Channel Myanmar

Aadhira Pandilakshmi

Niram Marum Ulagil (2025) 5.9
Niram Marum Ulagil (2025) Niram Marum Ulagil (2025) "ကာလာစုံလောကကြီး" IMDb - 5.9/10လူသားတွေဟာ သူတို့ကိုယ်သူတို့ သက်ရှိတွေထဲမှာ အမွန်မြတ်ဆုံး အသိဉာဏ်အရှိဆုံးသတ္တဝါတွေအဖြစ်သတ်မှတ်လေ့ရှိကြတယ်။ဘယ်လောက်မွန်မြတ်ပါတယ် အသိဉာဏ်ရှိတယ်ဆိုပါစေ အယုတ်ညံ့ဆုံးလို့သတ်မှတ်ကြတဲ့ တချို့တိရစ္ဆာန်တွေလောက်တောင်လောကကို ကောင်းကျိုးမပေးတဲ့လူသားတွေကလည်း ဒုနဲ့ဒေး။အခုတင်ဆက်ပေးလိုက်တဲ့ တမီးလ်ရုပ်ရှင်ကတော့ မိဘမေတ္တာကိုအဓိက ဖော်ကျူးထားတဲ့ရုပ်ရှင်။မိန်းကလေးတစ်ယောက် သူ့မွေးနေ့ပွဲမှာ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်လို့ အမေဖြစ်သူကို တစ်နှစ်ပတ်လုံး စကားမပြောတော့တဲ့အထိနေပြီး နောက်တစ်ကြိမ် မွေးနေ့ရောက်ချိန်မှာတော့ အမေဖြစ်သူရဲ့မျက်နှာကိုတောင် မမြင်ချင်ဘူးဆိုပြီး သူငယ်ချင်းဖြစ်သူဆီ ရထားစီးလိုက်ပါခဲ့ပါတယ်။ဒီမှာပဲ မီးရထားတွဲစောင့်ကြီးအဖြစ် ပါဝင်ထားတဲ့ ယိုဂီဘာဘူကြီးက အဲဒီမိန်းကလေးဖုန်းပြောနေတာကို ကြားမိရာကစလို့ ရထားပေါ်မှာ သူကြုံတွေ့ကြားမြင်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို ပြောပြတာပေါ့။ယိုဂီဘာဘူပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွေမှာ လိုက်ပါစီးမျောလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.1 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Niram Marum Ulagil (2025)

Raghu Thatha (2024) 7.1
Raghu Thatha (2024) Raghu Thatha (2024) "အရိုင်းပန်းပုံပြင်" ===============================နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့...။ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.35 GB / 1.04 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Raghu Thatha (2024)

Kaaduvetty(2024) 6
Kaaduvetty(2024) Kaaduvetty 2024 (ဘောလိဝုဒ် ရိုမီရိုနဲ့ဂျူးလိယက်) IMDb - 6.1/10နာမည်ကျော် ရှိတ်စပီးယားပြဇာတ် ရိုမီယိုနဲ့ဂျူးလိယက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အားလုံးသိကြ နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောလိဝုဒ်ဗားရှင်း ရိုမီရိုနဲ့ဂျူးလိယက်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းမှာ ရိုးရာအကသဘင်ပညာရှင်တစ်ဦး၏ သမီးဖြစ်သူ ဒက်ရှာရီနီနဲ့ ဇာတ်နိမ့်မျိုးနွယ်မှာ ပေါက်ဖွားကြီးပြင်းတဲ့ အခီလန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။အခီလန်ဟာ ဒက်ရှာရီနီကိုချစ်မိသွားပြီး သူမရဲ့အချစ်ကိုမရရအောင် ကြိုးစားယူခဲ့အပြီးမှာ နောက်ပိုင်းသူတို့ ချစ်သူ၂ဦး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။ဘောလိဝုဒ် အချစ်ဇာတ်လမ်းတွေ အလွမ်းအဆွေးကားတွေကို အားလပ်ချိန်မှာ ကြည့်ရှူမယ့် ပရိတ်သတ်တို့အတွက် အချိန်ပေးရတာတန်မယ့်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kaaduvetty(2024)

2024
Rebel (2024) 7.6
Rebel (2024) Rebel (2024) တမီလ်နာမည်ကျော်တေးရေးဆရာတဖြစ်လဲ အဆိုတော်၊ သရုပ်ဆောင်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ဂျေဗွီပရာတ်ကတ်ရှ်ကူးမားရဲ့ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၀ဝန်းကျင်က မူနာမှာ ကောလိပ်ကျောင်းတက်နေတဲ့ တော်လှန်ကျောင်းသားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ အိန္ဒိယပြည်ဟာ ဘာသာစကားပေါ်မူတည်ပြီး ပြည်နယ်တွေပိုင်းခြားခံခဲ့ရတယ်။ အင်္ဂလိပ်တွေအုပ်စိုးစဉ်ကာလမှာ တမီလ်လူမျိုးတွေက အမြတ်ကြီးထုတ်ဂုတ်သွေးစုပ်ကြတဲ့ ကုမ္ပဏီတွေရဲ့လက်ဖက်စိုက်ခင်းတွေမှာ မငတ်ရုံတမယ်စားသောက်ဖို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရတယ်။ဒီလို ပင်ပန်းဆင်းရဲကြီးစွာနဲ့ လုပ်ကိုင်ရတဲ့လူမျိုးတွေက လူငယ်တွေမှာလည်း ကောလိပ်ဆက်တက်ဖို့လျောက်ရင် တစ်နှစ်မှ နှစ်ယောက် သုံးယောက်ပဲ တက်ခွင့်ရကြတယ်။ တက်ခွင့်ရလို့တက်တဲ့အခါမှာလည်း လူမျိုးစွဲ ဝါဒစွဲတွေနဲ့နှိမ်ချဆက်ဆံခံကြတာကို မခံနိုင်တဲ့ဆုံးမှာ ပြန်လည်တွန်းလှန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အကြောင်းကို တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 2.54GB  / 1.15GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Rebel (2024)

2024