Channel Myanmar

Aditya Seal

Mere Husband Ki Biwi (2025)
Mere Husband Ki Biwi (2025) Mere Husband Ki Biwi 2025 (ကျွန်မယောက်ျားရဲ့ ဇနီးလောင်း)IMDb - 5/10 အန်ကူဆိုတဲ့လူငယ်လေးဟာ အိမ်ထောင်ကျပြီးသွားပေမဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူတစ်ယောက်ပါ။အန်ကူရဲ့ ဇနီးဖြစ်သူ ပရာဘလင်းဟာ အမြဲ ပြဿနာရှာတတ်လို့ အန်ကူတစ်ယောက်လည်း စိတ်မချမ်းမသာဖြစ်နေရတော့တာပေါ့။တစ်နေ့တော့ အန်ကူတစ်ယောက် ရီရှီကေ့ရှ်ကို သွားပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သွားရောင်းဖို့လုပ်တဲ့အချိန်မှာ တစ်ချိန်က ဇာတ်လမ်းရှိခဲ့ဖူးတဲ့ အန်တာရာခန်နာဆိုတဲ့ ကောင်မလေးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတော့တယ်။အန်တာရာခန်နာဆိုတာကတော့ ယောက်ျားလေးများကြားမှာ ရေပန်းစားပြီး အကုန်လုံးက ဇာတ်လမ်းဖြစ်ချင်လောက်တဲ့အထိကို အရမ်းလှတဲ့ကောင်မလေးပါ။ဒီလိုနဲ့ ရီရှီကေ့ရှ်မှာ အန်ကူနဲ့ အန်တာရာတို့ တွေ့ဆုံကြရင်း အန်ကူတစ်ယောက် မိန်းမကို မေ့ပြီး အန်တာရာကို ချစ်မိသွားရာကနေ ..........အန်ကူ, အန်တာရာနဲ့ ပရာဘလင်းတို့ ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ......... ပရာဘလင်းတစ်ယောက် ယောက်ျားဖြစ်သူကို သူ့ဘက်ပြန်ပါလာအောင် ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ... ဆိုတာကို အချစ်ဟာသကားလေးဖြစ်တဲ့အတိုင်း ဟာသလေးတွေနဲ့အတူ ရယ်ရယ်မောမောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်?(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.5 GB / 1.2 GB Quality…WEB ...
movie

Mere Husband Ki Biwi (2025)

Khel Khel Mein (2024) 7.1
Khel Khel Mein (2024) Khel Khel Mein (2024) "အရင်းနှီးဆုံးသူစိမ်းများ" IMDb - 7.1/10Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။ နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။ တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။ မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့ လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.74 GB / 845 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15min Subtitle….Myanmar ...
movie

Khel Khel Mein (2024)

Amar Prem Ki Prem Kahani (2024)
Amar Prem Ki Prem Kahani (2024) Amar Prem Ki Prem Kahani 2024ငယ်ငယ်လေးကတည်းက ရုပ်ရည်ချောမောမှုကြောင့်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့ အာမာပရမ်။အာမာရဲ့ထူးခြားချက်ကတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက ဘယ်ကောင်မလေးကိုမှ မကြိုက်ဘဲနဲ့ အကုန်လုံးကို ဖရန့်ဇုန်ထဲပစ်သွင်းပြီးတော့ နေလာခဲ့သူ။ အာမာ့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် ဘာလဲဆိုတော့ သူဟာ ကောင်မလေးတွေကို တမင် ဖရန့်ဇုန်ထဲထည့်တာမဟုတ်ဘဲ ဘယ်ကောင်မလေးကိုမှ ချစ်လို့မရလို့ပါတဲ့ အကြောင်းကတော့ သူက ကောင်လေးတွေကိုပဲ စိတ်ဝင်စားနေတဲ့ အုံ့ပုန်းလေးဖြစ်နေလို့ပါပဲ ငယ်စဉ်ကတည်းက တိတ်တခိုးလေးကြိုက်နေတဲ့ကောင်လေးရှိခဲ့ပေမယ့်လည်း မိသားစုကိုမပြောရဲတဲ့အတွက် ကျားချင်ယောင်ဆောင်နေခဲ့ရပါတော့တယ်။ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ အာမာ့ကို သူ့မိသားစုက လက်ထပ်ပေးဖို့ လုပ်ကြပါတော့တယ်။ ဒီမှာပဲ အုံ့ပုန်းလေး အာမာဟာ လက်မထပ်ချင်တဲ့အတွက် သူ့ဦးလေးရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ အကြံထုတ်ပါတော့တယ်။ ဒီလိုနဲ့ လန်ဒန်ကို သွားတဲ့ လေဆိပ်မှာတင် ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့ သူ့နှလုံးသားထဲကို နေရာယူသွားခဲ့ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် လန်ဒန်မှာ ဒီကောင်လေးနဲ့ ပြန်ပြီးတွေ့ဆုံမိကြတဲ့အခါမှာတော့ ........... အုံ့ပုန်းလေး အာမာနဲ့ အဲဒီကောင်လေးတို့ ဘယ်လိုတွေ ဇာတ်လမ်းဆက်ကြမလဲ .... သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော သာယာဖြောင့်ဖြူးပါ့မလား ........... ဘယ်လို အခက်အခဲတွေနဲ့ရော တွေ့ကြုံသွားရမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ရိုမန့်ဟာသအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ...
movie

Amar Prem Ki Prem Kahani (2024)

Rocket Gang (2022) 5.5
Rocket Gang (2022) Rocket Gang (2022) Comedy, Drama, Fantasy IMDb 5.5/10အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Student of the Year 2 ထဲမှာ ဒုတိယမင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အာဒိသယစီးနဲ့ အင်မရန်းဟက်ရှမီနဲ့တွဲရိုက်ခဲ့တဲ့ Dybbuk 2021 ဟော်ရာကားထဲက မင်းသမီးချောလေး နီကီသားဒက်တားတို့ရဲ့သရဲဟာသကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးက ဇာတ်လမ်းကိုယ်စီ အိပ်မက်တွေကိုယ်စီနဲ့ ရူးကြောင်ကြောင်သူငယ်ချင်းလေး ငါးယောက်ရဲ့အကြောင်းပေါ့။သူတို့သူငယ်ချင်းငါးယောက်စလုံးဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်မြောက်အောင်ကြိုးစားနေပေမယ့် လုံးဝကို လက်လှမ်းမမီနိုင်တဲ့အခြေအနေမှာ မိဘတွေကလည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူတို့ငါးယောက်စလုံး အပန်းဖြေဟိုတယ်ကြီးတစ်ခုမှာ အခမဲ့တည်းခိုခွင့်ရသွားပါတော့တယ်။သူတို့ ဟိုတယ်ကြီးဆီရောက်သွားတော့ ဟိုတယ်ဝန်ထမ်းတွေဟာ ကလေးတွေသာ ဖြစ်နေပြီး ဟိုတယ်တစ်ခုလုံးမှာလည်း စုစုပေါင်း ကလေးငါးယောက်ပဲရှိနေပါတယ်။သူတို့ဟိုတယ်ကြီးဆီ ရောက်သွားတဲ့အချိန်ကစလို့ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးတော့ သူတို့ဟာ ကလေးသရဲငါးယောက်အပိုင်စီးထားတဲ့ ဟိုတယ်တစ်ခုထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့...။ကဲ ဘာဆက်လုပ်ရမလဲ သိတယ်မလား။ဒီဇာတ်ကားထဲမှာ cameo အနေနဲ့ ရန်ဗီးကပူးနဲ့ နိုရာဖတေဟီတို့ကလည်း ပါဝင်အားဖြည့်ထားတယ်နော်။ရှုစားလိုက်ပါဦးနော်...။ File size…3.17GB  / 1.69GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Rocket Gang (2022)

2022
Student of the Year 2(2019) 2.1
Student of the Year 2(2019)  Student Of The Year 2 (2019)ဒီတစ်ပတ်အတွင်း bollywood ကားသစ်တွေ တွေ့ရတဲ့အထဲက ဒီဇာတ်ကားလည်း တောင်းဆိုထားကြတာမို့ အမြန်ဆုံးလေး တင်ဆက်ပေးလိုက်ပါတယ်။အညွန်း..Tiger Shroffကတော့ ပီရှိုရီကျောင်းမှာ ရိုဟန်ဟာ အားကစားဘက်မှာ အတော်ဆုံးပဲ။ အထူးသဖြင့် ကာဘာဒီကစားနည်းမှာ။ပြိုင်ဖက်ကင်းတဲ့ လူတစ်ယောက်.... ဒီနယ်ကျောင်းတစ်ခုမှာ ရတဲ့ အောင်မြင်မှုကို သူ မကျေနပ်သေးပါဘူး။သူတက်ချင်တဲ့ ကျောင်းက... စိန့်ထရီဇာ၊ စိန့်ထရီဇာမှာ 'Student Of The Year' ဆုကို ရဖို့၊ ဒီအပြင် အဲ့ကျောင်းမှာ တက်ချင်ရတဲ့ တခြား အကြောင်းရင်းလည်း ရှိပါတယ်။သူ့ချစ်သူ အဲ့ကျောင်းကို ပြောင်းသွားလို့ပါ။ တစ်ဖက်က ချစ်သူအဖို့၊ တစ်ဖက်ကတော့ ဂုဏ်ဆောင်ကျောင်းသား ဆုရဖို့၊တစ်နေ့မှာတော့ သူဟာ ... အားကစားအထူးပြုပညာတော်သင်ခွင့်နဲ့ စိန့်ထရီဇာ ကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ချစ်သူတစ်ဖက်၊ ဆုတစ်ဖက်နဲ့ သူ့အတွက် ပြိုင်ဖက်တွေက ဘယ်လိုတွေ ဖြစ်လာမလဲ။ ဘယ်အရာတွေက သူ့အတွက် ခက်ခဲလာမလဲ။ ဘယ်လို အဆိုးဆုံးတွေ ရလာမလဲ။'Student Of The Year' ဆုကိုရော တကယ် ရပါ့မလား ဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုကြပါဦးခင်ဗျ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Koe ပဲဖြစ်ပါတယ်File ...
movie

Student of the Year 2(2019)

2019