Channel Myanmar

Aliyah

Red Land (2025) 5.7
Red Land (2025) နျူကလီယားစစ်ပွဲကြီးသာတကယ်ဖြစ်သွားခဲ့ရင် ကမ္ဘာကြီးကဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ကူးယဉ်ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ မထင်မှတ်ပဲနျူကလီယားစစ်ပွဲဖြစ်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးကပျက်စီးသွားပြီးတော့ လူသားတွေကမြေအောက်မှာပဲရှင်သန်ကြရတဲ့ကာလတစ်ခုကို စိတ်ကူးယဉ်ဖန်တီးပြီး ပုံဖော်ထားတာပဲဖြစ်ပါတယ်။မြေပြင်ပေါ်ကကမ္ဘာကြီးပျက်စီးသွားပြီးနောက်ပိုင်းမှာ အရင်ကမြေအောက်ရထား ဘူတာဟောင်းဖြစ်တဲ့ အနီရောင်မြေဆိုတဲ့နေရာမှာ အသက်ရှင်ကျန်သူတွေက စုဝေးပြီးတော့ မြို့တစ်မြို့တည်ထောင်ပြီး နေကြတယ်။ မြေအောက်မှ ာအသက်ရှင်နေတာလူသားတွေတင်မကပဲ ခူမျိုးနွယ်စုဆိုတဲ့ လူသားကိုမျိုုးရိုးဗီဇပြောင်းထားတဲ့မျိုးနွယ်စုတစ်စုလဲရှိပါတယ်။လူသားတွေနဲ့ခူမျိုးနွယ်စုဟာ မြေအောက်အရင်းအမြစ်တွေလုရင်း အမြဲတိုက်ခိုက်နေကြပါတယ်။ တစ်နေ့မှာတော့ ခူမျိုးနွယ်မိန်းကလေးတစ်ယောက်ဟာ အနီရောင်မြေထဲကိုဝင်လာပြီးတော့ မြို့ဝန်ကိုလုပ်ကြံဖို့ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အနီရောင်မြေရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ဟာတစ်ဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်......4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.13 GB / 555 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller, Adventure Runtime : 1 h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Red Land (2025)

Zombie General ( 2023 ) 5.7
Zombie General ( 2023 ) မှောင်မိုက်တဲ့ညနက်သန်းခေါင်အချိန်မှာ မရဏစစ်သည်တွေချီတက်လာကြတယ်။ အဲဒီအချိန်မှာပဲ ဖုတ်ကောင်တပ်ဖွဲ့ကရောက်လာပြီး မရဏစစ်သည်တွေကိုတိုက်ခိုက်ကြပါတယ်။ ဒီထူးခြားတဲ့မြင်ကွင်းကို အမှောင်ကွယ်ရာကနေ တိတ်တဆိတ်ကြည့်နေတာကတော့ ပြိုင်ဘက်ကင်းတဲ့တာအိုဆရာကြီးရှီတို့ဆရာတပည့်ပဲဖြစ်ပါတယ်။မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းပြီး လောကကြီးကိုကာကွယ်နေတဲ့ ဆရာကြီးရှီတို့ဆရာတပည့်ကိုတစ်နေ့မှာတော့အရာရှိကြီးတစ်ယောက်ဟာ ဖုတ်ကောင်ရှင်းလင်းဖို့အကူအညီလာတောင်းပါတယ်။ အဲဒါကြောင့်ဆရာတပည့်တွေဟာ ဖုတ်ကောင်တွေရဲ့ဇာစ်မြစ်ကိုလိုက်စုံစမ်းရင်း ဒါဟာဘိန်းသယ်ပို့တဲ့လမ်းကြောင်းဆိုတာသိလိုက်ရပါတယ်ဒီလိုနဲ့မကောင်းဆိုးဝါးနှိမ်နင်းမယ့်ဆရာတပည့်ဟာ ဘိန်းဂိုဏ်းနဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ သူတို့အင်အားလေးနဲ့ ဘိန်းဂိုဏ်းကြီးနဲ့ရင်ဆိုင်ကြမလဲ… မရဏစစ်သည်နဲ့ဖုတ်ကောင်တွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ… Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Zombie General ( 2023 )