Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aarav Kizar
Rajabheema (2025)
Raja Bheema (2025)အခုတစ်ခါ CM Bollywood ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ငယ်ဘဝအိန္ဒိယကားတွေကို အမှတ်ရသွားစေမယ့် တမီလ်ဆင်လိမ္မာကားလေးပဲ ဖြစ်ပါတယ်။ အခုခေတ်ပေါ်ကားဆိုတော့ ခေတ်နဲ့အညီ အက်ရှင်ဒရာမာညီမျှတဲ့ ဆင်လိမ္မာကားလေးလို့ပဲ ပြောရမှာပါပဲ….ရာဂျာဟာ မိခင်ကိုအရမ်းချစ်ပြီးတော့ မိခင်နဲ့အတူ ဆင်ရုပ်လေးတွေနဲ့ ဆင်ဇာတ်လမ်းလေးတွေနားထောင်ရင်း ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ပါ.. ကံဆိုးစွာနဲ့ပဲ သူ့မိခင်ဟာ သူကလေးဘဝမှာပဲ ရုတ်တရက်ဆုံးပါးသွားခဲ့ရပါတယ် …ရာဂျာတစ်ယောက် ကလေးဘဝနဲ့မလိုက်အောင် စိတ်ထိခိုက်မှုခံစားရပြီးတော့ တငူငူတငိုင်ငိုင်ဖြစ်နေချိန်မှာ သူ့ဘဝထဲကို ဘီမာလို့ခေါ်တဲ့ဆင်လေးတစ်ကောင်ဝင်ရောက်လာပါတယ်ရာဂျာနဲ့ဆင်လေး အတူတူကြီးပြင်းခဲ့ရာကစလို့ အရွယ်ရောက်လာတဲ့အခါမှာ ဘာပြသနာတွေနဲ့ရင်ဆိုင်ရမလဲ… တောရိုင်းတိရစ္ဆာန်တွေရဲ့ ရှားပါးပစ္စည်းတွေဖြစ်တဲ့ ဆင်စွယ် သားရေ အစရှိတာတွေရဲ့ မုဆိုးတွေအန္တရာယ်ကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.7 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Rajabheema (2025)
7.8
Vidaamuyarchi (2025)
VidaaMuyarchi 2025 ထာဝရအဆုံးထိIMDb 7.8/10အက်ရှင်နဲ့အချစ်၊ အလွမ်း နှစ်မျိုးလုံးကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာယယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ခရီးထွက်လာချိန် အားလပ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်လာတဲ့ အာဂျွန်ဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့ပါတယ်။ ခရီးမှာလည်း နှစ်ယောက်သားအတူလည်ပတ်ပျော်ရွှင်ခဲ့တဲ့အပြင် ဖုန်းနံပါတ်တွေပါလဲခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ စာတွေပို့ရင်း အဆက်အသွယ်မပြတ်ခဲ့ကြဘူးပေါ့။အတူရှိလာကြရင်း နှစ်လအကြာမှာ အာဂျွန်က လက်ထပ်ခွင့်တောင်းလို့ စေ့စပ်ခဲ့ကြပြီး သုံးနှစ်အကြာမှာသူတို့နှစ်ဦး ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အားလုံးက အားကျရတဲ့စုံတွဲအဖြစ် ပျော်ရွှင်စွာနေထိုင်လာခဲ့တာပါ။ ကာယယ် ကိုယ်ဝန်ဆောင်ချိန်မှာလည်း မွေးလာမယ့်ကလေးကို တွေးဆချစ်လို့ ပျော်နေခဲ့ကြပါတယ်။သူတို့ရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲ ရောက်လာတဲ့မုန်တိုင်းကတော့ ကာယယ် ကိုယ်ဝန်ပျက်ကျသွားခြင်းရယ်ပါ။ နောင်လည်း ကိုယ်ဝန်ဆောင်နိုင်ဖို့မသေချာတော့ကြောင်း ဆရာဝန်ကပြောလိုက်တဲ့အချိန်ကစလို့ သူတို့အိမ်ထောင်ရေးဟာ ဟိုကြောင့်ဒီကြောင့်နဲ့ အဖုအထစ်လေးတွေ စတင်လာခဲ့ပါပြီ။ကိုးနှစ်အကြာမှာတော့ ကာယယ်က သူ ကောင်လေးတစ်ယောက်တွေ့နေပြီဖြစ်ကြောင်း၊ အာဂျွန်ကလည်း သူတို့အိမ်ထောင်ရေးကို ပြင်ဆင်ဖို့ကြိုးစားနေတာသိပေမဲ့ သူကွာရှင်းလိုကြောင်း၊ မိဘအိမ်ပြန်နေမယ့်အကြောင်း ဖွင့်ဟပြောပြလာပါတော့တယ်။ အာဂျွန်က သူ့ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုလို့ သူ့မိဘအိမ်ပြန်တဲ့လမ်းခရီးကို သူတို့ရဲ့နောက်ဆုံးခရီးစဉ်လို့သတ်မှတ်ပြီး အတူသွားကြရအောင်ဆိုပြီး သူလိုက်ပို့လေရဲ့။လမ်းမှာသူတို့ကားကိုလိုက်နှောင့်ယှက်တဲ့ အမူးသမားလူငယ်အုပ်စုနဲ့တွေ့လာရချိန်မှာတော့......၁၂ နှစ်ကြာ အတူရှိခဲ့တဲ့ သူတို့ရဲ့ချစ်ခရီးလမ်းဟာ ဒီလိုပဲအဆုံးသတ်သွားရမှာလား၊ လမ်းကလူတွေက သူတို့ကိုဘာလို့ နှောင့်ယှက်ရတာလဲ၊ သူတို့နှစ်ဦးကြားတကယ်ပဲဘာတွေဖြစ်တာလဲဆိုတာ ကြည့်ရှုအဖြေရှာကြည့်ကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ...
movie
Vidaamuyarchi (2025)
4K HEVC
Maruthi Nagar Police Station(2023)
Maruthi Nagar Police Station (2023)ဒီတစ်ခေါက်မှာတော့ပြောင်မြောက်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်ဆောင်ထားတဲ့ တမီးလ်ကားကောင်းလေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ်ငယ်စဥ်ကတည်းကခင်မင်လာကြတဲ့ သူငယ်ချင်းငါးယောက်ဟာ ကြီးပြင်းလာသည်တိုင်အောင်အလုပ်အကိုင်တွေမတူသော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်နေကြတဲ့ ရေစက်လေးဖြစ်ပါတယ် တစ်နေ့မှာတော့ဂျေးတစ်ယောက် အလုပ်ကနေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမတော်တဆမျက်မြင်တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့သော်လည်း ရဲကပါတရားခံတွေနဲ့ အလိုတူအလိုပါဖြစ်နေတဲ့အခါ ဂျေးတစ်ယောက်ချောင်ပိတ်မိပါတော့တယ်အဲ့နေ့ကတည်းကစပြီး ဂျေးဟာလည်းပျောက်ခြင်းမလှ ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်းလေးယောက်ကလည်း ဂျေးနောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံတော်ဖွင့်ကြပါတော့တယ် ဒီလိုနဲ့သူတို့လေးယောက်တကယ်ပဲ ဂျေးကိုရှာတွေ့ပါ့မလား အကောင်ကြီးတွေနဲ့ပတ်သက်နေတဲ့ မတရားမှုကိုရောအဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်လျှောက်လှည့်ကွက်ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါစစ်မှန်တဲ့သူငယ်ချင်းဆက်ဆံရေးတိုင်းမှာ ချစ်ခြင်းမေတ္တာတွေ အနှောင်အဖွဲ့တွေ ပေးဆပ်မှုတွေအများကြီးပါဝင်နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ဒီကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အပြောင်းတွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့ရေစက်လေးကိုပါ ကြည်နူးစွာမြင်တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL / ...
movie
Maruthi Nagar Police Station(2023)
2023