Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ai Liya
7.1
Mumu (2025)
တစ်ချိန်တစ်ခါက EXO အဖွဲ့ထဲက အိုင်ဒေါလ် Lay ကတော့ သရုပ်ဆောင် Zhang Yi Xing အဖြစ်နဲ့ ကြိုးစားခဲ့တာ ဇာတ်ကားတွေ ရုပ်ရှင်တွေမနည်းပါဘူး... ဒီထဲမှာမှ ရုံတင်ကားဖြစ်ပြီး ရုံတစ်ခုလုံး မျက်ရည်မိုးကျအောင် လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်တဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..." အကြားအာရုံချို့တဲ့နေသူကို လူပင်လယ်ထဲ တန်းပြီး ခွဲခြားနိုင်တဲ့နည်းလမ်းကိုသိလား" သိချင်တယ်ဆို ဒီကားလေးကို ကြည့်ကြည့်လိုက်ပါ... မာတ ဆိုတဲ့ ကောင်လေးက မွေးရာပါ အကြားအာရုံချို့တဲ့သူဖြစ်ပြီး အကြားကိရိယာကို တပ်ဆင်တာတောင် နားမကြားနိုင်တဲ့အနေအထားမျိုးပါ... ဒါကြောင့်လည်း သာမန်လူတွေလိုမျိုး ပညာရေးကို ပြီးမြောက်အောင် သင်ကြားခွင့်မရခဲ့ပါဘူး...ဒါပေမယ့် သူချစ်ရတဲ့သမီးလေး မုမုကိုတော့ သူပေးနိုင်တဲ့ အကောင်းဆုံးပဲ ပေးဖို့ ကြိုးစားနေတဲ့ အဖေကောင်းတစ်ယောက်ပေါ့... ဒါပေမယ့်လည်း သမီးလေးကို ကျောင်းထားဖို့ကိစ္စ မစွမ်းဆောင်နိုင်သေးတာရယ်.. ကွာရှင်းထားတဲ့ မိန်းမကလည်း ငွေထုတ်ပိုက်ပြီး ပြန်လာနိုင်တာရယ်...ဒီအချက်တွေကြောင့် သူ့ဘဝမှာ တစ်ခုတည်းသော ရတနာဖြစ်တဲ့ သမီးလေးရဲ့ အုပ်ထိန်းခွင့်ကို ဆုံးရှုံးရမယ့် အနေအထားကိုရောက်လာတော့တာပေါ့... ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အကူအညီပေးမယ့်သူတွေက မိုးပေါ်ကကျသလို ရောက်လာတယ်... ရှေ့နေလိုချင် ရှေ့နေရတယ်...အလုပ်လိုချင်လည်း အလုပ်ရပြီ.. ငွေလိုတယ် ပိုင်ဆိုင်မှု ...
movie
Mumu (2025)
6.5
Tiger Wolf Rabbit ( 2024 )
ကလေးခိုးခံရတဲ့အတွက် ရင်ကွဲနေရတဲ့ အမုန်းတရားတွေနဲ့ပြည့်နေတဲ့ လူ(၃)ယောက်ရဲ့ ကလေးရှာဖွေတဲ့ ခရီးစဉ်အကြောင်းကို ရိုက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘာမှမသက်ဆိုင်တဲ့ သာမန်မိဘ(၃)ယောက်ဟာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုအတွက် အတူဆုံလာခဲ့ကြတယ်။ သူတို့ကတစ်လမ်းလုံးမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မှန်းဆရင်းကနေ တစ်ဖြည်းဖြည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်လာခဲ့ကြတယ်။အများအမြင်မှာတော့ အသက်မဲ့တဲ့အကြည့်တွေနဲ့ ကလေးပျောက်ဆုံးသွားတဲ့ မိဘတွေလို့ထင်ကြပေမယ့် တကယ်တမ်းတော့ သူတို့ဟာ ကိုယ့်သားသမီးအတွက် ခေါင်းမာတဲ့၊ သန်မာတဲ့၊ ဇွဲမလျှော့တဲ့ မိဘတွေဖြစ်ကြောင်းကိုပြသွားခဲ့ပါတယ်။ အခက်အခဲတွေ အန္တရာယ်တွေအမျိုးမျိုးကျော်ဖြတ်ရတဲ့ သူတို့ရဲ့ကလေးပျောက်ရှာတဲ့ခရီးဟာ အဆုံးမှာဘယ်လိုရလာဒ်တွေကစောင့်ကြိုနေမှာလဲ။ဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ချီးကျူးခံရတဲ့ မမZhao Li Ying က ဒီရုပ်ရှင်မှာပါ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုချပြထားပါတယ်။ Filesize : 9.30 GB / 1.97 GB / 846 MB Quality : WEB-DL 4K HEVC, 1080p HEVC , 720p Format : mkv / mp4 Genres : Drama , Crime Runtime : 2h 6 min Subtitle : Myanmar Subtitle ( ...
movie
Tiger Wolf Rabbit ( 2024 )
4K HEVC
5.9
A Frozen Rage ( 2024 )
CM ချစ်ပရိသတ်တို့အတွက် Frozen Rage ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆို.... လောင်တနဲ့ လောင်အာ့ ဆိုတဲ့ ညီအစ်ကို ၂ ယောက်ရှိတယ်ကွယ်... လောင်တက လောင်အာ့ကို အရမ်းချစ်တယ်ဆိုတာထက် အပြစ်ရှိတယ်လို့ ခံစားရတာ... သူ့ပေါ့ဆမှုကြောင့် သူ့ညီလေး ကားတိုက်ခံရပြီး ကြပ်မပြည့်ဖြစ်ခဲ့ရတယ်...ဒါကြောင့်လည်း အသက်လေးရလာတော့ အစ်ကိုကြီး အဖရာအဖြစ် သူ့ညီလေးအတွက် ကြင်ဖက်ရှာပေးတာပေါ့.... ကြင်ဖက်ရှာပေးပေမယ့်လည်း သူ့ညီလေးရဲ့ ထူးခြားတဲ့အခြေအနေကြောင့် သမီးရှင်ဖက်က တော်ရုံ သဘောမတူဘူးပေါ့...တစ်ဖက်မှာ လောင်အာ့ကို ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ ဦးလေးယိဆိုသူက... သူတို့မိဘမြေကို ဈေးနှိမ်ငှားထားတဲ့အပြင် လောင်တချစ်ရတဲ့ ကျင်းယန်ကိုလည်း လက်ထပ်ယူထားတာပေါ့... ဒါတွေကို သည်းခံနိုင်ပေမယ့်... အခု လောင်တအတွက် အရေးကြီးတာ ငွေရှာဖို့...လောင်အာ့အတွက် တောင်းရမ်းငွေစုဆောင်းနိုင်ဖို့ပဲ... ဒီတော့ ဒီမြေကို ပြန်ယူဖို့လိုတယ်... လောင်တတစ်ယောက် လောင်အာ့အတွက် တောင်းရမ်းငွေစုနိုင်မှာလား... မိဘပိုင်မြေကိုရော ပြန်ရမှာလား.... ဒီမြေမှာ ဘာလျို့ဝှက်ချက်ရှိနေသေးတာလဲ... နောက်ပြီး လောင်အာ့ကို တိုက်သွားတဲ့သူကရောဘယ်သူလဲ... CM နဲ့အတူ ဇာတ်လမ်းလေးထဲ အဖြေရှာကြရအောင်... Filesize : 1.54 GB / 809 MB Quality : WEB-DL 1080p HEVC , ...
movie
A Frozen Rage ( 2024 )
6.1
Moments We Shared ( 2024 )
Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ... ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်... မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်... သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်... ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း... အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း.... ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ...သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်... ပြောနေပေမယ့်လည်း... စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ...
movie
Moments We Shared ( 2024 )
5.9
Fights Break Sphere 3 (2024)
CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie
Fights Break Sphere 3 (2024)
5.9
Journey to the West ( 2023 )
UFOတွေ ဂြိုလ်သားတွေဆိုတာ တကယ်ရှိသလားဆိုတဲ့မေးခွန်းကို သိချင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေအတွက်အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ထန်ကျစ်ကျွင်းဟာ (စကြာဝဠာကိုစူးစမ်းခြင်း)ဆိုတဲ့မဂ္ဂဇင်းရဲ့ အယ်ဒီတာတစ်ယောက်ဖြစ်တယ်။ ထန်ကျစ်ကျွင်းက ကမ္ဘာပြင်ဘက်ကယဉ်ကျေးမှုတွေအပေါ်စိတ်ဝင်စားမှုက သာမန်ထပ်ပိုပြီး အလွန်အကျွံလို့တောင်ပြောလို့ရပါတယ်။သူ့ရဲ့စွဲလမ်းမှုတွေကြောင့်မိန်းမလဲမခံနိုင်ကွာရှင်းခဲ့ပြီး သ မီးလေးဟာလဲစိတ်ကျရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ စင်္ကြာဝဠာအဝေးတစ်နေရာမှပို့လာတယ်လို့ယူဆရတဲ့ Signalကိုလက်ခံရရှိလာတဲ့အခါ နေရာအနှံ့ကသူလိုလူတွေစုစည်းပြီး သူ့တစ်ဘဝလုံးမဖြေရှင်းနိုင်ခဲ့တဲ့ပုစ္ဆာတစ်ခုနဲ့အတူ ဂြိုလ်သားရှာဖွေရေးခရီးစဉ်ကိုပြန်လည်စတင်လိုက်ပါတော့တယ်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Nu Mon Encoded by LK
movie
Journey to the West ( 2023 )