Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Allan Graf
7.3
Thirteen Days (2000)
Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie
Thirteen Days (2000)
2000
5.8
Over the Top (1987)
Over the Top (1987)အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။~ ဇာတ်လမ်းအကျဥ်း ~လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။ နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။ကုန်ကားပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။ ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ... မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ... ဆိုတာကို မင်းသားကြီးစတားလုန်းစ်ရဲ့ Arm-Wrestling စကေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.85GB, 850MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - ...
movie
Over the Top (1987)
1987
6.1
Red Heat (1988)
Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆိုတော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားကတော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်းကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie
Red Heat (1988)
1988