Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aaron Taylor-Johnson
7.4
Avengers: Age of Ultron (2015)
Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ...
movie
Avengers: Age of Ultron (2015)
2015
4K HEVC
7.6
Nosferatu (2024)
Nosferatu (2024)IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။အခုရုပ်ရှင်ဟာ The Lighthouse ...
movie
Nosferatu (2024)
2024
4K HEVC
7.6
Nocturnal Animals (2016)
Nocturnal Animals (2016)IMDb Rating (7.6) / Rotten Tomatoes (74%)မင်းသား Jake Gyllenhaal နဲ့ Aaron Taylor-Johnson , ရုပ်ချင်းခပ်ဆင်ဆင် မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Amy Adams နဲ့ Isla Fisher စတဲ့သရုပ်ဆောင်တွေနဲ့ Psychological Thrillers အမျိုးအစား ရင်ဘတ်ထဲက ၃ ၄ ရက်ခန့် ထုတ်မရဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းက အစမှာ ရွံစရာကောင်းတဲ့ စိတ်မသက်မသာအခန်းတွေနဲ့စလာပါမယ်...ပြီးရင်တော့ ထိုင်ရာမထဆွဲခေါ်သွားမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အဆုံးမှာတော့ ရင်ဘတ်ထဲက ထုတ်မရ အတွေးတွေများသွား။အနုပညာ ပြခန်းတခန်းကနေ ဆူစန် (သူဌေး) စထွက်လာတာကနေစတယ် သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ... ထူးထူးခြားခြားသူမဆီကို ပါဆယ်တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါ စက္ကူသားကြောင့် လက်ရှသွားပြီး ဝန်ထမ်းတစ်ယောက်ကိုဖွင့်ခိုင်းပြီး စာကို ဖတ်ခိုင်းတဲ့အခါ သူမ ယောင်္ကျားဟောင်း အက်ဝဒ် ...
movie
Nocturnal Animals (2016)
2016
6.4
Godzilla (2014)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Godzilla (2014)
2014
4K HEVC
6.2
Shanghai Knights (2003)
ဂျက်ကီချန်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေShanghai Knights ဇာတ်ကားဟာ 2003 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ်အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ် IMDb rating 6.2/10 ရရှိထားပြီး Jackie Chan ၊ Owen Wilson ၊ Donnie Yan ၊ Aaron Taylor စတဲ့သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့Chon Wang ဟာ အမိမြေတရုတ်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံ Carson မြို့လေးမှာ အရာရှိတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းသူပါ....ဖခင်ဖြစ်သူကတော့ တရုတ်တော်ဝင်နန်းတွင်းတံံဆိပ်ကိုထိန်းသိမ်းရသူတစ်ဦးဖြစ်ပြီး သားလုပ်သူကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်....တော်လှန်ပုန်ကန်မှုတွေဖြစ်တဲ့အချိန်မှာ သူပုန်တွေက Chon Wang အဖေ့ကိုသတ်ပြီး တံဆိပ်တုံးလုယူသွားခဲ့ပါတယ်.....ဒီဖြစ်ရပ်ကြောင့် Chon Wang ဟာ ပါတနာRoy O'Bannonနဲ့ပူးပေါင်းပြီး လူသတ်သမားတွေထွက်ပြေးရာလန်ဒန်ကို လိုက်သွားပါတော့တယ်.....နောက်ဆုံးမှာ အဖေ့အတွက်ကလဲ့စားချေနိုင်မှာလား....တရားခံတွေကရောဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ.... File size…(2.1 GB)/(1.2 GB) Quality….. Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min ...
movie
Shanghai Knights (2003)
2003
6.5
Kick-Ass 2 (2013)
Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie
Kick-Ass 2 (2013)
2013
4K HEVCHDR
7.6
Kick-Ass (2010)
Kick-Ass (2010)IMDb Rating (7.6) / Rotten Tomatoes (77%)ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ.....ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ ...
movie
Kick-Ass (2010)
2010
4K HEVCHDR
6.6
Anna Karenina (2012)
Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie
Anna Karenina (2012)
2012
6.6
A Million Little Pieces(2019)
A Million Little Pieces(2019)အညွှန်း******************************(unicode)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ များတာကို အတော်များများ သိကြမှာပါ....ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်.. သူဆေးပြတ်သွားမလား...ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့ ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ ...
movie
2018
7.2
Outlaw King (2018)
Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie
Outlaw King (2018)
2018
6.2
The Wall (2017)
The Wall (2017) IMDb - 6.2/10_____Rotten - 65% ဒီကားလေးကတော့ယခုနှစ်၂၀၁၇၅လပိုင်းထွက်ကားသစ်လေးပါ။ စစ်ကားလို့ထင်ရပေမယ့်ဒီကားလေးကတမူထူးခြားပါတယ်။ အဲဒါထက်အဓိကသရုပ်ဆောင်နှစ်ယောက်မှာလဲနပန်းသမားကြီးJohnCenaပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဒီကားလေးကပုံမှန်စစ်ကားအတိုက်အခိုက်ကားတွေကနေကွဲထွက်နေတာပါ။ အပစ်အခတ်တွေထက်စကားပြောခန်းပိုပြီးပါတာတွေ့ရမှာပါ။ ပုံမှန်ကြည့်နေကျအမေရိကန်စစ်ကားတွေလိုစစ်တပ်ဆိုင်ရာအမြင်ထက်စစ်ပွဲအကြောင်းကို တဖက်ရှုထောင့်ကနေဖော်ပြပေးထားတာပါ။ ကြည့်လိုက်ရင်တော့တမျိုးကြီးဖြစ်နေပေမယ့်မကောင်းတဲ့တမျိုးကြီးတော့မဟုတ်ပါဘူး။ တွေးစရာလေးတော့ရမယ်ထင်ပါတယ်။ ဇာတ်ကားလေးကို၂၀၀၇ခုနှစ်စစ်ပွဲအပြီးပြန်လည်ထူထောင်ရေးကာလအီရတ်နိုင်ငံတနေရာမှာဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန်စစ်တပ်လက်ဖြောင့်သမားနှစ်ဦးဖြစ်တဲ့အိုက်ဇက်နဲ့လက်ထောက်တပ်ကြပ်ရှိန်းတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တနေရာမှာပစ်ခတ်မှုဖြစ်တဲ့အတွက်အကူအညီခေါ်လို့သွားရောက်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ အချိန်အတော်ကြာအောင်စောင့်ကြည့်ပေမယ့်ဘာမှမထူးခြားတာကြောင့်တပ်ကြပ်ရှိန်းတယောက် အောက်ကိုဆင်းကြည့်တာမှစပြီးဲဂိုလ်ဆိုးဝင်တာပါပဲ။ Jubaလို့ခေါ်တဲ့အသံတိတ်သေနတ်သမားဆိုတဲ့အတိုင်းအမေရိကန်လက်ဖြောင့်သမားတွေထက်တောင် ကျွမ်းကျင်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ ရှိန်းတယောက်အပစ်ခံရပြီးနောက်အိုက်ဇက်လည်းနောက်ကလိုက်ကူဖို့ဆင်းသွားပါတယ်။ ဒါပေမယ့်သူလည်းအပစ်ခံလိုက်ရပြီးနှစ်ယောက်သားရန်သူလက်ဖြောင့်သမားရဲ့ထိန်းချုပ်မှုအောက်မှာရောက်သွားပါတယ်။ ဇာတ်လမ်းလေးကိုတော့အဲလိုလေးကျောရိုးတည်ထားပါတယ်။ ဇာတ်ကွက်ထက် စကားပြောခန်းကပိုပြီအခရာကျတဲ့အတွက်ဇာတ်ကားကိုကြည့်ပါမှပိုပြီးအရသာရှိမယ်လို့ပြောချင်ပါတယ်။ ဒီကားထဲမှာပါတဲံJubaဆိုတဲ့အသုံးအနှုန်းဟာတကယ့်လက်တွေ့မှာလည်းအီရတ်စစ်မြေပြင်မှာအမေရိကန်စစ်သားများစွာရဲ့ အသက်ကိုခြွေယူနိုင်ခဲ့တဲ့အသံတိတ်သေနတ်သမားတယောက်ကိုသုံးနှုန်းတဲ့စကားဖြစ်ပါတယ်။ အပစ်အခတ်ကိုဦးစားပေးတာမဟုတ်လို့အကြမ်းပတမ်းတွေတွေ့ရမှာမဟုတ်ပါဘူး။ Ratingအနေနဲ့ကလည်း6.2ထိရထားပါတယ်ဗျာ။ (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung ပါ ) File Size : (700 MB) Quality : 720p Bluray Running Time : 1hr 28minutes Format : Mp4 Genre : Action, Drama, Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
The Wall (2017)
2017