Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ajay Rathnam
7.6
Pokkiri (2017)
Pokkiri 2007 (လူမိုက်လေးရဲ့ ချစ်ပုံပြင်) IMDb - 7.6/10ယခုတစ်ခါမှာတော့ ဗီဂျေးမင်းသားရဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒါ့အပြင် ဇာတ်လိုက်တွေထဲမှာလည်း နာမည်ကြီးတွေပါတဲ့အတွက် အဟောင်းထဲက အကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ချန်နိုင်းမြို့မှာ ဂိုဏ်းတွေကြီးစိုးနေပြီးတော့ အဲဒီထဲမှာမှ နာရာဆင်မဟန်နဲ့ အာလီဘိုင်တို့ရဲ့ ဂိုဏ်းကတော့ အမြဲတမ်း ရန်ပွဲတွေရှိပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါတော့တယ်။ဒီအချိန်မှာ ချန်နိုင်းကို အရာရှိအသစ်ပြောင်းလာခဲ့ပြီးတော့ နာမည်ကတော့ မိုဟာမတ် မိုင်ဒီခန်းလို့ခေါ်ပါတယ်။သူဟာ ပြောင်းရွှေ့လာပြီးပြီးချင်းမှာ ပထမဆုံးယူရတဲ့ တာဝန်ကတော့ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေကို ဖြိုခွင်းဖို့ပါပဲ။လုပ်ရပ်နဲ့သက်သေပြတယ်လို့ပဲ ပြောရမလား၊ တာဝန်ထမ်းဆောင်ချိန် ၄၈နာရီအတွင်းမှာပဲ လူမိုက် ၃၀၀ကျော်ကို ဖမ်းပြီးတော့ လူမိုက်၈ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်။ဒီလိုအချိန်မှာပဲ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးတစ်ယောက်လည်း ချန်နိုင်းမှာရှိနေပါတယ်။ သူဟာ ချစ်မိသွားပြီဆိုတဲ့ ဒုက္ခတွေ့ပြီမှတ်လို့ ယုံကြည်ထားခဲ့ပေမယ့် ရှရူသီလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ဒါပေမဲ့လည်း လူမိုက်လေးချစ်မိသွားတဲ့ ကောင်မလေးဟာ အကြမ်းဖက်တဲ့ကိစ္စကို အရမ်းကို မုန်းတီးတဲ့သူဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးနဲ့ အကြမ်းဖက်မှုတွေဆိုရင် မုန်းတီးတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို အတားအဆီးတွေကို ဖြတ်ကျော်ရမလဲ...... ချန်နိုင်းမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေနဲ့ရော လူမိုက်လေးနဲ့ ဘယ်လိုတွေ ဆက်စပ်ပြီးတော့ ...
movie
Pokkiri (2017)
7.2
Sye Raa Narasimha Reddy (2019)
Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb - 7.2/10ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ...
movie
Sye Raa Narasimha Reddy (2019)
5
Puli (2015)
Puli (2015) ကျားရဲဒီတစ်ခေါက်မှာတော့ဗီဂျေးနဲ့ ရှရူသီဟာဆန်တို့လို နာမည်ကြီးမင်းသား မင်းသမီးဒိတ်ဒိတ်ကြဲတွေပါဝင်တဲ့ကားဟောင်းလေးကို CM Bollywood fan တွေအတွက်တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်မာရူဒီရာဟာမွေးကင်းစမှာ မြစ်ထဲကနေမြောလာလို့လူမျိုးစုတစ်ခုကနေ ကယ်တင်ခြင်းခံထားရတဲ့ကောင်လေးတစ်ယောက်ပါ ထူးဆန်းတာကသူနဲ့အတူ ဥလေးတစ်လူံးပါလာပြီး အဲဒီဥကပေါက်တဲ့ငှက်ကလေးဟာလည်းလူစကားပြောတတ်နေပါတယ်ဒီလိုမွေးကတည်းကဆန်းကြယ်တဲ့ကံကြမ္မာနဲ့ကောင်လေးဟာ ထူးခြားတဲ့စွမ်းရည်တစ်ခုကိုလည်းပိုင်ဆိုင်နေပါသေးတယ် သူဟာကျားတစ်ကောင်လိုခွန်အားရှိပါတယ်တစ်နေ့မှာသူတို့ရွာကိုအနိုင်ကျင့်အုပ်ချုပ်နေတဲ့ဗီသယ်မျိုးနွယ်စုဟာ သူရဲ့အချစ်သည်းငြှာဖြစ်တဲ့ကောင်မလေး ပါဗလာမာလီကို ပြန်ပေးဆွဲသွားခဲ့ပါတော့တယ်မာရူဒီရာတစ်ယောက် မှော်ဘုရင်မ ယာဗာနာ နဲ့သူ့ရဲ့ စွမ်းအားကြီးမားလှတဲ့ စစ်သူကြီးဂျာလာဒါရန်ဂါကို ပြန်ခံတိုက်ခိုက်ပြီးသူ့ရဲ့ချစ်သူကောင်မလေးကိုပြန်ပြီးကယ်ဆယ်နိုင်ပါ့မလားဆိုတာကတော့....(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 4.5 GB / 2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Puli (2015)
4.5
Mr Bachchan (2024)
Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Dramaအိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ ...
movie
Mr Bachchan (2024)
8.1
Indian (1996)
Indian 1996 (အင်ဒီးယန်း)IMDb 8.1/10ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 1.76GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Indian (1996)
1996
7.8
Nanban (2012)
Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.5GB / 1.63GB Quality…WEB DL 1080p /720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie
Nanban (2012)
2012
8.2
Jigarthanda (2014)
Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာတွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie
Jigarthanda (2014)
2014
7.9
Dhruva(2016)
Dhruva (2016)အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှmedical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။"သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....."ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော......ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ...
movie
Dhruva(2016)
2016