De De Pyaar De (2019)
2019
7.7
Sonu Ke Titu Ki Sweety (2018)
ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။Rating အနေနဲ့ 7. 6 ထိရှိပြီး ဝင်ငွေအရလည်းအောင်မြင်တဲ့ဇာတ်ကားလေးပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (999 MB) and (450 MB) Quality : WEB-DL 720p Running Time : 2hr 18min Format ...
movie
Sonu Ke Titu Ki Sweety (2018)
2018