Channel Myanmar

Aaron Cobham

The Return (2024) 6.4
The Return (2024)   The Return (2024)IMDb Rating (6.4) / Rotten Tomatoes (78%) ဂရိဒဏ္ဍာရီထဲကထရိုဂျန်စစ်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အီသာကာတိုင်းပြည်ရဲ့ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ရဲ့ စစ်ပွဲအပြီးအိမ်အပြန်ခရီးအကြောင်းရိုက်ကူးထားတဲ့ "The Return"ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ အင်္ဂလိပ်မင်းသားကြီး Ralph Fiennes နဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche တို့ပါဝင်သရုပ်ဆောင်ထားပြီး IMDB rating-6.4/10ရရှိထားပါတယ်။ထရိုဂျန်စစ်ပွဲကြီးအပြီး နှစ် (20) ကြာပြီးနောက် ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ဟာ သူ့ရဲ့အီသာကာတိုင်းပြည်ကိုပြန်လာခဲ့ပါတယ်။အဲ့ကိုရောက်တဲ့အခါ သူ့ရဲ့တိုင်းပြည်ကြီးက သူထွက်သွားတဲ့အချိန်ကလိုမဟုတ်ဘဲ အရာရာအဆိုးဘက်ကိုပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။အီသာကာကို ကျန်ရှိခဲ့တဲ့ဇနီးဖြစ်သူဘုရင်မကြီးပန်နယ်လိုဖီနဲ့သားတော်တို့ကဆက်လက်အုပ်ချုပ်နေပေမဲ့ ဘုရင်မရဲ့ဘေးမှာခင်ပွန်းမရှိတာကြောင့်ထိုနေရာကိုလိုချင်သူတွေအများအပြားဟာ မိုင်ထောင်ချီဝေးတဲ့နေရာတွေကပါလာပြီး ရွေးချယ်ခံရဖို့စောင့်စားလျက်ရှိပါတယ်။သစ္စာရှိပြီးခေါင်းမာသူဘုရင်မကြီးကတော့ သူမယောက်ျားကလွဲရင်ကျန်တဲ့လူကိုမရွေးချယ်ချင်တာကြောင့် အကြောင်းအမျိုးမျိုးပြအချိန်ဆွဲထားပါတယ်။ထိုလူတွေဟာ နောက်ပိုင်းမှာ သားတော်မင်းသားလေးရဲ့အသက်ကိုရန်ရှာလာပါတော့တယ်။နှစ် 20ကြာပြီးမှပြန်ရောက်လာတဲ့ အော်ဒီးဆီးယပ်စ်တစ်ယောက် သူ့ရဲ့ဇနီး/သားတော်နဲ့ တိုင်းပြည်တစ်ခုလုံးဒုက္ခတွေကြုံတွေ့နေရတာကိုပြန်လည်ကယ်တင်ဖို့ကြိုးစားရပါတော့ာတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(6.9 GB) / (2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC ...
movie

The Return (2024)

2024
4K HEVC
Tales of Babylon (2023) 5.9
Tales of Babylon (2023) Tales of Babylon (2023)2023 မှာထွက်ရှိထားပြီး ဆု​တွေအများကြီးရရှိထားတဲ့ Action, Thriller ကား​လေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်​ပေးပါ​ရ​စေ။~ ဇာတ်လမ်းအညွှန်း ~ကြေးစား​လူသတ်သမားလေး​ယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်​နေမှန်းမသိဘဲ မူးယစ်​ဆေး​ငွေ​ကြေးကိစ္စ​တွေနဲ့ ရှုပ်​​ထွေး​နေတဲ့ လန်ဒန်မှာ မစ်ရှင်​ဆောင်ရွက်​နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။လန်ဒန်ရဲ့မူးယစ်​ဂိုဏ်း​ခေါင်း​ဆောင် ​ဆေးဗားဒရာဂွန်ရဲ့ ​မြေးဖြစ်သူနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​အေးဂျင့် ​အိတ်စ်နဲ့ဝိုင် အဖွဲ့...တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်း​စေမှုနဲ့ ​မြေးနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​​ကြေးစားတစ်​ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ​သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်း စဗက်လားနားတို့ မစ်ရှင်​တစ်ခုတည်းကို လိုက်​နေမှန်းမသိ လုပ်​ဆောင်​နေရာက​နေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်​နေတာကို တစ်ဦးချင်းစီဘက်က​နေ ရိုက်ကူးပြထားတဲ့ဇာတ်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 925MB Quality - 1080p, 720p IMDb Rating ...
movie

Tales of Babylon (2023)

2023