Channel Myanmar

Alejandro Speitzer

Straight (2024) S 6.1
Straight (2024) S Straight (2024)IMDb Rating (6.1) ၂၀၁၆ ခုနှစ်မှာဖျော်ဖြေခဲ့တဲ့ “ Straight “လို့အမည်ရတဲ့ ပြဇာတ်ကို ၂၀၂၃မှာပဲ “ Straight “ ဆိုပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တဲ့ မက္ကဆီကိုရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။Roberto ကဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ သိပ္ပံပညာရှင် Elia ဖြစ်သူနဲ့ တွဲခုတ်နေခဲ့တာ ခြောက်နှစ်တာတောင်ရှိသွားပါပြီ။ သို့ပေမယ့်လည်း သူဟာ dating app ကနေတစ်ဆင့် တွေ့လာခဲ့တဲ့ Chris ဆိုသူကောင်လေးတစ်ယောက်နဲ့လည်းတိတ်တိတ်ပုန်းခိုးတွဲနေခဲ့ပါတယ်။အဲ့ဒီကနေတစ်ဆင့် ခြောက်နှစ်တာသူထိန်းသိမ်းလာခဲ့တဲ့ " ငါဟာအဖြောင့် " ဆိုတဲ့ဂုဏ်ပုဒ်ဟာ တဖြည်းဖြည်း လျော့ရိလာပါတော့တယ်။သူကိုယ်တိုင်က Homosexual တစ်ယောက်ဖြစ်သော်ငြားလည်း ပတ်ဝန်းကျင်ရဲ့အလိုအရ သူဟာ လိင်တူတစ်ယောက်ကိုစုံမက်တယ်ဆိုတဲ့အတွေးကို ငြင်းဆန်နေသူတစ်ယောက်ပါ။တစ်ဖက်က Chris ကိုလည်းချစ်သလို တစ်ဖက်က Elia ကလည်း သူနဲ့အတူတွဲလာတာကြာနေပြီဖြစ်တဲ့အတွက်ကြောင့် အတူတူနေကြရင်မကောင်းဘူးလား ဆိုတဲ့တောင်းဆိုချက်ကို လန့်ကြောက်ရှောင်ကွင်းနေသူတစ်ယောက်ပါ။ဒါကြောင့် Robertoအနေနဲ့ အချစ်ကိုကျော်လွန်ပြီး Eliaကို အားနာစိတ် ပတ်ဝန်းကျင်ကိုကြောက်စိတ် ပုံစံခွက်ထဲမှာပဲနေချင်စိတ်များကြောင့် Eliaကိုပဲ ...
movie

Straight (2024) S

2024