Channel Myanmar

Ahna O'Reilly

The Help (2011) 8.1
The Help (2011) The Help (2011)IMDb Rating (8.1) / Rotten Tomatoes (76%)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockett ရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အော်စကာဆုပေးပွဲမှာ တစ်ပြေးခဲ့တဲ့ ရုပ်ရှင်ကားပါ။ The Shawshank Redemption တို့လို Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးဖြစ်ပါတယ်။"မိန်းမငယ်လေး တစ်ယောက်အနေနဲ့ အရွယ်ရောက်ကြီးပြင်းလာချိန်မှာ ဒီအိမ်အကူအလုပ်ကိုလုပ်ရလိမ့်မယ်လို့များ ရှင်ကြိုသိခဲ့သလား" "သိခဲ့တာပေါ့၊ကျွန်မ အမေဟာ အိမ်အကူအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ကျွန်မအဖွားဖြစ်သူကလည်း မြေကျွန်တစ်ယောက်ပဲလေ၊ဒီတော့ ကျွန်မသိခဲ့ပါတယ်။" 1963 ခုနှစ် အမေရိကန်နိုင်ငံ Mississippiပြည်နယ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါBig Mama လို့ခေါ်လေ့ရှိကြတဲ့ အိမ်အကူ လူမည်းအမျိုးသမီးကြီးတွေရဲ့ ဘဝနေထိုင်မှု နဲ့ လူဖြူလူမည်း အသားအရောင်ခွဲခြားမှုတွေ အကြောင်းပါ လူမည်း အမျိုးသမီးတွေဟာ အထက်တန်းလွှာလူဖြူ ...
movie

The Help (2011)

2011
4K HEVC
Marshall (2017) 7.3
Marshall (2017) Marshall (2017)~ IMDb - 7.3/10, Rotten Tomatoes - 80% ~အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။~ ဇာတ်လမ်းအညွှန်း ~အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ... ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.45GB, 680MB Quality ...
movie

Marshall (2017)

2017
Forgetting Sarah Marshall (2008) 7.1
Forgetting Sarah Marshall (2008) Forgetting Sarah Marshall (2008)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့... လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ဒီအတိုင်းပါပဲ "ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း" ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ...
movie

Forgetting Sarah Marshall (2008)

2008
Where the Crawdads Sing (2022) 7.1
Where the Crawdads Sing (2022) Where the Crawdads Sing (2022)~ IMDb rating - 7.1/10 ~Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာ‌တော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ ...
movie

Where the Crawdads Sing (2022)

2022
All I See Is You (2016) 5.4
All I See Is You (2016) All I See Is You (2016)_____IMDb - 5.4/10     ဂျီနာဆိုတဲ့ မိန်းကလေးက မတော်တဆမှုကြောင့် မျက်စိကွယ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ့ယောက်ျားဂျိမ်းစ်နဲ့အတူ ဘန်ကောက်မှာနေတာဖြစ်ပြီး ဂျိမ်းစ်ရဲ့စိတ်ရှည်သည်းခံစောင့်ရှောက်မှုတွေကြောင့် မျက်စိပြန်မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂျီနာမျက်စိပြန်မြင်တဲ့အချိန်မှာတော့ သူ့ရဲ့ လွတ်လပ်မှုတွေက ဂျိမ်းစ်ကို သဝန်တိုမှုတွေဖြစ်စေခဲ့ပါတော့တယ်။ တချိန်လုံးသူ့ဘေးမှာပဲ သူ့ကိုအားကိုးပြီးနေခဲ့ရတဲ့ မိန်းမ မျက်စိမြင်ပြီး လောကကြီးထဲ ပုံမှန်နေထိုင်ဖို့ကြိုးစားချိန်မှာ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမကိုဆုံးရှုံးရမှာ ကြောက်နေပုံကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ဒရမ်မာပရိသတ်တွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ……..   (ဘာသာပြန်သူကတော့ မေသူရလွင်ပါ)     File Size : (900 MB) Quality : Blu-Ray 720p Running Time : 1h 49min  Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source :LIMITED.720p.BluRay.x264-DRONES Translated by May Thura Lwin Encoded by Thanhtike Zaw
movie

All I See Is You (2016)

2016