Channel Myanmar

Al Pacino

The Ritual (2025) 4.6
The Ritual (2025)  The Ritual (2025)Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းအဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC ...
movie

The Ritual (2025)

2025
Scent of a Woman (1992) 8.0
Scent of a Woman (1992) Scent of a Woman (1992)IMDb (8.0) / Rotten Tomatoes (88 %) Won 1 Oscar. Another 5 wins & 14 nominationsဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့ Chris O'Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ်... "Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့" ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို ...
movie

Scent of a Woman (1992)

1992
People I Know (2002) 5.4
People I Know (2002)  People I Know (2002)IMDb Rating (5.4) / Rotten Tomatoes (45%) အီလိုင်ဝါးမန်းဟာ ကြော်ငြာပြန်ကြားပေးရတဲ့သူပါ သူဟာအသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်တွေလည်းပါးလာပါတယ်။သူ့မှာ ဆီးသွားရင်သွေးပါတတ်တဲ့ရောဂါလည်းရှိပြီး အရက်နဲ့မူးယစ်းဆေးစွဲနေသူပါ ကယ်ရီလော်နာဆိုတာကတော့ အော်စကာဆုရနာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ။ကယ်ရီလော်နာကပဲ အီလိုင့်ဆီကိုအလုပ်အပ်တဲ့ တစ်ဦးတည်းသောအလုပ်ရှင်ပါ ကယ်ရီလော်နာ ရှုပ်ခဲ့သမျှပြဿနာတွေကိုလည်း အကုန်လိုက်ရှင်းပေးရပါတယ်။တစ်နေ့မှာ ကယ်ရီဟာ သူနဲ့ပက်သက်ခဲ့တဲ့ဂျေလီဟော့ပါဆိုတဲ့မော်ဒယ်တစ်ယောက်အဖမ်းခံရတဲ့ကိစ္စကို အီလိုင့်ကိုတာဝန်ဖြေရှင်းခိုင်းရာကအီလိုင့်ရဲ့ ဆိုးနေတဲ့ဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(3.1 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane
movie

People I Know (2002)

2002
Misconduct (2016) 5.4
Misconduct (2016) ဒီဇာတ်ကားကတော့ ဇာတ်ဆောင်တွေထက် ဇာတ်ရံတွေက ပိုပြီးသယ်နိုင်ခဲ့တဲ့ဇာတ်ကားပါပဲ။ Anthony Hopkins လိုမျိုး ဩဇာသိပ်ကြီးတဲ့ သရုပ်ဆောင်ကြီးရယ်၊ Al Pacino လိုမျိုး The God Father သရုပ်ဆောင်ကြီးတွေ အပြောင်မြောက်ဆုံးသရုပ်ဆောင်ထားပါတယ်။ ထက်မြက်ကြိုးစားပြီး အောင်မြင်လိုစိတ်ရှိတဲ့ ရှေ့နေလေးတစ်ယောက်ဆီကို ဥပဒေကမ္ဘာကို ကိုင်လှုပ်နိုင်လောက်တဲ့ သက်သေတစ်ခု ရောက်လာတယ်။ဒေါ်လာ သန်းထောင်ပေါင်း ၈၇၀၀ လောက် ချမ်းသာတဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင်ကြီးကို အထဲမှာ တစ်သက်စာ ဆွဲထည့်ပစ်လို့ရမယ့် သက်သေပေါ့။ အဲဒီဆေးဝါးကုမ္ပဏီကြီးရဲ့လက်ချက်နဲ့ ဆေးဝါးအမှားအယွင်းတွေကြောင့် သေဆုံးသူ ရာနဲ့ချီပြီး ရှိခဲ့တဲ့အချိန်မလို့ ဒီသက်သေဟာ ရွှေဆိုလည်းဟုတ် စိန်ဆိုလည်း ဟုတ်တဲ့အခြေအနေပါပဲ။ဒါပေမဲ့ ကြွယ်ဝမှုက အရာရာကို ဝယ်မရနိုင်ဘူးဆိုတဲ့စကားက တကယ်တော့ ရယ်စရာပါ။ ကြွယ်ဝမှုဟာ ကြွယ်ဝမှုကိုပါ ဝယ်ယူနိုင်တာမလို့ ငွေနဲ့ပေါက်ပြီး ဖြေရှင်းမယ့် သူဌေးကြီးရဲ့လှည့်ကွက်ကို ရှေ့‌နေလေးတို့အဖွဲ့ ကြိုတင်မျှော်လင့်ထားပေမဲ့ အရာရာက ထူးဆန်းစွာ ဖြစ်ပျက်လာခဲ့ပါတယ်။တကယ်တော့ ဒီသက်သေက ရှေ့နေလေးရဲ့ ...
movie

Misconduct (2016)

The Insider(1999) 7.9
The Insider(1999) The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်..နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲဒီဒေါက်တာက တင်ပြခဲ့တယ်...အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : 4.51GB & 990MB Quality : ...
movie

The Insider(1999)

1999
How to Rob a Bank (2024) 6.6
How to Rob a Bank (2024) How to Rob a Bank (2024) IMDb - 6.6/10၁၉၉၀နှောင်းပိုင်းခုနစ် ဆီအာတယ်မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်တွေကို အခြေခံတဲ့ မှုခင်းမှတ်တမ်းရုပ်သံကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။အက်ဖ်ဘီအိုင်ရဲ့ နံပါတ်တစ်အလိုရှိဆုံး ဘဏ်ဓားပြကြီး ဟောလိ၀ုဒ်။ သူ့ကိုဟောလိ၀ုဒ်လို့ နာမည်ပြောင်ပေးထားရတာက ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာလို ရုပ်ပြောင်းရုပ်လွဲ ပိုင်နိုင်လွန်းလို့။Point Break (1991)ရုပ်ရှင်ထဲက ဇာတ်ကောင် Bohdiက သူ့ကိုဒီဘဏ်ဓားပြမှုတွေ လုပ်နိုင်စေဖို့ လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ဟောလိ၀ုဒ်ရဲ့ နာမည်အရင်းက စကော့စကားလော့ခ်။ အစပိုင်းမှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ဓာတုဗေဒဓာတ်ခွဲခန်းမှာ သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့တာက Breaking Badထဲက ဆရာကြီးဝေါ်တာဝှိုက်လိုမျိုး သန့်စင်လှတဲ့ crystal methတွေ ဖန်တီးစေတတ်ခဲ့တာပါပဲ။ကျောင်းနားရက်တွေမှာ ကျောင်းဓာတ်ခွဲခန်းထဲခိုးဝင်ပြီး မူးယစ်ဆေးချက်တာကို ပရော်ဖက်ဆာတွေမိသွားချိန်မှာ အပြီးတိုင်ကျောင်းနားလိုက်ရပါတယ်။ ဒီမှာပဲ စကော့ချက်တဲ့ မူးယစ်ဆေးတွေက ပြည်နယ်ထဲမှာတော့ အကောင်းဆုံးဆိုပြီး နာမည်ကြီးပေမဲ့ ဆေးဖြန့်တဲ့လူအသတ်ခံလိုက်ရချိန်မှာတော့ စကော့ရဲ့မူးယစ်ဆေးချက်လုပ်တာ တစ်ခန်းရပ်ခဲ့ပါတယ်။ဒီမှာပဲ အားနေတဲ့ချိန် ရုပ်ရှင်တွေကြည့်ရင်း ဘဏ်ဓားပြဖို့စိတ်ကူးပေါ်လာရာကစလို့ FBIရဲ့ နံပါတစ်အလိုအရှိဆုံး ဘဏ်ဓားပြကြီးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 587MB Quality…WEB ...
movie

How to Rob a Bank (2024)

2024
The Irishman (2019) 8.7
The Irishman (2019) ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie

The Irishman (2019)

2019
4K HEVC
The Son of No One (2011) 5.1
The Son of No One (2011)  ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာအဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမားတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီးသူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်ကလူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကိုငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆလှေကားပေါ်ကတွန်းချမိပြီး ‌သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်...ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်းရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်..အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ..စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no oneဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး..  File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar ...
movie

The Son of No One (2011)

Frankie and Johnny (1991) 6.7
Frankie and Johnny (1991) Frankie and Johnny (1991)~ IMDb - 6.7/10, RT - 69%, Meta - 66% ~Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်း‌က‌တော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်...ထောင်ကလွတ်လာကစ ...
movie

Frankie and Johnny (1991)

1991
88 Minutes (2007) 6.0
88 Minutes (2007) 88 Minutes (2007)==============IMDb Rating - 6.0/10#Unicode2007 ကထွက်ခဲ့ပြီး . Rating အများစုရရှိထားတဲ့ Crime, Drama, Mystery ဇာတ်ကားလေးပါ။ဒီကားက ဇာတ်စ ဇာတ်လယ် ဇာတ်ဆုံး ထိ ကြည့်နေတဲ့သူကို ဆွဲခေါ်သွားနိုင်တဲ့ကားမျိုးပါ။ တကယ်လို့လူသတ်သမားက ၈၈ မိနစ် အသက်ရှင်ဖို့ပေးထားမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ဂျွန်ဖော်စတာက စိတ္တဇလူသတ်သမား။ သူ့ကိုထောင်ချလိုက်တာက စိတ်ရောဂါကုမှုခင်းဆရာဝန် ဂျက်။ဂျက်က နေ့ဘက်ဆို ဆရာဝန်၊ ညဘက်မှာ party ပေးပြီး ကဲတဲ့သူ။ ဂျက်မှာ ၈၈ မိနစ်ဘဲ အသက်ရှင်မယ်ဆိုပြီးခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုခံရတယ်။ ဂျက်မှာလဲ အတိတ်ဟောင်းရှိခဲ့တယ်။ အတိတ်ဟောင်းနဲ့ ၈၈မိနစ်က ဘယ်လိုပတ်သတ်နေလဲ။ ဂျွန်ဖော်စတာက ဂျက်အတိတ်ဟောင်းကိုပြန်တူးဆွပြီး လူသတ်မှုတွေကိုထောင်ထဲကနေ ထပ်ဖန်တီးတယ်။ သူထောင်ကျလျက်နဲ့ လူသတ်မှုဖြစ်ရင် သူ အပြစ်လွတ်မှာမို့လို့။ ဂျွန်​ကဘယ်လိုမျိုး လူတွေထပ်သတ်တာလဲ။ ဂျက်ကကော အမှုမှန်ပေါ်အောင်လုပ်နိုင်မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Z ...
movie

88 Minutes (2007)

2007
Scarface(1983) 8.3
Scarface(1983) Scarface(1983) ************** IMDb...8.3,,,,,Rotten .....82%  Al Pacino ပါတယ် ...Rating တွေကလည်း အတော်ကောင်း ဆိုပေမယ့်လည်း ၁၉၈၃ ခုနှစ်က ကားဆိုတော့ လက်တွန့်နေတယ်....ဒါပေမယ့် ကြည့်ဖူးတာမမှားပါဘူးဆိုတဲ့အတွေးနဲ့အောင့်အီးသီးခံပြီးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်...သို့ပေမယ့် ဒီကားက ဇာတ်လမ်းအစထဲက ခပ်ကြမ်းကြမ်းနဲ့စထားတယ်...ပြသချိန်၃နာရီနီးပါးလုံးမှာ တစ်စက်ကလေးမှမပျင်းရိရဘူး...ဒီကားဟာ အပြင်မှာ တကယ်ရှိခဲ့တယ် မူးယစ်ရာဇာ ဂန်းစတားAl Capone ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတယ်လို့ဆိုပါတယ်...သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Scarface ကိုပဲ ကားနာမည်အဖြစ်ယူပြီးရိုက်ကူးထားပါတယ်.....အန်တို နီယိုမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်..မူးယစ်ဆေးဝါးကုန်သည် သူဌေးဖရန့်နဲ့အဆက်အသွယ်ရပြီး သူတို့အဖွဲ့ဟာ အရောင်းအဝယ်တစ်ခုလုပ်ခဲ့တယ်..တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်...ဒီနောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကမ်းကုန်အောင်မိုက်တဲ့မူးယစ်ရာဇာဖြစ်သွားပါတော့တယ်...ကိုင်း ပရိတ်သတ်ကြီးရေ ခံစားကြည့်လိုက်ပါဦး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Hnin Amy Khine ဖြစ်ပါတယ်...File Size : (950 MB) and (374 MB) Quality : Blu-Ray 720p Format…mp4 Duration…02:50:00 Genre : Crime,Drama Subtitle : ...
movie

Scarface(1983)

1983
The Devil’s Advocate (1997) 7.5
The Devil’s Advocate (1997) အခုတလော အင်တာနက်မှာ အရမ်းကို နာမည်ကြီးနေတဲ့ မင်းသား Keaneu Reeve ရဲ့ 1997 ကSupernatural, Mystery ဇာတ်ကားလေးဖြစ်တဲ့ The Devil's advocate ကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်က Devil မကောင်းဆိုးရွား Advocate ကိုယ်စားပြောပေးသူတဲ့ဒါပေမဲ့ Devil's Advocate ဆိုတာ ရှေ့နေလို့ ဘာသာပြန်ပါတယ်။ဒီဇာတ်ကားမှာ Charlize Theron, Al Pacino တို့လို နာမည်ကြီး သရုပ်ဆောင်တွေကလည်း အားဖြည့်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Spoiler ဖြစ်သွားမှာစိုးလို့ သိပ်မပြောတော့ပါဘူး။Florida က မြို့လေးတစ်မြို့မှာ အမှုရှုံးဖူးတာမရှိ စံချိန်တင်ထားတဲ့ ရှေ့နေလေးတစ်ယောက် ကျင့်ဝတ်နဲ့ အောင်မြင်မှုမှာ အောင်မြင်မှုကိုရွေးပြီးတော့ အမြင့်ဆုံးကိုတဖြည်းဖြည်းတက်သွားရင်း ကြုံရတဲ့အကြောင်းတွေပါ။သဘာဝလွန် ဆန်းပြားတဲ့ ကိစ္စတွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။လူတွေကို အသက်ရှင်နေထိုင်ချင်အောင် ...
movie


1997
The Godfather: Part III(1990) 7.6
The Godfather: Part III(1990) The Godfather: Part III(1990) IMDb...7.6,,,,Rotten...67% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (3.21GBGB) and (1.55GB ) Quality : Blu-Ray 1080p 5.1CH,Blu-Ray 720p Format…mp4 Duration…02:42:00 Genre : ...
movie


1990
The Godfather: Part II(1974) 9.0
The Godfather: Part II(1974) The Godfather: Part II(1974) IMDb...9,,,,,Rotten.....97% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part 2 လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... တစ်ခုတော့ပြောလို့ရတယ်...ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာဝရအကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရော အမြဲရှိနေလိမ့်မယ်လို့ပါ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p တော့မတင်တော့ဘူးစဉ်းစားထားတယ်...720p ကို အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်... (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part 2 လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... တစ်ခုတော့ပြောလို့ရတယ်...ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာဝရအကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရော အမြဲရှိနေလိမ့်မယ်လို့ပါ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p တော့မတင်တော့ဘူးစဉ်းစားထားတယ်...720p ကို အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1.84GB) Quality : Blu-Ray 720p Format…mp4 Duration…03:22:00 Genre : Crime , Drama  Subtitle : Myanmar ...
movie


1974
The Godfather(1972) 9.2
The Godfather(1972) The Godfather(1972) IMDb...9.2,,,,Rotten...98%    (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်...) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်.....အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့....ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်...တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ...ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ...ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့....ဘာသာပြန်ပေးသူကတော့ Ye Pye Sone ပါ...    (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်...) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်.....အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့....ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်...တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ...ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ...ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့....ဘာသာပြန်ပေးသူကတော့ Ye Pye Sone ပါ... File ...
movie

The Godfather(1972)

1972
The Pirates of Somalia(2017) 6.8
The Pirates of Somalia(2017) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Pirates of Somalia"လို့ အမည်ရတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်...ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်....Journalist တစ်ယောက်ရဲ့ အလုပ်ဟာ ကိုယ်လိုချင်တဲ့ သတင်းတစ်ပုဒ် ဦးဦးဖျားဖျားရဖို့အတွက် အပင်ပန်းခံနိုင်ရပါတယ်..စွန့်စားသင့်ရင်လဲ စွန့်စားရပါတယ်....Jay Bahadur ဆိုတဲ့ သတင်းထောက်ဟာလဲ သူလိုချင်တဲ့ သတင်းရဖို့ အတွက် ဆိုမာလီယား နိုင်ငံအထိ ခြေဆန့်ခဲ့ပါတယ်...သူဟာ ထောက်လှမ်းရေးလုပ်ရင်း သူ့ရဲ့ပုံစံတွေကအစ ပြောင်းလဲခဲ့ပါတယ်...ဆိုမာလီယားနိုင်ငံသားတစ်ယောက်လို ဖြစ်လာခဲ့ပါတယ်...ဒီလိုနဲ့ အဲ့နိုင်ငံသားတွေရဲ့ နေထိုင်ပုံတွေ လျို့ဝှက်ချက်တွေကို သိလာခဲ့ပါတယ်...စစ်သွေးကြွဆိုမာလီယား ဓားပြတွေကြား Jay Bahadur ရောက်သွားချိန်မှာတော့...ဘယ်လိုတွေ စွန့်စားရမလဲ...ဘာအကြောင်းတွေ သိလာမလဲ စတာတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်.... 
movie

The Pirates of Somalia(2017)

2017
S1m0ne 6.1
S1m0ne လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင်Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ်အတော်လေးကို  သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့်ပြန်ကြည့်ခဲ့ရပြန်တယ်...ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုုပ်ရှင်ကားကိုတော့ဖြင့် CM မှာ  တင်မယ်ပေါ့ ဆိုပြီးစိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်...အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီးOnline မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက်ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်...ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်...ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့ဒေဝါလီ ...
movie

S1m0ne

2002
Hangman (2017) 4.8
Hangman (2017)  2017 ခုနှစ်ထွက် သဲထိပ်ရင်ဖို အက်ရှင်ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက Saw လိုဂိမ်း ကစားပွဲလေးတွေနဲ့ လူသတ်တဲ့ သဘောနဲ့ဆင် ပါတယ် အဲ့တာကြောင့် လူသတ် အက်ရှင်သဲထိပ်ရင်ဖို ပရိတ်သတ်ကြီး အနေနဲ့ ကတော့ အကြိုက်တွေ့မှာ သေချာပါတယ်ဒီဇာတ်လမ်းလေးမှာတော့ လူသတ်မှုစုံထောက်တစ်ယောက်ဟာ ရာဇဝတ်မှုကောက်ချက်ချတဲ့သူတစ်ယောက်နဲ့ပူးပေါင်းခဲ့ပါတယ် သူတို့ဟာ ကွင်းဆက်လူသတ်မှုတစ်ခုကို အတူတူဖော်ထုတ်ဖို့ပါ အဲလူသတ်သမားကတော့ ကလေးတွေကစားတဲ့ Hangman ဆိုတဲ့ဂိမ်းကနေ ပြစ်မှုတွေကို ကျူးလွန်တာပါ မှုခင်းစုံထောက်ဇာတ်ကားဆိုတဲ့အတိုင်း သည်းထိတ်ရင်ဖို ပြကွက်တွေ မြှုပ်ကွက်တွေနဲ့ တကယ်ကို ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးပါ ကြည့်ရှုအားပေးကြပါဦးQty - 720p Web DlDuration - 1hr 22minGern - Action/ ThrillTranslator - Zuel Khant ThwinEncoder - Kyaw Ye Aung
movie

Hangman (2017)

2017
Insomnia (2002) 7.2
Insomnia (2002) IMdb 7.2 ရထားပြီး ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့သဲထိပ်ရင်ဖို ကားတစ်ကား ကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးးကတော့ ခပ်ကြမ်းကြမ်းတော့မဟုတ်ဘူး ဆိုပေမယ့် ဒရာမာ အချိုးလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အလှည့်အပြောင်းလေး တွေက တော့ ပရိတ်သတ်ကြီးကို တကားလုံး မထတန်းကြည့်အောင် ဆွဲဆောင်သွားမှာပါ ဇာတ်လမ်းး အကျဉ်းလေးကတော့ အလက်စကာ မြို့ကို အပို့ခံလိုက်ရတဲ့ စုံထောက်ကြီးဟာ တစ်နေ့မှာ မိန်းကလေး တစ်ယောက်အသတ်ခံရတဲ့ အမှုကိုလိုက်ရင်း မတော်တဆ သူ့ တွဲဖက်ကို သေနတ်နဲ့ ပစ်လိုက်မိပါတယ် ဒါပေမဲ့စုံထောက်ဟာ သူ့အပြစ်ကို ဝန်ခံရမယ် အနေအထားကနေ မထင်မှတ်ထားတဲ့ အလီဘိုင် တစ်ခုကိုပြနိုင်ခဲ့ပြီး အပြစ်ကနေလွတ်သွားပါတယ် ဒါပေမဲ့ သူ့ဟာ သူ့ကို သူတော့ လိပ်ပြာမသန့်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ သူ့ အကြောင်းတွေကို သိထားတဲ့ တစ်ယောက်က သူ့ကို ခြိမ်းခြောက်အကြပ်ကိုင်လာတဲ့ အခါမှာတော့ ကဲ စုံထောက်ကြီး ဘယ်လိုတုံ့ပြန်မလဲ နောက်ကွယ်က သူကကော ဘယ်သူလဲ ဘယ်လို အရှုပ်ထုတ်တွေကြောင့် သမိုင်းရှုပ်နေလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက မထတမ်းကြည့်ကြရမှာပါ ဘာသာာပြန်ကတော့ ပြည့်စုံဇော်ဖြစ်ပါတယ် ဗျာ ------------------------------------------------------------- IMdb 7.2 ရထားျပီး ၂၀၀၂ ...
movie

Insomnia (2002)

2002