Channel Myanmar

Alex Collins

Dead Money (2024) 5.9
Dead Money (2024)  Dead Money (2024)IMDb Rating (5.9) / Rotten Tomatoes (25%) ဒီ သဲထိပ်ရင်ဖိုဇာတ်ကားတော့ လောင်းကစားကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အန်ဒီလို့ခေါ်တဲ့ ပရော်ဖက်ရှင်ပိုကာကစားသမားတစ်ယောက်ဟာ တစ်ညမှာ သူ့ရဲ့ ခွင်တွေ့ထားတဲ့ကစားဝိုင်းကို သွားကစားခဲ့ပါတယ်။ဖြစ်ချင်တော့ အန်ဒီအကုန်ရှုံးပြီးကာမှ အချီကြီးပြန်နိုင်သွားပါတယ်။ အချီကြီးနိုင်သွားပြီးတဲ့နောက် သူ့ရဲ့ကောင်မလေး ကလိုဝီနဲ့ မြို့ပြောင်းပြီးနေဖို့ စိတ်ကူးထားတာပါ။ဒါပေမဲ့ဖြစ်ချင်တော့ ဝိုင်းသိမ်းခါနီးမှာပဲ ဓားပြနှစ်ယောက်ဟာ အန်ဒီတို့ ကစားနေတဲ့ဝိုင်းကို ဓားပြတိုက်သွားပြီး တစ်ဝိုင်းလုံးအလုခံလိုက်ရပါတယ်။ဓားပြတိုက်ခံရလို့ ဝိုင်းပျက်သွားပြီးတဲ့နောက်မှာ အန်ဒီဟာ စိတ်ပျက်ပျက်နဲ့ သူ့ကောင်မလေးနဲ့အတူ​ အိမ်ကိုကားနဲ့ပြန်လာခဲ့ပါတယ်။ပြန်နေရင်းလမ်းမှာပဲကောင်မလေးက လပ်တော့ပ်ကျန်ခဲ့လို့ဆိုပြီး ဝိုင်းထောင်တဲ့အိမ်ကိုပြန်သွားလိုက်ပါတယ်။ဒီလိုနဲ့ အန်ဒီတစ်​ယောက် ပစ္စည်းသွားပြန်ယူတဲ့အချိန်မှာငွေထုပ်ကြီးတစ်ထုပ် အိမ်ရဲ့ လှေကားရင်းမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒီငွေထုပ်ကြီးကိုယူပြီးနောက်မှတော့ အန်ဒီရဲ့ဘဝဟာ တဖန်ပြန်သာယာမလိုဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငွေထုပ်ကြီးရဲ့ သမိုင်းကို အန်ဒီသိသွားတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (600 MB) Quality….WEB-Rip 1080p HEVC / ...
movie

Dead Money (2024)

2024