Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alberto Ammann
6.1
Disco, Ibiza, Locomía (2024)
Disco, Ibiza, Locomía (2024)IMDb Rating (6.1) 80 ခုနှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ Locomia ဆိုတဲ့ စပိန် ဂီတ Band တစ်ခုရဲ့ တကယ့်ဖြစ်ရပ်မှန်တွေကိုရိုက်ကူးပေးထားတဲ့ကားလေးပါ။ဒီကား ထဲမှာ Money Heist ထဲက Denver လုပ်တဲ့မင်းသားက Band ခေါင်းဆောင် ချာဗီဖောင့်အဖြစ်သရုပ်ဆောင်ထားပြီးmusic documentaries ကြိုက်တဲ့သူတွေအတွက် 80 ခုနှစ် Disco Dance music တွေနဲ့ အဖော်အချွတ် club scene တွေကို ဝေဝေဆာဆာမြင်တွေ့ရမယ့်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)File size…(2.2 GB) / (1.3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Music Duration….01:45:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nikobaby
movie
Disco, Ibiza, Locomía (2024)
2024
6.4
Anna (2013)
Anna (2013)~ IMDb rating - 6.4/10 ~Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်... ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ...တကယ်ပဲအန်နာက Victim လား... လူသတ်သမားလား... ဆိုတာ ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Anna (2013)
2013
5.5
Overdose (2022)
Overdose (2022)တိုလု့စ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲ့ခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို့ ပြင်ဆင်နေတဲ့အချိန် ... တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် ... လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို့ ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ Action, Crime, Thriller အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် အသင့်တော်ဆုံး ...
movie
Overdose (2022)
2022
7.6
Cell 211 (2009)
Cell 211 ဇာတ်လမ်းအညွှန်း********************၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား…တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...
movie
Cell 211 (2009)
2009