Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abhishek Bachchan
Main Prem Ki Diwani Hoon (2003)
Main Prem Ki Diwani Hoon (2003)"အချစ်ကြောင့်ရူး" ========================================လက်ပွားမင်းသားကြီး ရီသိက်ရိုရှန်းနဲ့ မင်းသမီးကြီး ကရီနာကပူးရ်တို ငယ်ရွယ်စဉ်က တွဲဖက်ရိုက်ကူးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထွက် အချစ်ဟာသ ကလက်စစ်ရုပ်ရှင်ဟောင်းလေးကို ဘောလိဝုဒ်ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးမလိုနဲ့ ဆန်းပါတယ်။အိန္ဒိယကမိဘတွေရဲ့ မိဘအိမ်ထောင်ချပေးရင် သားသမီးခေါင်းငြိမ့်ဆိုတဲ့ ဓလေ့ကို ချိုးဖျက်ချင်နေတဲ့ ဆန်ဂျနာဆိုတဲ့ ကောင်မလေး။ဆန်ဂျနာဟာ သူတင်မကဘဲ သူများတွေကိုပါ ကိုယ်ချစ်တဲ့သူကိုလက်ထပ်ဖို တိုက်တွန်းနေပေမဲ့ သူ့အမေကတော့ သူ့ကို ပရမ်းဆိုတဲ့ ဥစ္စာပေါ၊ ရုပ်ချော သူဌေးလေးတစ်ယောက်နဲ့ ပေးစားဖိုအတွက် ကြိုးပမ်းလာခဲ့ပါတယ်။ခေတ်ပညာတတ်မလေး ဆန်ဂျနာဟာ အစပိုင်းမှာ အချစ်ဟာသရုပ်ရှင်တွေရဲ့ထုံးစံ ဇာတ်လိုက်ပရမ်းကို ဒုက္ခတွေပေး၊ ပြန်ပြေးအောင် ကြံစည်ပေမဲ့ ဥစ္စာပေါ ရုပ်ချောရုံသာမက တော်ကီပါကောင်းတဲ့ ပရမ်းကို ကြွေစပြုလာတဲ့အချိန်မှာ ဘယ်သူမှမထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ပရမ်းနဲ့ ဆန်ဂျနာတို ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီအချစ်ဟာသရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.8 GB / 2.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie
Main Prem Ki Diwani Hoon (2003)
7.1
I Want to Talk (2024)
I Want to Talk (2024) "ဒုတိယအခွင့်အရေး"IMDb 7.1မင်းသားအမီတာဘဂျမ်းရဲ့ သားဖြစ်သူ အာဘီရှက်ဘဂျမ်း သရုပ်ဆောင်တဲ့ ဟင်ဒီဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်အိန္ဒိယဖွား အမေရိကန်အခြေစိုက်သူ မစ္စတာစန်ဟာဆိုရင် မားကတ်တင်းအလုပ်ကိုကျွမ်းကျင်ပြီး စကားအပြောအဆို သွက်လက်ညက်ညောတဲ့လူ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် သမီးငယ်ဖြစ်သူ ရီယာကို သတ်မှတ်ရက်မှာသာ ထိန်းကျောင်းခွင့်ရပြီး အဖေနဲ့သမီးဆက်ဆံရေးဟာတော့ သူ့အလုပ်လောက် မချောမွေ့လှပါဘူးတစ်ရက်အလုပ်မှာ ချောင်းဆိုးရင်းသွေးပါလာတော့ ဆေးစစ်ရာမှာ လည်ချောင်းကင်ဆာဖြစ်နေမှန်းသိလိုက်ရတဲ့အပြင် အသက်ရှင်သန်ခွင့် ရက် ၁၀၀ ထက်နည်းမယ်လို့ ခန့်မှန်းရတာကြောင့်သူ့ဘဝဟာ နေ့ချင်းညချင်းပြောင်းလဲသွားခဲ့ပြီးနောက်မှာ ဘဝကိုဘယ်လိုကြိုးစားရင်ဆိုင်သွားမှာလဲ သမီးဖြစ်သူနဲ့ ဆက်ဆံရေးတိုးတက်လာအောင် သူဘယ်လိုပြုပြင်မှာလဲ ဒီရုပ်ရှင်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.6 GB / 764 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
I Want to Talk (2024)
Tera Jadoo Chal Gayaa (2000)
Tera Jadoo Chal Gaya (2000)သုံးပွင့်ဆိုင်အချစ်၂၀၀၀ ခုနှစ်များဆီက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်တတ်တဲ့ CM ပရိသတ်ကြီးအတွက် အဘီရှိတ်ခ်ဘဂျမ်း ၊ ကီရ်သီရတ်ဒီနဲ့ ဟာသမင်းသားကြီးဂျွန်နီတို့ အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ပူဂျာက အောင်မြင်တဲ့ဒါရိုက်တာကြီးအရမ်းဖြစ်ချင်တဲ့သူ ဒါပေမဲ့ အလုပ်မှာတော့အမြဲနောက်ကျတတ်လို့ ခဏခဏအဆူခံရတဲ့သူပေါ့ ၊ အများနဲ့မတူထူးခြားကောင်းမွန်တဲ့ သူ့အိုင်ဒီယာတွေကိုလည်း အလုပ်က စီနီယာတွေဆီမှာ ဖြတ်လုခံရနဲ့ ဒါရိုက်တာကြီးအိပ်မက်က အလှမ်းဝေးနေလေရဲ့။တစ်နေ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင် အာဂရာမြို့မှာတွေ့ခဲ့တဲ့ ကဘီးရ်က သူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတော့တယ် ၊ ကဘီးရ်ဆိုတာလည်း သူ့မြို့မှာတောင် မသိသူမရှိ လူချစ်လူခင်များတဲ့သူ ၊ကဘီးရ်ကသာ ပူဂျာ့ကိုစိတ်ဝင်စားပေမဲ့ ပူဂျာကတော့ ကဘီးရ်ရဲ့ အစွမ်းအစနဲ့ လူချစ်လူခင်များတာကိုသဘောကျရုံကလွဲ စိတ်ဝင်စားမှုရှိမလာပါဘူး၊ သူ့စိတ်ထဲမှာ သူ့လက်တွဲဖော်အတွက် ပုံဖော်ထားပြီးသားဖြစ်နေတာကြောင့်လည်းပါတယ်ပူဂျာအိပ်မက်ထဲက လက်တွဲဖော်ပုံစံနဲ့ထပ်တူကျတဲ့သူပေါ်လာချိန်မှာတော့ အိပ်မက်တွေကိုအလေးထားတဲ့ ပူဂျာနဲ့ သူတန်ဖိုးထားလိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်စွမ်းရှိတဲ့ ကဘီးရ်တို့ကြားမှာ ဘယ်လိုအပြောင်းအလဲ ၊ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…2.56 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard ...
movie
Tera Jadoo Chal Gayaa (2000)
5.4
Umrao Jaan (2006)
Umrao Jaan (2006) "ကြွေသောပန်း"၂၀၀၆ မှာ ထွက်ခဲ့တဲ့ ရှေးခေတ်အိန္ဒိယ musical/romance ရုပ်ရှင်ကားဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ Amitabh Bachchan ရဲ့သား Abhishek Bachchan နဲ့ သူ့မိန်းမဖြစ်သူ Miss World - 1994 အလှမယ် Aishwarya Rai တို့ပါဝင်ထားပါတယ်အမီရန် ဆိုတဲ့ မိသားစုနဲ့အတူတူ နေထိုင်ပြီး စိတ်ထားဖြူစင်တဲ့ မိန်းမငယ်လေးတစ်ယောက် တစ်နေ့မှာ ကံကြမ္မာဆိုးတစ်ခုကို ကြုံရတယ်သူ့အဖေ တစ်ချိန်က သက်သေခံထွက်ဆိုပေးခဲ့ရတဲ့ လူ ထောင် ၇ နှစ်ကျသွားပြီး ပြန်လွတ်လာတဲ့အချိန် ရန်ငြိုးကြောင့် လက်စားချေဖို့ အမီရန်ကို ဖမ်းခေါ်သွားလေရဲ့ အဲဒီနေ့ကစလို့ အမီရန်ဆိုတဲ့ နာမည်ပျောက် ပြည့်တန်ဆာခေါင်း မစ္စခါနွမ်ဆီမှာ ရောင်းစားခံလိုက်ရပြီး Umrao Jaan အမည်ရှိ အထက်တန်းလွှာ အပျော်မယ်တစ်ဦးအဖြစ် ပုံသွင်းခံလိုက်ရတယ်တစ်နေ့တော့ ဒီမိန်းကလေး အချစ်ကို ရှာတွေ့ရင်းမှ ချစ်သူနဲ့ ပေါင်းရဖို့ ကြိုးစားလို့ရနိုင်မှာလား... အဖျက်အမှောက် အမျိုးမျိုးက သူတို့နှစ်ယောက်ကို အကြိမ်ကြိမ်တားရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...၁၈၀၀ ဝန်းကျင် ...
movie
Umrao Jaan (2006)
2006
8.6
Ghoomer (2023)
Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ) IMDb 8.6ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော် မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲတွေထိတက်ချင်ခဲ့တာက သူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာ ဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီး နောက်ဆုံးဆင့် ရွေးချယ်ပွဲအတွက် လူရွေးပွဲနောက်ပိုင်းမှာ သူမဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်ဒါကတော့ ခရစ်ကတ်ကစားသမားဖြစ်သူက လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ပါပဲ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ဆရာတွေကရော သူ့ကိုဘယ်လိုတွေကူညီသွားမလဲဆိုတာကတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ Tomo ~ BpL ~ Cherry တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.14GB Quality…1080p ...
movie
Ghoomer (2023)
2023
Haan Maine Bhi Pyaar Kiya (2002)
အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲ လုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာ ရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့ နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာ သူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size…2.54GB/ 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Citrus
movie
Haan Maine Bhi Pyaar Kiya (2002)
2002
7.7
Bholaa(2023)
Bholaa (2023) IMDb 7.7Drishyam ထဲမှာ အပြိုင်ကြဲခဲ့တဲ့ အဂျေးနဲ့ ရဲမေတာဘူး တို့က ဒီကားထဲမှာ အတိုင်အဖောက်ညီညီ ရှယ်ကြမ်းကြဦးမဲ့ ရုံတင်ကားပဲဖြစ်ပါတယ် Box Office အနေနဲ့လည်း 111 ကုဋေကျော်အထိ ပြန်ရှာနိုင်ခဲ့ပါတယ် မင်းသားမင်းသမီးတင် နာမည်ကြီးရုံမက ဇာတ်လမ်းကလည်း ပြီးမှန်းမသိဆွဲဆောင်သွားနိုင်တာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါပဲဇာတ်လမ်းအညွှန်း... ရန်သူတွေက စုန်းမလို့ခေါ်ရလောက်တဲ့အထိ တစ်ခါအာရုံကျပြီးရင် လက်မလွှတ်တတ်တဲ့ ရဲမေဒိုင်ယာနာ (တာဘူး)... သန်းတစ်ထောင်တန်ကြေးရှိတဲ့ ကိုကင်းတွေဖမ်းမိတော့ ပိုင်ရှင်က ကြားဖူးသမျှထဲမှာ အကြီးဆုံးဂိုဏ်းဖြစ်နေခဲ့တယ် အလုပ်လုပ်သမျှ ပိရိလွန်းတာကြောင့် တစ်ခါမှကို ဖမ်းဆီးခြင်းမခံခဲ့ရတဲ့ဂိုဏ်း ဒီဂိုဏ်းက သန်းတစ်ထောင်ကျော် အထိနာသွားတော့ ဒိုင်ယာနာ့ကို ကမ္ဘာမြေအဆုံးထိ လိုက်ရှာပါတော့တယ်ဘိုလာ(အဂျေး)က အမှုတစ်ခုကြောင့် ထောင်၁၀နှစ်ကျခဲ့ရတယ် ထောင်သားအချင်းချင်းတောင် ဘိုလာက ဘယ်သူလဲ ဘယ်ကလာလဲ မသိကြဘူး သိတဲ့လူကလည်း အသက်ရှင်ဖို့လမ်းမရှိတာကိုး ဘိုလာ့ကို သမုဒ္ဒရာနဲ့တင်စားကြတယ် အပြင်ဘက်မှာ ငြိမ်သက်ပြီး အတွင်းမှာတော့ မုန်တိုင်းထန်တဲ့လူတဲ့ ဒီလိုနဲ့သူထောင်ကထွက်တော့ ကိုကင်းပိုင်ရှင်ကို စုံစမ်းနေတဲ့ဒိုင်ယာနာ့နဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ် ဂိုဏ်းဘက်ကလည်း ဒိုင်ယာနာ့ကို အသေရရ အရှင်ရရဖြစ်နေတော့ သူတို့၂ယောက်ပေါင်းပြီး ဘယ်လိုတွေဖြေရှင်းသွားမလဲဆိုတာ Plot Twist ပေါင်းများစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းကိုတော့ ...
movie
Bholaa(2023)
2023
4K HEVC
7.7
Guru (2007)
Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Guru (2007)
2007
5.3
Bol Bachchan(2012)
Bol Bachchan (2012) Action, Comedy IMDb 5.6/10 (9.3K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h ...
movie
Bol Bachchan(2012)
2012
7.0
Bob Biswas (2021)
Bob Biswas (2021)============================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Bob Biswas လို့အမည်ရတဲ့ crime thriller ရုပ်ရှင်အမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးကတော့ 2012 ခုနစ်မှာ ရိုက်ကူးခဲ့တဲ့ Kahaani အမည်ရတဲ့မှုခင်းရုပ်ရှင်ရဲ့ Spin-off အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတာ ဖြစ်ပါတယ်ဒါ့အပြင် ရုပ်ရှင်နာမည်က Bob Biswas ဆိုတဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘော့နေရာမှာသရုပ်ဆောင်ထားသူကတော့ အားလုံးချစ်ကြတဲ့ နာမည်ကျော်မင်းသား အမီတာဘချန်းရဲ့ သားဖြစ်သူအာဘီရှက်ခ်ဘချန်းက သရုပ်ဆောင်ထားမလို့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေးကို မတိုမရှည်နဲ့ စလိုက်ကြရအောင်ယခင် 2012 က ထွက်ရှိထားတဲ့ Kahanni ရုပ်ရှင်ထဲမှာ ကားတိုက်ခံလိုက်ရတဲ့ ဘော့တစ်ယောက်ယခုထွက်ရှိလာတဲ့ Bob Biswas ရုပ်ရှင်ထဲမှာတော့ ၈ နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာခဲ့ပါပြီကိုမာကနေ ပြန်လည်နိုးထလာခဲ့ပေမဲ့ ဘော့ဟာ ...
movie
Bob Biswas (2021)
2021
1080p HEVC
6.5
Dum Maaro Dum(2011)
Dum Maaro Dum(2011)အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ....တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့.....ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။ မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်...သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့...ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်.... ၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား? မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ? အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့....... Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (1.01 GB) and (554 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Action , Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Dum Maaro Dum(2011)
7.0
Manmarziyaan ( 2018 )
ဘောလီဝုဒ် ဒါရိုက်တာတွေထဲမှာ ဘယ်သူနဲ့မှမတူဘဲတမူထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ချပြလေ့ရှိတဲ့Anurag Kashyap ရဲ့နောက်ဆုံးထွက် တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Gangs of Wasseypur,Ugly, Sacred Gmaes တို့လိုနာမည်ကျော်ဇာတ်ကား၊ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးရှင်ကြီးလည်း ဖြစ်ပါတယ်ဒီဇာတ်ကားမှာလည်း အချစ်ဇာတ်ကို ဘောလီဝုဒ်ရဲ့ဖန်တရာဇာတ်တွေနဲ့ မတူဘဲ အသစ်တစ်မျိုး ချပြထားပါတယ်Love, Sex & Marriage စတာတွေကို ခပ်ဆန်းဆန်းလေးတင်ဆက်ထားပါတယ်ဇာတ်လမ်းလေးကတော့ မိသားစုတွေမသိအောင်ရည်းစားခိုးထားနေတဲ့ ရူမီ့တစ်ယောက် အိမ်ကလူတွေအခန်းထဲမှာ ဘဲနဲ့ ပက်ပင်းမိသွားပါတယ် ဒီအချိန်မှာရည်စားထားတာကနေ လက်ထပ်ထိမ်းမြားရတော့မယ့်အခြေအနေကို ဖြစ်လာပါပြီ အိမ်ကပေးစားတဲ့သူမယူချင်ရင်သူ့ကောင်လေးကို လာတောင်းရမ်းခိုင်းပေမယ့် ရူမိ့ရည်းစားဗစ်ကီကတော့ တလွဲတချော်လုပ်လို့ ပေးစားတဲ့သူနဲ့ပဲယူလိုက်ရပါတော့တယ် အခုမှ ဇာတ်လမ်းစပါတော့တယ်ရူမီ၊ ဗစ်ကီနဲ့ ရော်ဘီတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုဆက်လက်ခံစားလိုက်ကြပါတော့ ခင်ဗျာ ဘာသာပြန်နဲ့အညွန်းကတော့ ကို ဇော်ထူးပဲဖြစ်ပါတယ် Translated By Zaw HtooEncoded By LK
movie
Manmarziyaan ( 2018 )
2018
8.1
Lage Raho Munna Bhai(2006)
Lage Raho Munna Bhai (2006) °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° " Hello ; Good Morning ; Mumbai " ဆိုတဲ့ နှုတ်ဆက်စကားလေးဟာ ရေဒီယို လေးကနေ ပျံ့လွင့်လို့လာခဲ့တယ်။ သာယာတဲ့ အသံပိုင်ရှင်ဟာလည်း ချောမောလှတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။ အသံလွှင့် သူလေးက "ဂျန်ဗီ" ။ဒီအသံလေး ကို ရင်ဘတ်နဲ့ စွဲငြိနေခဲ့မိသူကတော့ လူကြမ်းကြီး မူနာပါပဲ။ တစ်နေ့မှာတော့ "ဂျန်ဗီ "ဟာ ရေဒီယို ကဏ္ဍ လေးတစ်ခုကို ကြေငြာလိုက်ပါတယ်။ ဒီ ကဏ္ဍ လေးမှာတော့ အိန္နိယနိုင်ငံရဲ့ နှလုံးလှဖခင်ကြီး ဂန္ဒီ အကြောင်း ကို ဖြေဆိုရင်း သူမနှင့် တွေ့ဆုံနိုငိမယ့် အခွင့်အရေးလေးပါပဲ။ ဒီ ကဏ္ဍ အတွက် မူနာ ဟာ အစွမ်းအကုန် အားထုတ်နေခဲ့မိပါတယ်။ မရတာ မရှိ မဖြစ်နိုင်တာ မရှိလေတဲ့ လူကြမ်း မူနာအတွက်တော့ ...
movie
Lage Raho Munna Bhai(2006)
2006
6.1
Kabhi Alvida Naa Kehna (2006)
ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော""ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ"အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
movie
Kabhi Alvida Naa Kehna (2006)
2006
5.4
Dhoom 3 (2013)
ဇာတ်လမ်းအကျဉ်းကတော့… ၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ် ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။ Sahir Khan ...
movie
Dhoom 3 (2013)
2013
6.7
Dhoom (2004)
Dhoom ကားတွေရဲ့ပထမဆုံးကားလေးပါ။ ဆိုင်ကယ်တွေနဲ့အုပ်စုလိုက် ဓါးပြတိုက်နေတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ကို လိုက်လံဖမ်းစီးပုံကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားလေးထဲမှာ ACP Jay Dixit နဲ့ Ali တို့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာပါသိရမှာဖြစ်ပါတယ်။အမြဲချိန်ပါဖြစ်နေတဲ့ Ali ရဲ့ဘဝကို သနားစဖွယ်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ဓါးပြအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အခု အိန္ဒိယမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့ မင်းသား john abraham ဖြစ်ပါတယ်။ Dhoom 2 နဲ့ 3လောက်မကောင်းပေမယ့်လည်း ယှဉ်ကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။ File size…(1GB) Quality…BR-Ray 720p Format…mp4 Duration….02:09:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie
Dhoom (2004)
2004
6.4
Dhoom 2 (2006)
မကြည့်ဖူးတဲ့သူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။လက်ပွားမင်းသားရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဒီဇာတ်ကားထဲမှာတော့ လက်ပွားမင်းသားဟာ Professional သူခိုးတစ်ယောက်ရဲ့ကာရိုက်တာကိုပီပြင်စွာသရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Dhoomကားရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ACP Jay Dixit နဲ့ Ali တို့ရဲ့နေရာကို Abishek Bachan နဲ့ Uday chopraတို့ကသရုပ်ဆောင်ထားပါတယ်။မယ်ကမ္ဘာဆုရထားတဲ့မင်းသမီးချော Aishwarya Rai ကလည်း နှစ်ဖက်ချွန်တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာကတော့ လက်ပွားမင်းသား Hrithik Roshanပါပဲ။ Aryanရဲ့ဇာတ်ကောင်နေရာကနေ ရုပ်ပြောင်းရုပ်လွှဲတွေကိုတစ်ဝကြီးကြည့်ရှုခံစားရမှာပါ။အယောက်၁၀၀မှာ၉၀လောက်ကြည့်ပြီးသားဖြစ်တဲ့ဇာတ်ကားလေးမို့ review ကိုအတိုချုံ့ပဲရေးပေးလိုက်ပါတယ် File size…(1.4GB) Quality…BR-Ray 720p Format…mp4 Duration….02:32:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie
Dhoom 2 (2006)
2006