Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abhiram Radhakrishnan
5.4
Azadi (2025)
Azadi 2025(လွတ်လပ်ခြင်း)ဇာတ်လမ်းအကျဉ်းAzadi ဟာ ဒါရိုက်တာ ဂျိုဂျော့စ်က ရိုက်ကူးထားတာဖြစ်ပြီး မလာယာလံပြည်နယ်ရုပ်ရှင်တစ်ခုပါ။စရင်းနက်ဘာစီ၊ လဲယ်၊ ဗန်နီဗစ်ဝါနာ နဲ့ ရာဗီးနား ရာဗီ တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းမှာ ကိုယ်ဝန်ဆောင်ထောင်သား ဂန်ဂါ က အမျိုးသားမိရာဂူးရဲ့အကူအညီနဲ့ ဆေးရုံမှ ထွက်ပြေးဖို့ကြိုးစားတဲ့အကြောင်းပါ။ဇာတ်လမ်းဟာ၂၀၂၅ မေမှာ ပြသပြီး စိတ်လှုပ်ရှားစရာ အက်ရှင်နဲ့ အနုပညာမြောက်မှုတွေပါဝင်ပါတယ်။ဂန်ဂါ ကို မွေးဖွားဖို့ ဆေးရုံတင်ထားတုန်းမှာ ရာဂူး က ၂၄ နာရီအတွင်း ထွက်ပြေးစီစဉ်ထားပါတယ်။အခက်အခဲတွေကြားမှာ ရန်သူတွေ တားဆီးဖို့ ကြိုးစားကြပါတယ်။ တရားမျှတမှု၊ မိသားစုနဲ့ စိတ်ဓာတ်နဲ့ အသက်ရှင်သန်ရခြင်းရဲ့ အကြောင်းတရားကို ပြသထားပါတယ်။ကြည့်သူတွေကို စိတ်လှုပ်ရှားစေပြီး စိတ်ဓာတ်ခွန်အားတွေလည်းပေးစွမ်းနိုင်ပါတယ်ခင်ဗျာ။Azadi ကြည့်ရင် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်စသည့် ခံစားချက်များကိုရရှိမှာပါ။အက်ရှင်ခန်းတွေက စိတ်ဝင်စားစရာအရမ်းကောင်းပြီး ဇာတ်ကောင်တွေကလည်း ပီပြင်လွန်းလှပြီးတော့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ စိတ်ဓာတ် ကိုမြင်သာအောင်ရိုက်ပြထားနိုင်ပါတယ်။အက်ရှင်ကောင်းကောင်းနဲ့ ရသအစုံလင်ကြိုက်သူဆိုရင်တော့ ဒီကားလေးကအကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Teamမှတင်ဆက်ထားပါတယ်။File size…2 ...
movie
Azadi (2025)
6.6
Swargam (2024)
Swargam (2025) ကောင်းကင်ဘုံ"အိမ်"တဲ့ စကားလုံးလေးတစ်လုံးတည်းပေမဲ့ နွေးထွေးလုံခြုံစေတာမျိုး။ အားလုံးမှာ ဖြစ်မြောက်ချင်တဲ့ ရည်မှန်းချက်တွေရှိခဲ့ရင်တောင် မောပန်းနွမ်းနယ်လာတဲ့အခါ၊ အောင်မြင်ပျော်ရွှင်မှုကိုမျှဝေလိုတဲ့အခါ အိမ်ကိုတမ်းတ တတ်ကြပါတယ်တဲ့။အရွယ်ရောက်လာလို့ လူတွေအများကြီး ကိုယ့်ဘဝထဲဝင်လာလေ၊ ကြုံတွေ့ရဝာာတွေများလာလေ၊ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေရှိလာလေ ငယ်ဘဝကိုတမ်းတလေပါပဲ။ဒီဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်း ခရစ်ယာန်ဘာသာဝင်မိသားစုနှစ်ခုရဲ့ အခြေအနေချင်းမတူကြတော့ သဘောထားကွဲလွဲရာမှတစ်ဆင့် ချည်နှောင်မိတဲ့ သိမ်မွေ့တဲ့ နှောင်ကြိုးလေးကို မြင်တွေ့ရမှာပါ။ဘေးအိမ်က မနက်အစောကြီး ဘုရားရှိခိုးလို့လန့်နိုးလာတာ၊ သီချင်းတွေ၊ တူရိယာတွေတီးမှုတ်နေလို့ မနှစ်သက်တာမျိုးက ကြုံတွေ့ဖူးကြမှာပါ။ အဲဒီကနေ ကူညီရိုင်းပင်းလာမှု၊ နားလည်လာမှုစတဲ့ နွေးထွေးတဲ့ အိမ်နီးနားချင်းသံယောဇဉ်နဲ့ မိသားစု ချစ်ခင်မှုကို ဟာသလေးနှောပြီး ပါဝင်ထားပါတယ်။ဘဝမှာဟန်ချက်ညီ နေထိုင်နိုင်ဖို့ အရာရာကို ချဲ့ကားနေဖို့မလိုဘဲ တစ်ဦးအပေါ်တစ်ဦး နားထောင်ပေးနိုင်ဖို့၊ မေတ္တာထားပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့လိုအပ်တယ်ဆိုတာ ဒီဒရမ်မာလေးကြည့်ပြီး ဘဝအမောပြေကြစေဖို့ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 1.8 GB / 995 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Swargam (2024)
7.2
Sookshmadarshini (2024)
Sookshma Darshini (2024) "ထူးဆန်းတဲ့အိမ်နီးချင်း"ဒီတစ်ခေါက်မိတ်ဆက်ပေးဖြစ်မဲ့ ဇာတ်ကားလေးကတော့ တစ်မူထူးခြားတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်အိမ်တစ်ခုချင်းစီမှာ ပဟေဠိတွေကို တစ်ထပ်ချင်းစီ ဖြေပြသွားမှာဖြစ်တာကြောင့် လုံးဝမပျင်းရမဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူး။ပရီယာဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးလေးမှာ အရာရာတိုင်းကို အသေးစိတ်စူးစမ်းတတ်တဲ့ ဉာဉ်လေးရှိပါတယ်။ သူ့ယောက်ျားဆို သေးသေးမွှားမွှားကအစ သူ့ကိုလိမ်ပြောလို့မရပါဘူး။ ပရီယာတို့မိသားစု လောလောဆယ် အိမ်ငှားနေနေတဲ့ ရပ်ကွက်ကလည်း သိပ်တော့မခေပါဘူး။တစ်နည်းပြောရရင် စီစီတီဗီအဒေါ်ကြီးတွေများတဲ့ ရပ်ကွက်လေးပေါ့။ တစ်နေ့ သူတိုရပ်ကွက်ထဲကို မာနူးဆိုတဲ့လူတစ်ယောက် ပြောင်းလာပါတယ်။ မာနူးတို့ဟာ ဒီရပ်ကွက်နဲ့စိမ်းတဲ့သူတွေတော့ မဟုတ်ပါဘူး။ ငယ်ငယ်လေးတုန်းက ဒီမှာနေခဲ့ဖူးပြီး စီးပွားရေးနည်းနည်းအောင်မြင်သွားတော့ အိမ်ပြောင်းသွားခဲ့တာပါ။ မာနူးမှာ အယ်လ်ဇိုင်းမားဖြစ်နေတဲ့ အမေအိုကြီးတစ်ယောက်လည်းရှိပါသေးတယ်။အများအမြင်က လူရိုးလူအေးလေး မာနူးကို ပရီယာကတော့ တဖြည်းဖြည်းနဲ့ သင်္ကာမကင်းဖြစ်နေရှာပါတယ်။ ကဲ ပရီယာရဲ့မှန်းချက်အတိုင်း မာနူးမှာ နောက်မျက်နှာဖုံးတစ်ခုရှိနေသေးလားဆိုတာကိုတော့ ပရီယာတို့အုပ်စုနဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်နော်..(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.6 GB / 901 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 22min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Sookshmadarshini (2024)
5.6
Kondal (2024)
Kondal 2024 ပင်လယ်ပြင်ခရီးကြမ်းအက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့် အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့ မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊ မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 3 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kondal (2024)
6
Jackson Bazaar Youth (2023)
Jackson Bazaar Youth (2023) "မြွေပူရာကင်းမှောင့်"IMDb - 6.0/10 အောက်ခြေလူတန်းစားတွေရဲ့ဘ၀ကို ရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျက်ဆန်ဘက်ဇာဆိုတာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ပေမဲ့ မြေကွက်နာမည်ပေါက် မရကြသေးတဲ့ ရပ်ကွက်လေးတစ်ခု။ အဲဒီရပ်ကွက်မှာပဲ ဂျက်ဆန်ဘက်ဇာဆိုတဲ့ ယူကျုချန်နယ်ဖွင့်ထားပြီး ဘုရားကျောင်းပွဲတော်တွေမှာ ထရမ်းပတ်တီးမှုတ်ဖျော်ဖြေတဲ့ အဖွဲ့လေးလည်းရှိတယ်။ရပ်ကွက်ထဲမှာ ဖြစ်သမျှကို ဒိုင်ခံဖြေရှင်းပေးနေကြတဲ့သူတွေဆိုလည်းဟုတ်ပေါ့။ ရပ်ကွက်ကိုပေးနေတဲ့ရေက လာလိုက်မလာလိုက်ဖြစ်နေလို့ သောကများနေကြရတဲ့အထဲမှာ ဟိုက်ဝေးလမ်းမကြီးဖောက်ဖို့ ရပ်ကွက်ဖယ်ပေးရမယ်လို့ သတင်းရာကစ ရဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းရဖို့ ပြဿနာကြီးပေါ်လာခဲ့ချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ပဲဖြစ်ပါတယ်) File size… 1.6GB / 754MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Suri ~ Alex ~ ToMo
movie
Jackson Bazaar Youth (2023)
2023
8.6
Manjummel Boys (2024)
Manjummel Boys(2024) ( အသွားမတော်ကြသူများ)ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင် ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့ survival thriller ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက် တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေ ကြုံတတ်ကြတာကို သိကြမှာပါ။ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီး အဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။ လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူ ကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။ လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD ...
movie
Manjummel Boys (2024)
2024
5.5
Thundu (2024)
Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်းလုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB / 771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie
Thundu (2024)
2024
7.0
Falimy (2023)
Falimy (2023) "မိစားသု" IMDb 7.1/10မလေယာလမ်း မိသားစုရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဆိုတဲ့ မိသားစု မမည်ပဲ "Family"ကို "Falimy"လို့ဘာကြောင့်နာမည်ပေးထားရတာလဲဆိုတာ ကြည့်ပြီးတဲ့အချိန်မှာတော့ သဘောပေါက်သွားကြပါလိမ့်မယ်။အိမ်မှာနေရတာပျင်းလို့ ကာရှီခရီးစဉ်ကိုတစ်ယောက်တည်းထွက်သွားချင်တဲ့အဘိုးအိုတစ်ယောက် .. သုံးခါတိတိ ထွက်ပြေးဖို့လုပ်လည်း အိမ်ကသားတော်မောင်တွေ မြေးတော်မောင်တွေက ဘူတာမှာလိုက်လိုက်ဖမ်းပြီးလို့ အိမ်ပြန်ပြန်လာရသူပေါ့သူ့ရဲ့သားအကြီးကောင်ကတော့၁၅ကြိမ်လောက်အိမ်ထောင်ဘက်တွေလည်း တစ်ခါမှအဆင်မပြေခဲ့သူ ဒီလိုနဲ့နောက်ဆုံးသူ့ဘဝထဲကျောင်းဆရာမလေးတစ်ယောက်ဝင်လာခဲ့ပါတယ် ရေငတ်တုန်းရေတွင်းထဲကျ မုတ်ဆိတ်ပျားစွဲသလို လူပျိုကြီးရဲ့ကမ္ဘာက ပျားရည်ဆမ်းထားတဲ့ နှင်းဆီပန်းခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလို အရာရာအဆင်ပြေနေရာကနေ စေ့စပ်ပွဲပျက်သွားတဲ့အခါမှာတော့ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုဖြစ်ရာကနေ အဘိုးသွားချင်တဲ့ကာရှီကိုလိုက်ပို့မယ်ဆိုပြီးတော့ မိသားစုလိုက်ထွက်လာရာကနေ အလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုဒုက္ခတွေကျော်ဖြတ်ရမယ်ဆိုတာကတော့...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.39GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Falimy (2023)
2023
6.9
Voice of Sathyanathan (2023)
Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Voice of Sathyanathan (2023)
2023
6.4
Neelavelicham (2023)
Neelavelicham (2023) IMDb 6.5ဟောင်းနွမ်းပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လျှောက်လမ်းကိုတောင် ဖုံးအုပ်နေတဲ့ ခြံကြီးတစ်ခြံ... ဒီခြံကြီးထဲမှာ နွယ်တွေရစ်ပတ်နေတဲ့အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး...ညဘက်အမှောင်ထဲကြည့်လိုက်မိရင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုး ချောက်ချားဖွယ်အတိပေါ့ အဲဒီမြိုထဲကလူတွေဆို ဒီခြံရှေ့ နေ့ခင်းကြောင်တောင်တောင် ဖြတ်မသွားရဲလောက်အောင် အခြောက်အလှန့်ကလည်း ကြမ်းမှကြမ်း..ဒီအိမ်ကြီးမှာ ဇာတ်လမ်းကလည်းရှိခဲ့တာကိုး အချစ်ကို ဆုံးရှုးခဲ့ရလို ခြံပိုင်ရှင်သမီးလေးတစ်ယောက် ရေတွင်းထဲခုန်ချပြီး အစိမ်းသေသေခဲ့ရတယ် အဲဒီနောက်ပိုင်း ယောကျာ်းတွေကို မုန်းတီးပြီး သရဲအနေနဲ့ ခြံကိုလည်း စောင့်ရှောက် တွေ့သမျှလူတိုင်းလည်း ခြောက်လှန့်တယ်လို ဆိုကြတယ်ဒီခြံကို မအူမလည်နဲ့ ငှားမိသွားတာက စာရေးဆရာပေါက်စ ..ဈေးကလည်းအတော်တန်တော့ ၂လစာငွေချေပြီး ငှားလိုက်မိတယ် သူဒီခြံထဲကို ပြောင်းလာတာပါလိုမိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြတယ် ဒီလိုနဲ့ သူတစ်စတစ်စတွေ့တွေ့လာရတဲ့ ချောက်ခြားမှုတွေ...ခြံကလည်းထပ်ငှားဖိုရာ ပိုက်ဆံမရှိလေတော့ ဒီခြံထဲက မမြင်ရတဲ့ အစိမ်းသေနဲ့သူဘယ်လိုနှစ်ပါးသွားမလဲ...ဇာတ်လမ်းက မပေါ့သွားမဲ့ဇာတ်လမ်းဖြစ်တာမို သရဲကားကြိုက်ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲရှင် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,Khin နဲ့ BpL တိုပဲဖြစ်ပါတယ်) File ...
movie
Neelavelicham (2023)
2023
7.8
Iratta(2023)
Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယတောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie
Iratta(2023)
2023
8.5
Mike (2022)
Mike (2022) IMDb - 8.5/10ကျွန်တော်တို့ရဲ့လက်ရှိဘဝမှာ ပျော်စရာတွေဝမ်းနည်းစရာတွေနဲ့လူတိုင်းကြုံကြရပါတယ်...ပျော်စရာတွေရှိရင်ပျော်လိုက်ကြပြီး ဝမ်းနည်းစရာတွေကြုံလာရင်ရော ပျော်ရွှင်မှုလိုမျိုးလက်ခံပေးနိုင်ကြဦးမှာလားစိတ်ဓာတ်တွေကျဆင်းသွားကြမလား...ကိုယ်ရတဲ့ဘဝတစ်ခုမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုကြောင့် ကိုယ်မပျော်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်လျော့ပြီးပြောင်းလဲမယ့်အစား ရင်ဆိုင်အနိုင်ယူလိုက်တာအကောင်းဆုံးပါပဲဟုတ်ကဲ့...ဒီဇာတ်ကားလေးကတော့ မျှော်လင့်ချက်တွေပျောက်ဆုံးပြီးဘဝကိုရေစုန်မျှောနေတဲ့အန်တိုနီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့....မိန်းကလေးဖြစ်နေရတဲ့သူ့ဘဝကို မကျေမနပ်ဖြစ်နေရတဲ့ ယောကျ်ားလျာမလေး ဆာရာတို့အကြောင်းပေါ့...တစ်နေ့သူတို့နှစ်ယောက်ခရီးတစ်ခုမှာဆုံမိကြပြီး ခင်မင်ရင်းနီးခဲ့ကြပါတယ်..ဒီလိုနဲ့တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာကြပြီး ယောက်ျားလေးအဖြစ်ခွဲစိတ်ပြောင်းလဲချင်နေတဲ့ဆာရာကို အန်တိုနီကဘယ်လိုတွေကူညီပေးမှာလဲ...ဘာကြောင့်များဆာရာကရော ခွဲစိတ်ပြောင်းလဲချင်ရတာလဲ...ဆိုတာကို သူတို့နှစ်ယောက်က ဇာတ်ကားအဆုံးထိတွဲဖက်ခေါ်ဆောင်သွားပေးမှာမို့ ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်... File size…1080p True Web Dl / 720p Quality…2GB / 1GB Format…mp4 Duration….1h 48m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Taylor & Thet Ko
movie
Mike (2022)
2022