Channel Myanmar

Aidan Gillen

Amongst the Wolves (2025) 5.4
Amongst the Wolves (2025)  Amongst the Wolves (2025)Danny က အာဖဂန်စစ်ပွဲကနေ ပြန်လာပြီး PTSD ရှိတဲ့ အိမ်ခြေမဲ့ စစ်သားဟောင်းတစ်ဦးဖြစ်တယ်။သူက သူ့ရဲ့သားလေးကို အုပ်ထိန်းစောင့်ရှောက်ခွင့်လိုချင်ပေမဲ့ သူ့ရဲ့ဇနီးက အိမ်ခြေမဲ့ဖြစ်နေတဲ့ Danny ကို သားလေးနဲ့ တွေ့ခွင့်မပေးတဲ့ ပြဿနာတွေလည်းရှိနေတယ်။အဲဒီအချိန်မှာ Power ဆိုတဲ့ မူးယစ်ဆေးခေါင်းဆောင်နဲ့ အဖွဲဆီက ထွက်ပြေးနေတဲ့ Will လိုခေါ်တဲ့ ဆယ်ကျော်သက် အိမ်ခြေမဲ့ကောင်လေးနဲ့ Danny တိုတွေ့ပြီး သံယောဇဉ်တွေ တွယ်လာကြတယ်။Danny က Will ကို မူးယစ်ဆေးမှောင်ခိုအဖွဲကနေ ဘယ်လိုတွေကာကွယ်ပေးပြီး သူ့အတိတ်ကအမှားတွေကို ပြန်ပြင်မလဲ၊Power ရဲ့ ရန်ကနေ သူ့မိသားစုအပေါ်ခြိမ်းခြောက်မှုတွေပါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုစရာ အခန်းတွေနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (840 MB) Quality…. ...
movie

Amongst the Wolves (2025)

2025
Blitz ( 2011 ) 6.1
Blitz ( 2011 )  မင်းသားကြီး  Jason Statham  နဲ့ မင်းသား Paddy Considine တို့ တွဲဖက်ပါဝင်ရိုက်ကူးထားပြီး action ဇာတ်ကားကောင်းများနှစ်သက်သူများအတွက် အထူးကောင်းမွန်ပြီး IMDb Rating 6.2 ရရှိထားတဲ့ဇာတ် ကားတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်ကားရဲ့ နာမည်ဟာ ရဲတွေကို အထူးပစ်မှတ်ထားပြီး လိုက်သတ်တဲ့ လူသတ်သမားရဲ့ နာမည်ဖြစ်ပါတယ်။ ဘရန့် ( jason statham ) ဟာ သူ့ကိုလိုက်လံဖမ်းဆီးခဲ့ပြီး သူ့ကိုဖမ်းမိတဲ့ အချိန်မှာတောင် ခိုင်လုံတဲ့သက်သေအထောက်အထားမပြနိုင်လို့ ပြန်လွတ်ခဲ့ရတဲ့ ဘယ်ရီ ( ဘလစ် ) ကို . ဘရန့် ( jason statham ) က လှလှပပ ဇာတ်သိမ်းပြခဲ့ပုံများ . အထူးသဖြင့် ဘလစ်ဟာ သူ့ကိုဖမ်းဆီးဖူးခဲ့တဲ့ ရဲတွေကိုတစ်ယောက်ချင်းစီ ကလဲ့စားချေလိုက်လံသတ်ဖြတ်မှုတွေဟာ ဒီဇာတ်လမ်းရဲ့ အဓိက ကျောရိုးလည်းဖြစ်လို့နေပါတယ်။2011က ထွက်ရှိခဲ့ပြီး Transporter မင်းသားကြီး Jason ...
movie

Blitz ( 2011 )

2011
King Arthur: Legend of the Sword (2017) 6.7
King Arthur: Legend of the Sword (2017) 2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie

King Arthur: Legend of the Sword (2017)

2017
4K HEVC
Bohemian Rhapsody (2018) 8.0
Bohemian Rhapsody (2018) Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie

Bohemian Rhapsody (2018)

2018
4K HEVC
Shanghai Knights (2003) 6.2
Shanghai Knights (2003)  ဂျက်ကီချန်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေShanghai Knights ဇာတ်ကားဟာ 2003 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ်အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ် IMDb rating 6.2/10 ရရှိထားပြီး Jackie Chan ၊ Owen Wilson ၊ Donnie Yan ၊ Aaron Taylor စတဲ့သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့Chon Wang ဟာ အမိမြေတရုတ်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံ Carson မြို့လေးမှာ အရာရှိတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းသူပါ....ဖခင်ဖြစ်သူကတော့ တရုတ်တော်ဝင်နန်းတွင်းတံံဆိပ်ကိုထိန်းသိမ်းရသူတစ်ဦးဖြစ်ပြီး သားလုပ်သူကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်....တော်လှန်ပုန်ကန်မှုတွေဖြစ်တဲ့အချိန်မှာ သူပုန်တွေက Chon Wang အဖေ့ကိုသတ်ပြီး တံဆိပ်တုံးလုယူသွားခဲ့ပါတယ်.....ဒီဖြစ်ရပ်ကြောင့် Chon Wang ဟာ ပါတနာRoy O'Bannonနဲ့ပူးပေါင်းပြီး လူသတ်သမားတွေထွက်ပြေးရာလန်ဒန်ကို လိုက်သွားပါတော့တယ်.....နောက်ဆုံးမှာ အဖေ့အတွက်ကလဲ့စားချေနိုင်မှာလား....တရားခံတွေကရောဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ.... File size…(2.1 GB)/(1.2 GB) Quality….. Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min ...
movie

Shanghai Knights (2003)

2003
Barber (2023) 5
Barber (2023) Barber (2023)~ IMDb - 5/10, Rotten Tomatoes - 75% ~ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ "Little Finger" သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်‌ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံ ကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့ လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။ သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe ...
movie

Barber (2023)

2023
Calvary 2014 7.4
Calvary 2014 ဖာသာဂျိမ်းက လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကောင်းမွန်အောင် ကြိုးစားနေထိုင်ခဲ့သူပေါ့။ တစ်ရက်မှာတော့ သူတာဝန်ထမ်းဆောင်ရာ ကက်သလစ်ဘုရားကျောင်းကို လူတစ်ယောက် ရောက်လာပြီး အပြစ်ဝန်ခံ အပြစ်ဖြေတာလာလုပ်ပါတယ်။ ဒီလို ဝန်ခံမှုလုပ်တဲ့အခါ တစ်ဖက်လူကို ဘုန်းတော်ကြီးတွေက မသိရတာ များပါတယ်။ အဲဒီလူက သူငယ်ငယ်က ဘုန်းကြီးတစ်ပါးက သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့အကြောင်း ဝန်ခံပြောဆိုပါတယ်။ နောက်တစ်ပတ် တနင်္ဂနွေရောက်ရင် ကမ်းခြေမှာ ဂျိမ်းကို လာသတ်မယ်ဆိုတဲ့အကြောင်းပါ အသိပေးသွားပါတယ်။ ဒီလိုလုပ်ရတာက ဘုရားကျောင်းအဖွဲ့အစည်းအတွက် ဘုန်းကြီးဆိုးတွေကို သတ်တာထက် ဂျိမ်းလို ဘုန်းကြီးကောင်းတွေကို သတ်တာက ပိုထိခိုက်မှာပဲလို့ ယူဆတယ်လို့ သူက ဆိုသွားပါတယ်။ ဖာသာဂျိမ်းက သူ့အထက်က ဘုန်းတော်ကြီးကို ဒီအကြောင်း လျှောက်တင်တဲ့အခါ ရဲတိုင်ဖို့ မတိုင်ဖို့က ကိုယ်တိုင် ဆုံးဖြတ်ဖို့အကြောင်းကိုပဲ ပြောသွားပြီး ဘာတာဝန်မှ မယူသွားပါဘူး။ တစ်ပတ်အတွင်းမှာ ဂျိမ်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ၊ ဘဝအတွက် ဘာတွေ ...
movie

Calvary 2014

Sing Street (2016) 8.1
Sing Street (2016)  ဒီနေ့တော့ rating အမြင့် အိုင်းရစ် Musical Comedy ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားလေးကို 2016 january 24 မှာ Sun dance film festival မှာပြသခဲ့ပြီး March 17 မှာ ရုပ်ရှင်ရုံတွေမှာပြသခဲ့ပါတယ်။ ဇာတ်ကားအညွှန်း အရ တောင်ပိုင်း ဒဗ်ဘလင် မြို့မှာနေထိုင်ကြတဲ့ လေလာ မိသားစုထဲက ပက်ထရစ် ဟာ မိသားစုပြသနာတွေကြောင့် သူ့အနုပညာအလုပ်တွေထက် အရက် နဲ့ ဆေးလိပ်ဖက် ပို အားသန်ခဲ့ပြီး အကုန်အကျ များလာတာကြောင့် သူဟာ သူ့သားအငယ်ဆုံး ကော်နာ ကို ကျောင်းထုတ်ပြီး ဆန်ဂီကျောင်း ကိုပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက် ကော်နာ တစ်ယောက် ကျောင်းမှာ ဘယ်လိုတွေ ဗရုတ်သုတ်ခ ကျပြီး နောက်ဆုံးဘာတွေဖြစ်လာမလဲဆိုတာ ကို အလန်းစား 80's Rock Music တွေ ...
movie

Sing Street (2016)

2016