Channel Myanmar

Abir Chatterjee

Kabuliwala (2024) 5.5
Kabuliwala (2024) Kabuliwala (2024)"ကာဘူလီဝါလာ" =============================အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံအသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာသူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood ...
movie

Kabuliwala (2024)

Fatafati (2023) 7.5
Fatafati (2023) Fatafati IMDb-8/10အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါအဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ်ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရ‌စေလားရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB ...
movie

Fatafati (2023)

2023