Channel Myanmar

Aasif Mandvi

Ghost Town (2008) 6.7
Ghost Town (2008)  Ghost Town (2008)IMDb Rating (6.7) / Rotten Tomatoes (85%)Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီးနားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့...လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ.....File size…(2.6 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC ...
movie

Ghost Town (2008)

2008
The Dictator (2012) 6.4
The Dictator (2012) The Dictator (2012) IMDb - 6.4/10_____Rotten - 57%      ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့.....File size…(1.6 GB)/(910 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...  Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Lin Kyaw 
movie

The Dictator (2012)

2012
The Proposal (2009) 6.8
The Proposal (2009) The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

The Proposal (2009)

2009
Human Capital (2019) 6.9
Human Capital (2019) နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်‌ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ‌၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Human Capital (2019)

The Siege (1998) 6.3
The Siege (1998) ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။ ၁၉၈၀ ကျော်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်ကို ကျူးကျော်တုန်းက အမေရီကန် CIA တွေက ဘင်လာဒင်တို့လို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ကို တော်လှန်ရေးသမားအဖြစ် မွေးမြူခဲ့တယ် ။ CIA ရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရီကန်ရဲ့ အကျိူးစီးပွားကို ထိခိုက်နိုင်တဲ့ ဆိုဗီယက်ရဲ့ ဩဇာအာဏာကို ဟန့်တားဖို့ပေါ့ ။ ၁၉၉၀ ကျော် အမေရီကန် သမ္မတ ဂျော့ဘုရှ် လက်ထပ်မှာတော့ အီရတ်က ဆတ်ဒမ်ဟူစိန်ကိုအမေရီကန်က ဖြုတ်ချချင်တယ် ။ အီရတ်ပြည်တွင်းမှာ ဆတ်ဒမ်ကို တော်လှန်ချင်သူတွေကို လက်နက်တွေပေးတယ် ၊ အကြမ်းဖက်နည်းတွေ သင်ပေးတယ် ၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ် ။ အမေရီကန် သမ္မတသစ် ကလင်တန် လက်ထပ်မှာ နိုင်ငံခြားရေးမူဝါဒကပြောင်းသွားတယ် ...
movie

The Siege (1998)

1998
Drunk Parents (2019) 6.4
Drunk Parents (2019) ဒီရုပ်ရှင်ကား ဟာ ဟာသ ကားလို့ ပြောလို့ရသလို မိသားစု အဓိပါယ်ကို ဖော်ဆောင်တဲ့ ရုပ်ရှင်ကားမျိုးလဲ ဖြစ်ပါတယ်... ဖရန့် နဲ့ နန်စီ မှာ သမီးလေး တစ်ယောက်ရှိပြီး သူတို့ သမီးလေး အထက်တန်းအောင်ပြီး သက္ကသိုလ် တက်ဖို့ အဆောင်မှာထားခဲ့ပြီး အိမ်ပြန်လာတဲ့ အခြေအနေကနေ ဇတ်လမ်းကို စတင်ထားပါတယ်... ဖြစ်ချင်တော့ ဖရန့် ဟာ စီးပွားပျက်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး သမီးလေး စိတ်အားငယ်မှာဆိုးလို့ ဖွင့်မပြောပဲ ကျောင်းလခ အတွက် လင်မယား ၂ ယောက် ပိုက်ဆံ ကြံဖန်ရှာဖွေ ပေးပြီး ကျောင်းထားပေးခဲ့တာပါ အိမ်ပြန်ရောက်လာတဲ့ လင်မယား ၂ ယောက်မှာတော့ အကြွေးတွေ လည်ပင်းနစ်နေပြီမို့ ပိုက်ဆံ ရှာဖွေဖို့ အချိန်ကတော့ တစ်ပတ်ပဲ ရပါတော့တယ်... အဲ့ဒီ တစ်ပတ် ဆိုတဲ့ အချိန်အတွင်း ဒီလင်မယား ၂ ယောက် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး ရုပ်ရှင်ကားကို ညို့မျက်ဝန်း က ဘာသာပြန်ပေးထားပြီး Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
movie

Drunk Parents (2019)

2019
Ruby Sparks (2012) 7.2
Ruby Sparks (2012) Ruby Sparks (2012) IMDb - 7.2/10_____Rotten Tomatoes - 79%     [ Spoilers Alert ] အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။ အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော....သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။ တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။ ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို ...အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ .... စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင် Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။ ဇာတ်ကားရဲ့ ...
movie

Ruby Sparks (2012)

2012
Premium Rush (2012) 6.5
Premium Rush (2012) Premium Rush (2012)IMDb - 6.5/10_____Rotten - 74% Wileeဆိုတဲ့ကောင်လေးဟာ ကိုလမ်ဘီယာ ဥပဒေကျောင်းဆင်း။ဒါပေမယ့် ဘဝကို ဒီလိုဖြတ်သန်းရမှာ မကြိုက်သူ။သူဟာ နယူးယောက်မှာ စက်ဘီးစီး စာပို့လုလင်လုပ်တော့မှ ဘဝရဲ့ အဓိပ္ပါယ် အနှစ်သာရ ကို ရှာဖွေတွေ့ရှိလာသူတစ်ယောက်။သူ့ ချစ်သူကောင်မလေး Vanessaကလည်း သူ့လိုလူ။ဒါပေမယ့် သူ့ဘဝအတွက် တစ်ခုခုထပ်လုပ်ရမယ်လို့အမြဲတမ်းပြောပြောနေတတ်တယ်။ Vanessaရဲ့ အတန်းဖော်ဟောင်း Nima ဟာ တစ်နေ့တော့ သူ၂နှစ်ကြာအောင် စုထားတဲ့ ဒေါ်လာ ၅သောင်းကို Mr.Leungထံ ပို့ခိုင်းပါလေရော။သူ့ဆီက လက်မှတ်တစ်ခုပါတောင်းခဲ့ဖို့ မှာလိုက်ပါတယ်။ Mr.Lin သို့မဟုတ် ခေတ်သစ်ချစ်တီးတစ်ယောက် ဟာ အဲ့ဒီလက်မှတ်ရတာနဲ့ Nimaရဲ့ ပိုက်ဆံတွေကို အပိုင်စီး နိုင်မယ်ဆိုတာ သိနေပါတယ်။Mr.Lin ဟာ သူ့ထံအကြွေးတင်နေပြီး လောင်းကစားအလွန်အကျွံစွဲနေတဲ့ နယူးယောက်ရံအရာရှိ Bobby Mondayထံ ချဉ်းကပ်လာပါရော။Mondayသာ အဲ့ လက်မှတ်ရအောင်ယူနိုင်မယ်ဆိုရင် သူ့အကြွေးတွေ လျှော်ပေးမယ်ပေါ့။  ဒီလို နဲ့ ဘာဆက်ဖြစ်ကြလဲဆိုတာ ...
movie

Premium Rush (2012)

2012