Channel Myanmar

Alexia Moyano

My Penguin Friend (2024) 6.9
My Penguin Friend (2024)  My Penguin Friend (2024)IMDb Rating (6.9) / Rotten Tomatoes (85%) ၂၀၁၈ ဝန်းကျင်က အွန်လိုင်းမှာပြန့်ခဲ့တဲ့ ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်။အသက်သခင်ကိုမမေ့တဲ့ပင်ဂွင်းလေးအကြောင်းဆိုတာကိုမှတ်မိကြဦးမှာပါ။ကမ်းခြေမှာဆီတွေရွှဲပြီး သေလုနီးပါးဖြစ်နေတဲ့ ပင်ဂွင်းငှက်ကလေးကို ကယ်တင်ခဲ့တဲ့ တံငါသည်အဘိုးအိုတစ်ယောက်၊သူကယ်တင်ခဲ့တဲ့ငှက်လေးဟာ တစ်နှစ်ကိုတစ်ကြိမ် မိုင်ပေါင်းများစွာခရီးနှင်ပြီး သူ့ဆီကိုပြန်လာလည်တတ်တဲ့အကြောင်းပါ။ဒီဇာတ်ကားကတော့ အဲ့ဒီအဖြစ်မှန်အပေါ်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။Inspired by ဖြစ်တဲ့အတွက် ထပ်ပြီးစိတ်ကူးကွန့်မြူးထားတာလေးတွေပါဝင်ပါတယ်။တံငါသည်အဘိုးအို ဂျွန်အဖြစ် ပရိသတ်တွေနဲ့စိမ်းမှာမဟုတ်တဲ့ ဝါရင့်မင်းသားကြီး Jean Reno (Léon: The Professional) ကပါဝင်ထားတာပါ။ဆက်သွယ်ပြောဆိုစရာ ဘာသာစကားကြားခံမရှိတဲ့ လူတစ်ယောက်နဲ့ပင်ဂွင်းငှက်လေးတစ်ကောင်ကြားက ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်ကိုကြွတက်လာအောင် ပုံဖော်ထားတာကိုတွေ့မြင်ရမှာဖြစ်ပြီး တိချစ်သူတွေ၊ စိတ်နုသူတွေအတွက် မျက်ရည်လည်ကြည်နူးရမယ့်ချစ်စရာဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.5 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:37:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

My Penguin Friend (2024)

2024
Colonia (2015) 7
Colonia (2015) Colonia (2015)~ IMDb rating - 7/10 ~ကျွန်တော်တို့ အရွယ်ပတ်ချာလည် လူတိုင်းရဲ့ Crush စုန်းမလေး Emma Watson သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။ ချီလီနိုင်ငံမှာ တကယ်ရှိခဲ့တဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအခြေတည်ထားရာကတော့ ချီလီမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် အစိုးရနဲ့ ပြဿနာရှိတဲ့သူတွေကို ဖမ်းထည့်ပြီး နှိပ်စက် အစဖျောက်ပစ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Colonia Dignidad ဆိုတဲ့ လျှို့ဝှက် အကျဉ်းစခန်းတစ်ခုအကြောင်းပေါ့။ဇာတ်ကားမှာတော့ မမ Emma က လေယာဉ်မယ်။ သူ့ရဲ့ ရည်းစားက ချီလီမှာ ဆန္ဒပြတာကို ကူပေးနေတဲ့ ဓာတ်ပုံဆရာ။ သူတို့နှစ်ယောက် အာဏာသိမ်းတဲ့အချိန်နဲ့ကြုံပြီး နှစ်ယောက်လုံး ဖမ်းခံရတဲ့ထဲပါသွားတယ်။ဓာတ်ပုံဆရာက လှုပ်ရှားသူထဲမှာပါလို့ အဖမ်းခံလိုက်ရပြီး လေယာဉ်မယ်က လွတ်လာတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ စုံစမ်းကြည့်ရင်း ဘာသာရေးအဖွဲ့ဟန်ဆောင်ထားတဲ့ Colonia Dignidad ...
movie

Colonia (2015)

2015